ငယ်စဉ်အချိန်က အမှတ်တရပုံလေးတွေကို ထုတ်ပြလိုက်တဲ့ ယွန်းရွှေရည်

ငယ်စဉ်အချိန်က အမှတ်တရပုံလေးတွေကို ထုတ်ပြလိုက်တဲ့ ယွန်းရွှေရည်

ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုများစွာရရှိထားတဲ့ ယွန်းရွှေရည်ကတော့ ခုချိန်ထိ ပြည်သူချစ်အနှပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေဆဲပါ ။ မြန်မာဇာတ်ကားတိုင်းလိုလိုမှာ ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကို ရယ်မောစရာဇာတ်ရုပ်လေးတွေနဲ့ ပျော်ရွှင်စေခဲ့သူလေးပဲ ဖြစ်ပါတယ်။

ယွန်းရွှေရည်က ဗီဒီယိုဇာတ်ကားတွေအများအပြားရိုက်ကူးခဲ့သလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်ခဲ့တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးနေပြီးသားလည်းဖြစ်ပါတယ် ။ လက်ရှိမှာတော့ ယွန်းရွှေရည်က အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာ လုပ်ကိုင်နေတာဖြစ်ပြီး အခုဆိုရင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအနေနဲ့ Online Shopping လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။

သူရဲ့ လှုပ်ရှားမှုပုံလေးတွေကိုလည်း ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်ရအောင် အမြဲဖော်ပြလေ့ရှိရာ ပရိသတ်တွေကလည်း ယွန်းကိုချစ်ကြလို့ အမြဲစောင့်ကြည့်အားပေးနေတာပါနော်။ အခုလည်း ပရိသတ်တွေလုံးဝမြင်ရခဲတဲ့ ငယ်စဉ်က အမှတ်တရပုံလေးတွေကိုဖော်ပြထားတာဖြစ်ပါတယ်။ ပုံလေးထဲမှာ ငယ်ရုပ်မပျောက်သလို ချစ်စရာကောင်းနေတာအမှန်ပါပဲ။ cele zone ပရိသတ်ကြီးလည်း ယွန်းရဲ့ ငယ်စဉ်ကပုံလေးတွေကိုကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Yaun -cele Zone

Photo – ယွန်းရွှေရည်