Followers တစ်သန်းပြည့်သွားအောင် အားပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ မိုးဟေကို

Followers တစ်သန်းပြည့်သွားအောင် အားပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ မိုးဟေကို

ဆွဲဆောင်မှုရှိပြီး မဟာဆန်တဲ့အလှတရားတွေကို ပိုင်ဆိုင်ထားသူမိုးဟေကိုကတော့ နှစ်ပေါင်းများစွာတိုင်အောင် ပရိသတ်အချစ်ကိုသိမ်းပိုက်ထားနိုင်တဲ့မင်းသမီးတစ်လက်ပါလွန်ခဲ့တဲ့နှစ်ပိုင်းကတော့ မိခင်ဖြစ်သူရဲ့ကျန်းမာရေးအခြေအနေကြောင့် အနု ပညာအလုပ်တွေရပ်နားကာ ပရိသတ်ရှေ့ကပျောက်ခဲ့ပေမယ့် အခုဆိုရင်တော့ အနုပညာလှုပ်ရှားမှုတွေတနေ့တာအ ကြောင်းအရာလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေပေးလျက်ရှိပါတယ်

မိုးဟေကို ရဲ့ Page လေးကတော့ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်အောက်တိုဘာလက စတင်ဖွင့်ထားခဲ့တာဖြစ်ပြီး အခုအောက် တိုဘာလမှာတော့ (၂) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်ရှေ့ပိုင်းကာလတွေမှာ ပရိသတ်နဲ့ထိတွေ့ဆက်ဆံမှုနည်းခဲ့ပေမယ့် အားပေးကြမ်းလွန်းတဲ့ပရိသတ်တွေကြောင့်ဒီနေ့မှာ Followers တစ်သန်းပြည့်သွားတာမို့ အခုလိုအားပေးချစ်ခင်ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို မိုးဟေကိုကတော့ ကျေး ဇူးတင်စကားဆိုခဲ့ပါတယ်

မိုးကို ခဏခဏမမြင်ရပေမယ့် မိုးကိုချစ်တဲ့ရှင်တို့လေးတွေကတော့ စောင့်မျှော်နေကြတယ်..တစ်ခုခုတင်လိုက်ရင်လည်း အများကြီး အားပေးကြတဲ့အတွက် မိုးအနေနဲ့ အတိုင်းမသိဝမ်းသာကြည်နူးမိပါတယ် ကျေးဇူးလည်း အများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်ရှင် ဆိုပြီး ကျေးဇူးတင်စကားဆိုခဲ့ပါတယ်

ဒါ့အပြင်မိုးကတော့အခုလိုချစ်ပေးကြတဲ့ပရိသတ်ကြီး ခဏခဏမြင်ရအောင် ဓာတ်ပုံတွေ၊ဗွီဒီယိုတွေ အများကြီးတင်ပေးသွားနိုင်အောင် ကြိုးစားသွားမှာပါတဲ့ ပရိသတ်ကြီးရေချစ်ရတဲ့ပရိသတ်ကြီးကိုလည်း အခုလိုကာလမှာ စိတ်ဓာတ်တွေမကျဘဲ အ ကောင်းဆုံးဖြတ်ကျော်ကြဖို့ အားပေးစကားပြောကြားခဲ့ပါတယ်

poekaunglaynews