ချစ်သူကောင်မလေးနဲ့ ရိုက်ထားတဲ့ပုံလေးကို အကျီလုပ်ဝတ်ပြီး ဘယ်လောက်ထိချစ်ကြောင်း သက်သေ ပြလိုက်တဲ့ အိစိကွေး

ချစ်သူကောင်မလေးနဲ့ ရိုက်ထားတဲ့ပုံလေးကို အကျီလုပ်ဝတ်ပြီး ဘယ်လောက်ထိချစ်ကြောင်း သက်သေ ပြလိုက်တဲ့ အိစိကွေး

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ အိစိကွေးဟာ အခုဆိုရင် အသက်(၂၀)အရွယ်လူပျို ပေါက်လေးဖြစ်လို့နေပါပြီ။ အိစိကွေးဟာတက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးနောက်မှာတော့အနုပညာလုပ်ငန်းတွေကိုပိုမိုအချိန်ပေးလုပ်ကိုင်လာပြီး သူ့ရဲ့ကိုယ်ပိုင်သီချင်းတွေကိုလည်းပရိသတ်တွေဆီ ချပြနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေကတော့ အိစိကွေးကို ငယ်စဉ်ကတည်းကနေလက်ရှိ လူပျိုပေါက်အရွယ်အထိ အချစ်မလျော့ပဲ အရင်အတိုင်းအားပေး ချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။

ရင်ခုန်တတ်တဲ့အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်တဲ့ အိစိကွေးကအခုဆိုရင်သူချစ်ရတဲ့ချစ်သူမိန်းကလေးလည်းရှိနေပြီဖြစ်ပြီးသူ့ရဲ့အချစ်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေကိုတစွန်းတစချပြလေ့ရှိတာပဲဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်းအိစိကွေးကချစ်သူမိန်းကလေးနဲ့ အမှတ်တရရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို အကျလုပ်ဝတ်ပြီးဘယ်လောက်ထိ ချစ်တဲ့အကြောင်းကိုအခုလိုပဲ ပြသလာတာကိုတွေ့ရပါတယ်။

အိစိကွေးကတော့သူကလည်းမြတ်မြတ် နိုးနိုးချစ်သလိုသူ့ကိုလည်းဂရုတစိုက်နဲ့ အရမ်းချစ်တဲ့ချစ်သူမိန်းကလေးတစ်ယောက်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်းအချစ်ရေးနဲ့ပက်သတ်ပြီးပျော်မွေ့နေသူလေးအိစိကွေးကို အားကျနေကြမယ်ထင်ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Ei Si Kway’s fb

Credit– Cele Connections

Leave a Comment