အီတလီကိုရောက်ရောက်ချင်းမှာပဲ မီးဖွားဖို့အတွက်လိုလေ သေးမရှိအောင်ပြင်ဆင်ပေးတဲ့ယောက္ခမကြောင့် ပျော်ရွှင်နေတဲ့ ချမ်းချမ်း
အီတလီကိုရောက်ရောက်ချင်းမှာပဲ မီးဖွားဖို့အတွက်လိုလေ သေးမရှိအောင်ပြင်ဆင်ပေးတဲ့ယောက္ခမကြောင့် ပျော်ရွှင်နေတဲ့ ချမ်းချမ်း
Melody World သီချင်းဆိုပြိုင်ပွဲကနေ နိုင်ငံကျော်အဆိုတော် တစ်ယောက်ဖြစ်လာခဲ့သူ ချမ်းချမ်းကတော့ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့အသံကြည်ကြည်လေးကြောင့်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ချမ်းချမ်းကအခုဆိုရင် သူမရဲ့ ဒုတိယမြောက်သမီးလေးကို မွေးဖွားဖို့ ခင်ပွန်းဖြစ်သူရဲ့ဇာတိမြေအီတလီနိုင်ငံကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ချမ်းချမ်းကအီတလီကိုရောက်ရောက်ချင်းမှာပဲအစစအရာရာ လို လေသေးမရှိ ပြည့်စုံအောင် ဖြည့်ဆည်းပေးတဲ့ ယောက္ခမအကြောင်းကို အခုလိုပြောလာပါတယ်။
“အီတလီကိုချောမောစွာရောက်ပါပြီ။ နွေးထွေးစွာကြိုဆိုပေးလို့ကျေးဇူးတင်ပါတယ်။ တလမ်းလုးံtransit တေမှာပင်ပန်းသမျှအိမ်ရောက်တော့အမောပြေရတယ်။ယောက္ခမကညအိပ်ဝတ်အ နွေးထည်တွေ၊အစားအသောက်တွေ ပြင်ဆင်ထားပေးတယ်။ ညသန်းခေါင်12 နာရီထစားတဲ့ကျွန်မအတွက် ချက်ချင်းလုပ်ပေးရှာတယ်။ ရာသီဥတု က ညဆို-4ဒီဂရီ၊ မနက်ဆို -1ဒီဂီရီ။ မနက်စာကို ၆နာရီမှာ အကုန်ထချက်ထားတယ်။ အာဟာရစုံအောင်.မုံလာဥနီ၊ ပဲစိမ်းလုံး၊ ကြက်ရင်ပုံကြော်၊ ကြက် ဥကြော်၊ Sunkist သီးဖျော်ရည်နဲ့အချိုပွဲ…”
“မီးမီးလေးအတွက်မွေးဖွားပြီးရင် လိုအပ်မှာတွေကိုပြင်ဆင်ထားတာချစ်စရာ။ မမောနိုင်မပန်းနိုင်တတ်တင်းတွေထိုးထားရှာတယ်။အကျႋ၊ ဖိနပ်၊ ခေါင်းစွပ်၊ ဦးထုပ် ချစ်စရာလေးတွေ။ ကဲ..ပရိတ်သတ်ကြီးရေ.. ကျွန်မချောချောမောမောရောက်ရှိပါတယ်။ ပို့သတဲ့မေတ္တာတွေကြောင့် အစစအရာရာအဆင်ပြေပ ါတယ်။ အားလုံးကိုချစ်တယ်…”ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
ချမ်းချမ်းကတော့တိုင်းတစ်ပါးကိုရောက်ရောက်ချင်းမှာပဲခင်ပွန်းဖြစ်သူရဲ့ မိသား စုဝင်တွေနွေးထွေးစွာကြိုဆိုမှုကြောင့် ပီတိဖြစ်နေရတာပဲဖြစ်ပါတယ်။ ချမ်းချမ် းတစ်ယောက်သမီးငယ်လေးကို အောင်အောင်မြင်မြင်မွေးဖွားနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
Source: Chan Chan’s fb
Credit– Cele Connections
Source: Chan Chan’s fb