ဝေဖန်မှုတွေရရှိပြီးနောက် “ချစ်ပန်းဝါဝါ” ရုပ်ရှင်ဇာတ်ကားကြီးမှာအရင်ကထက် အများကြီး ကြိုး စားနေတဲ့အကြောင်းပြောပြလာတဲ့ နေခြည်ဦး

ဝေဖန်မှုတွေရရှိပြီးနောက် “ချစ်ပန်းဝါဝါ” ရုပ်ရှင်ဇာတ်ကားကြီးမှာအရင်ကထက် အများကြီး ကြိုး စားနေတဲ့အကြောင်းပြောပြလာတဲ့ နေခြည်ဦး

မင်္ဂလာပါ ပရိသတ်ကြီးရေ ပရိသတ်တွေချစ်ကြတဲ့ Beauty Blogger မလေး နေခြည်ဦးကတော့ အခုဆိုရင် သူမရဲ့ ကြိုးစားမှုရလဒ်ကြောင့် နိုင်ငံကျော် မင်းသားကြီးတွေနဲ့ တွဲဖက်ပြီး သရုပ်ဆောင်နိုင်တဲ့အထိအောင်မြင်သူ မင်းသမီးလေးဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ နေခြည်ဦးက “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပွဲဦးထွက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ထိုဇာတ်ကားအတွက် ကြိုက် နှစ် သက်လက်ခံတဲ့ ပရိသတ်တွေရှိသလို အနုပညာလောကသားအချင်းချင်းကပါဝေဖန်မှုတွေကိုလည်း ပြင်းပြင်း ထန်ထန်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နေခြည်ဦးက သူမရဲ့ Beauty Blogger အလုပ်တွေကို ခဏတာရပ်နားပြီး ပြင်ဦးလွင်မြို့မှာ ရုပ်ရှင်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ “ချစ်ပန်းဝါဝါ” ရုပ်ရှင်ဇာတ် ကားကြီးမှာ သရုပ် ဆောင်နေတဲ့ နေခြည်ဦးက ဝေဖန်မှုတွေရရှိပြီးနောက် အရင်ကထက်အများကြီး ကြိုးစားနေတဲ့အ ကြောင်းကို “ဘဝမှာ တစ်ခါမှ ဒီလောက် အလုပ်မများဖူးဘူး။ 2021 treating me goood Chillies တွေကိုလည်း တင်မေမြက အရမ်းလွမ်းနေတာပါ။ ဇာတ်ကောင်က နေခြည့်အတွက် အရမ်းကြီးတော့ အခုရိုက်နေတဲ့ series ထဲကို အရမ်း စိတ်နှစ်ထားလို့ပါ။ chillies တွေအတွက် မျက်နှာမငယ်ရအောင် နှစ်ဆပိုကြိုးစားထားတယ် ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပြောလာပါတယ်။

နေခြည်ဦးကတော့ အောင်မြင်မှုတွေကို ထိပ်ဆုံးကနေ သိမ်းကြုံးရရှိနေသူတစ်ယောက်ပီပီ ဝေဖန်မှုတွေများစွာကိုလည်း မကြာခဏ ရရှိကာ အဲ့ဒီဝေဖန်မှုတွေကနေအားယူကာ ပြန်လည်ကြိုးစားပြတတ်သူလေးတစ်ယောက် ဖြစ်ပါတယ်။ နေခြည်ဦးတစ်ယောက် “ချစ်ပန်းဝါဝါ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံးချပြနိုင်မယ်ဆိုတာ chillies တွေက အပြည့်အဝ ယုံကြည်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source: Nay Chi Oo’s fb
Credit– Cele Connections

ျပင္းျပင္းထန္ထန္ ေဝဖန္မႈေတြရရွိၿပီးေနာက္ “ခ်စ္ပန္းဝါဝါ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာအရင္ကထက္ အမ်ားႀကီး ႀကိဳး စားေနတဲ့အေၾကာင္းေျပာျပလာတဲ့ ေနျခည္ဦး

မဂၤလာပါ ပရိသတ္ႀကီးေရ ပရိသတ္ေတြခ်စ္ၾကတဲ့ Beauty Blogger မေလး ေနျခည္ဦးကေတာ့ အခုဆိုရင္ သူမရဲ႕ ႀကိဳးစားမႈရလဒ္ေၾကာင့္ နိုင္ငံေက်ာ္ မင္းသားႀကီးေတြနဲ႕ တြဲဖက္ၿပီး သ႐ုပ္ ေဆာင္နိုင္တဲ့အထိေအာင္ျမင္သူ မင္း သမီးေလးျဖစ္လို႔ေနၿပီပဲ ျဖစ္ပါတယ္။ ေနျခည္ဦးက “ရန္သူ” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႕ ပြဲဦးထြက္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ထိုဇာတ္ကားအတြက္ ႀကိဳက္ ႏွစ္ သက္လက္ခံတဲ့ ပရိသတ္ေတြရွိသလို အႏုပညာေလာကသားအခ်င္းခ်င္းကပါ ေဝဖန္မႈေတြကိုလည္း ျပင္းျပင္းထန္ထန္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေနျခည္ဦးက သူမရဲ႕ Beauty Blogger အလုပ္ေတြကို ခဏတာရပ္နားၿပီး ျပင္ဦးလြင္ၿမိဳ႕မွာ ႐ုပ္ရွင္ရိုက္ကူးေနတာပဲ ျဖစ္ပါတယ္။

လက္ရွိမွာ “ခ်စ္ပန္းဝါဝါ” ႐ုပ္ရွင္ဇာတ္ ကားႀကီးမွာ သ႐ုပ္ေဆာင္ေနတဲ့ ေနျခည္ဦးက ေဝဖန္မႈေတြရရွိၿပီးေနာက္ အရင္ကထက္အမ်ားႀကီး ႀကိဳးစားေနတဲ့အ ေၾကာင္းကို “ဘဝမွာ တစ္ခါမွ ဒီေလာက္ အလုပ္မမ်ားဖူးဘူး။ 2021 treating me goood Chillies ေတြကိုလည္း တင္ေမျမက အရမ္းလြမ္းေနတာပါ။ ဇာတ္ေကာင္က ေနျခည့္အတြက္ အရမ္းႀကီးေတာ့ အခုရိုက္ေနတဲ့ series ထဲကို အရမ္း စိတ္ႏွစ္ထားလို႔ပါ။ chillies ေတြအတြက္ မ်က္ႏွာမငယ္ရေအာင္ ႏွစ္ဆပိုႀကိဳးစားထားတယ္ ” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကေနတဆင့္ ေျပာလာပါတယ္။

ေနျခည္ဦးကေတာ့ ေအာင္ျမင္မႈေတြကို ထိပ္ဆုံးကေန သိမ္းႀကဳံးရရွိေနသူတစ္ေယာက္ပီပီ ေဝဖန္မႈေတြမ်ားစြာကိုလည္း မၾကာခဏ ရရွိကာ အဲ့ဒီေဝဖန္မႈေတြကေနအားယူကာ ျပန္လည္ႀကိဳးစားျပတတ္သူေလးတစ္ေယာက္ ျဖစ္ပါတယ္။ ေနျခည္ဦးတစ္ေယာက္ “ခ်စ္ပန္းဝါဝါ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ အေကာင္းဆုံးခ်ျပနိုင္မယ္ဆိုတာ chillies ေတြက အျပည့္အဝ ယုံၾကည္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Nay Chi Oo’s fb
Credit– Cele Connections

Leave a Comment