ဝါရင့်သရုပ်ဆောင်မင်းသားချော ရဲတိုက်နဲ့အတူMTV ရိုက်ကူးနေတဲ့ အဆိုတော် ချယ်ရီသင်း

ဝါရင့်သရုပ်ဆောင်မင်းသားချော ရဲတိုက်နဲ့အတူMTV ရိုက်ကူးနေတဲ့ အဆိုတော် ချယ်ရီသင်း

“ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်”ဆိုတဲ့သီချင်းလေးနဲ့ ပရိသတ်တွေကြားမှာရေပန်းစားအောင်မြင်လာခဲ့တဲ့ အဆိုတော်ချယ်ရီသင်းကိုတော့ပရိသတ်ကြီးလည်း ရင်းနှီးပြီးသားဖြစ်လောက်မယ်ထင်ပါတယ်။ သူမဟာမကြာသေးခင်ကလည်း အပျိုကြီးဆိုတဲ့သီချင်းအသစ်လေးတစ်ပုဒ်ကိုထွက်ရှိအောင်မြင်ထားခဲ့ပါတယ်။

အဲဒီသီချင်းလေးကလည်း မထွက်ခင်ကတည်းကလူငယ်တွေကြားမှာ tik tok ဗီဒီယိုလေးတွေကိုရိုက်ကူးပြီးအောင်မြင်နေခဲ့ပါတယ်။ လက်ရှိမှာလည်းချယ်ရီသင်းက ပရိသတ်ကြီးအတွက် အသဲကွဲသီချင်းလေးတစ်ပုဒ်ကို ပရိသတ်တွေရှေ့ချပြနိုင်အောင် ကြိုးစားနေတယ်လို့သိရပါတယ်။ အဆိုပါသီချင်း Music Videoလေးကိုတော့ ဝါရင့်သရုပ်ဆောင်မင်းသားချောရဲတိုက်နဲ့အတူရိုက်ကူးနေခဲ့တာပဲဖြစ်ပါတယ်။

အဲဒီအကြောင်းကိုတော့ ချယ်ရီသင်းက ရိုက်ကွင်းနောက်ကွယ်ကအမှတ်တရပုံရိပ်လေးတွေနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “အသဲကွဲသီချင်းမျှော်နေတဲ့ ပရိတ်သတ်ကြီးအတွက်ကိုရဲတိုက်နဲ့မကြာမှီ” ဆိုပြီးရေးသားမျှဝေပေးထားခဲ့ပါတယ်။ ချယ်ရီသင်းရဲ့အသဲကွဲသီချင်းလေး ရိုက်ကွင်းနောက်ကွယ်ကပုံရိပ်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:Cherry Thin