ပေးပို့သူနာမည်မပါတဲ့ နှင်းဆီပန်းအဖြူ အပွင့် (၁၀၀) ပါတဲ့ပန်းစည်းနဲ့ ချစ်လက်ဆောင်လေးရရှိခဲ့တဲ့ ယွန်းယွန်း

ပေးပို့သူနာမည်မပါတဲ့ နှင်းဆီပန်းအဖြူ အပွင့် (၁၀၀) ပါတဲ့ပန်းစည်းနဲ့ ချစ်လက်ဆောင်လေးရရှိခဲ့တဲ့ ယွန်းယွန်း

ချစ်လှစွာသောပရိတ်သတ်ကြီးရေပရိသတ်တွေငယ်စဉ်က တည်းကအားပေးချစ်ခင်ကြရတဲ့ ယွန်းယွန်းက အသက် (၂၁) နှစ်ကျော်အပျိုဖြန်းလေးတစ်ယောက်ဖြစ်လို့နေပြီ ဖြစ်ပါတယ်။။ အသက်အရွယ်တစ်ခုကိုရရှိလာပြီဖြစ်တဲ့ယွန်းယွန်းက ကျောင်းပညာတွေကိုလည်းသင်ယူနေရင်းတစ်ဖက်မှာလည်း အနုပညာလုပ်ငန်းတွေကိုလက်လှမ်းမှီသလောက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ကျောင်းပိတ်ရက်တွေရရှိထားချိန်မှာ ယွန်းယွန်းကအနုပညာအလုပ်တွေကိုအာရုံစိုက်ပြီး အချိန်ပေးလုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှလှသွေးကြွယ်လာခဲ့ပြီဖြစ်တဲ့ သရုပ်ဆောင်ယွန်းယွန်းကပရိသတ်တွေဆီကအမှတ်တရလက် ဆောင်တွေကိုရရှိသလိုသူမကိုချစ်တဲ့သူတွေဆီကလည်းလက် ဆောင်တွေကို မကြာခဏ ရရှိလေ့ရှိတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်းယွန်းယွန်းကနှင်းဆီပန်းအဖြူဆွတ်ဆွတ်အပွင့် (၁၀၀) နဲ့ တစ်စုံတစ်ယောက်သောသူဆီက ချစ်လက်ဆောင်လေးရရှိခဲ့ကြောင်းကိုသူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အခုလိုပဲ ပြသလာပါတယ်။

ယွန်းယွန်းကတော့“ From one of my blessings ” ဆိုပြီးရေးသားထားတာမို့ သူမကိုဘယ်သူကများ လက်ဆောင်ပေးလဲဆိုတာပရိသတ်တွေကသိချင်နေကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်းအချစ်ခံရသူလေးယွန်းယွန်းကို အားကျနေကြပြီထင်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source:Yoon Yoon’s fb