ဒီအထုပ်လေးတွေကိုတွေ့ရင် လွှင့်မပစ်ကြပါနဲ့

ဒီအထုပ်လေးတွေကိုတွေ့ရင် လွှင့်မပစ်ကြပါနဲ့

Silica Gel Packets ဆိုတာကတော့ ဖိနပ်၊သားရေအိတ်၊တစ်ချို့အစားအသောက်အထုပ်တွေထဲမှာတွေ့ရတဲ့အထုပ်သေးသေးလေးတွေပါ။အစားအသောက်တွေအထုပ်တွေမှာဆိုရင်အဲ့ဒီအထုပ်ငယ်လေးတွေကိုစားမိမှာစိုးလို့အန္တရာယ်ရှိကြောင်းပြောတဲ့အနေနဲ့ Do not Eat ဆိုတဲ့ စာ တန်းလေးတွေရေးထား ပေးတာကိုတွေ့ရပါတယ်။ဒီလိုမျိုး Product တွေမှာ Silica gel packets လေးတွေထည့်ထားရတဲ့ အကြောင်းအရင်းကတော့အဲ့ဒီအထုပ်လေးတွေကအစိုဓါတ်ကိုစုပ်ယူပေးနိုင်တာကြောင့်မှိုပေါက်ဖွားတာ၊ပျက်စီးတာတွေကိုကာကွယ်ပေးနိုင်ပါတယ်။

လျှပ်စစ်ပစ္စည်းတွေမှာဆိုရင်တော့ငွေရည်ဖွဲ့ပြီးချွေးတွေဖြစ်တာကိုကာကွယ်ပေးနိုင်ပါတယ်။လူအများစုကတော့ကိုယ်ဝယ်လိုက်တဲ့ပစ္စည်းတွေထဲမှာပါတဲ့ Silica Gel Packet လေးတွေကိုတွေ့ရင် လွှင့်ပစ်ကြတာများပါတယ်။တကယ်တော့သူတို့ကိုအသုံးပြုလို့ရတဲ့နေရာတွေရှိပါတယ်။ပစ္စည်းဝယ်လို့အထဲမှာ Silica gel pack ets လေးတွေကိုတွေ့ရင်လွှင့်မပစ်ပဲသိမ်းထားပြီးဒီနေရာတွေမှာ အသုံးပြုကြည့်ပါ။

(၁)ဖုန်းတွေ ရေကြောင့် ပျက်စီးတာကို ကာကွယ်ရာမှာ သုံးနိုင်

ဖုန်းတွေများမတော်တဆရေစိုသွားပြီဆိုရင်အဲ့ဒီအထုပ်လေးတွေကသင့်ဖုန်းမပျက်စီးသွားအောင်လုပ်ပေးနိုင််ပါတယ်။ရေထဲကိုကျသွားတဲ့ဖုန်းကိုပုံမှန်လုပ်နေကျအတိုင်းအထဲမှာပါတဲ့ SIM card တွေကိုထုတ်ပါ။ပြီးရင်တော့ Silica Gel Packet အထုပ်လေးတွေအများကြီးထည့်ထားတဲ့သေတ္တာငယ်လေး(သို့) ဗူး ငယ်လေးထဲမှာဖုန်းကိုထည့်ထားပေးလိုက်ပါ။ဒါဆိုရင်တော့ ရေစိုနေတဲ့ဖုန်းမှာရှိနေတဲ့ စိုထိုင်းစတွေကိုအဲ့ဒီအထုပ်ငယ်လေးတွေကစုပ်ယူပေးနိုင်ပါတယ်။

(၂)ဓါတ်ပုံတွေ သိမ်းတဲ့ အခါ မပျက်စီးအောင် ကာကွယ်ပေးနိုင်

ဓါတ်ပုံတွေကိုအယ်ဘမ်ထဲမှာထည့်သိမ်းရင်း ကြာလာတဲ့အခါဓါတ်ပုံတွေမှာဆေးသားတွေလွှင့်ပြယ်ပြီးပုံတွေပျက်စီးသွားတာမျိုးကြုံဖူးကြမှာပါ။နောက်တစ်ခုကဓါတ်ပုံတွေပေါ်မှာရေနဲ့ တခြားအရည်တစ်ခုခုများဖိတ်ကျသွားတယ်ဆိုရင်အရင်ဆုံးပြောင်အောင်သုတ်လိုက်ပါ။ပြီးရင်တော့ Silica Gel Packet အထုပ်လေးတွေကိုအယ်ဘမ်ထဲမှာအယ်ဘမ်စာရွက် တစ်ခုနဲ့တစ်ခုကြားညှပ်ထည့်ထားပေးပါ။ဒါဆိုရင်အစိုဓါတ်ကြောင့်ဓါတ်ပုံတွေပျက်စီးတာမျိုးမဖြစ်ရအောင်တစ်ခါ တည်း ကာကွယ်ပြီးသားဖြစ်သွားမှာပါ။

(၃)အိတ်တွေ၊ဖိနပ်တွေ ၊ကင်မရာ၊လက်ဝတ်ရတနာသိမ်းတဲ့ အခါမှာလည်း သုံးနိုင်

ဖိနပ်တွေ၊အိတ်တွေဝယ်တဲ့အခါ ပါလာတဲ့ Silica Gel Packet တွေကိုလွှင့်မပစ်သင့်ပါဘူး။ကိုယ်ကမသုံးဖြစ်တဲ့အခါမျိုးတွေမှာအဲ့ဒီအိတ်တွေ၊ဖိနပ်တွေကိုသိမ်းမယ်ဆိုရင် Silica Gel Packet တွေကိုပြန်သုံးရမှာပါ။တစ်ခါတလေမှာအိတ်တွေ ၊ ဖိနပ်တွေကိုဘူးထဲထည့်သိမ်းပေမယ့်အိတ်(သို့) ဖိနပ်အပေါ်မှာ မှိုလေးတွေတက်နေတာမျိုးကိုကြုံဖူးကြမှာပါ။ဒါဟာ Silica Gel Packet လေးတွေကိုထည့်ပြီးမသိမ်းလို့ဖြစ်ရတာပါ။လေထုရဲ့အစိုဓါတ်တွေကမှိုတွေစွဲစေတာပါ။ဒါကြောင့်အိတ်တွေ၊ ဖိနပ်တွေသိမ်းရင်ဘူးထဲမှာ Silica Gel Packet လေးတွေကိုပါ ထည့်သိမ်းပေးပါ။ကင်မရာပစ္စည်းတွေ သိမ်းတဲ့ အခါမှာလဲသုံးနိုင်ပါတယ်။လက်ဝတ်ရတနာဗူးလေးတွေထဲမှာ Silica Gel Packet ထုပ်လေးတွေကိုထည့်ပြီးရတနာပစ္စည်းတွေနဲ့အတူသိမ်းပေးရင်သင့်ရဲ့ရတနာပစ္စည်းတွေကို စိုထိုင်းမှုတွေ ကနေကင်းဝေးစေပြီး တောက်ပလှပနေစေမှာပါ။

(၄)အရေးကြီးတဲ့စာရွက်စာတမ်းတွေကို သိမ်းရင်လည်း အသုံးဝင်

အရေးကြီးတဲ့စာရွက်စာတမ်းတွေဥပမာ- အိမ်ထောင်စုဇယား၊မှတ်ပုံတင်၊ဘွဲ့လက်မှတ်အစရှိတာတွေကို သိမ်း မယ် ဆိုရင်လဲ ဒီအထုပ်လေးတွေကို သုံးလိုု့ရပါတယ်။ ကိုယ်ကစာရွက်စာတမ်းတွေကိုစာအိတ်ထဲမှာပဲထည့်သိမ်းမလား ၊အံဆွဲ၊ သေတ္တာငယ်၊ ဘူးငယ်လေးတွေထဲမှာပဲထည့်သိမ်းမလား..Silica Gel Packet လေးတွေကိုထည့်သိမး်ရင် ခြောက်သွေ့နေမှာဖြစ်ပြီး ပျက်စီးမှုတွေကိုကာကွယ်ပေးနိုင်ပါတယ်။

(၅)Gym သွားတဲ့ အိတ်ထဲမှာထည့်ထားနိုင်

Gym သွားတဲ့ အခါမှာ ဖိနပ်၊ Gym ဆော့တဲ့ အဝတ်အစားတွေကို သယ်တဲ့ အိတ်လေးထဲမှာ Silica Gel Packet အထုပ် လေးတွေကိုထည့်သယ်ပေးပါ။ Gym အိတ်ထဲမှာက ဖိနပ်၊ ခြေအိတ်၊ချွေးစိုနေတဲ့အဝတ်အစားတွေကိုထည့်ထားရတာဆိုတော့အနံ့အသက်တွေမကောင်းပဲဗက်တီးရီးယားတွေပေါက်ဖွားနေတတ်ပါတယ်။တကယ်လို့များ Silica Gel Packet အထုပ်လေးတွေကိုထည့်ပေးမယ်ဆိုရင်တော့အိတ်ရဲ့အနံ့အသက်ကိုလဲသက်သာစေသလိုဗက်တီးရီးယား ပေါက်ဖွားမှုတွေကိုလည်း လျော့ပါးသက်သာစေမှာပါ။ Locker ထဲမှာ ကိုယ့်ပစ္စည်းတွေ ထည့်ထားတတ်ဆိိုရင်လဲ Locker ထဲမှာ Silica Gel Packet လေးတွေကို ထည့်ထားပေးပါ။

(၆)အစားအသောက်တွေ တာရှည်ခံအောင်သုံးနိုင်

Silica gel အထုပ်လေးတွေကိုတော့ စားစရာတွေတာရှည်ခံချင်ရင်လဲ သုံးလို့ ရပါတယ်။ဖောက်ထားတဲ့ စားစရာတွေ ဥပမာ- အာလူးကြော်ဗူးတွေ၊ crackers တွေကို အထုပ်ဖောက်ပြီးမကုန်သေးတဲ့အခါမျိုးမှာပျော့ပြီး၊စားလို့မကောင်း တာမျိုးမဖြစ်ရအောင် ဗူးရဲ့ အဖုံးပေါ်မှာပုံမှာပြထားတဲ့အတိုင်း Silica Gel Packet ကိုတိပ်လေးနဲ့ကပ်ပြီးသိမ်းလို့ရပါတယ်။သတိပြုရမှာက စားစရာကိုသိမ်းတာဖြစ်တာကြောင့် Silica Gel Packet အထဲကအရာတွေစားစရာထဲ ကျမသွားအောင် Silicaထုပ်လေးတွေက ပေါက်ပြဲနေတာမျိုးမဖြစ်အောင်သေချာ စစ်ဆေးပေးဖို့ လိုပါတယ်။

(၇)တိရစ္ဆာန် အစားအစာတွေကို သိမ်းရာမှာလဲ သုံးနိုင်

တိရစ္ဆာန်အစားအစာတွေကိုဗူးထဲထည့်ပြီးဗူးရဲ့အတွင်းဘက် ဘေးနားလေးမှာ Silica ထုပ်လေးတွေကို ပုံထဲကအတိုင်း တိပ်လေးနဲ့ကပ်ပြီးသိမ်းထားပေးပါ။ အဲ့ဒါဆိုရင်တော့တိရစ္ဆာန်လေးတွေရဲ့အစားအစာတွေကိုလဲ ပျော့ကုန်တာ၊မကောင်းတော့တာမျိုး မဖြစ်အောင် ကာကွယ်ပြီးသားပါ။ သတိပြုရမှာက စားစရာကိုသိမ်းတာဖြစ်တာကြောင့် Silica Gel Packet အထဲက အရာတွေစားစရာထဲ ကျမသွားအောင် Silica ထုပ်လေးတွေကပေါက်ပြဲနေတာမျိုးမဖြစ်အောင် သေချာ စစ်ဆေးပေးဖို့ လိုပါတယ်။

(၈)အိမ်ကို သန့်စင်ပေးရာမှာ သုံးနိုင်

ဒီတစ်ခါကတော့ Silica Gel Packet အထုပ်လေးတွေကို ဖောက်ဖို့ လိုပါတယ်။အထုပ်လေးတွေကို ဖောက်ပြီး ခွက် သေးသေးလေးထဲမှာ ထည့်ပါ။ ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ ရနံ့အဆီ ကိုတစ်စက်နှစ်စက်လောက်ချပေး ပါ။ဒါဆိုရင်တော့သင့်ရဲ့နေအိမ်ကို အနံ့အသက်ကောင်းပြီးသန့်စင်သွားစေမှာပါ။ သတိ ပြုရမှာက Silica gel အစေ့လေးေတွကအသားအရေနဲ့ ဓါတ်မတည့်တာ၊ထိခိုက်တာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် အထုပ်ထဲကအရာလေးတွေကိုလက်နဲ့ မထိတာ အကောင်းဆုံးပါ။ခွက်လေးထဲမှာထည့်ထားရင် အဲ့ဒီခွက်ကို ကလေး၊တိရစ္ဆာန်လေးတွေ နဲ့ ဝေးဝေး မှာ ထားပေးပါ။

Source .littlethings၊makelifelovely