ကိုဗစ် ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေအတွက် အလှူငွေကျပ် (၁၀) သိန်းလှူဒါန်းခဲ့တဲ့ ထိပ်ထားသခင်

ကိုဗစ် ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေအတွက် အလှူငွေကျပ် (၁၀) သိန်းလှူဒါန်းခဲ့တဲ့ ထိပ်ထားသခင်

သရုပ်ဆောင် ဖွေးဖွေးနဲ့တူတယ်ဆိုပြီးတော့ နာမည်ကြီးလာခဲ့တဲ့ ကလေးလေး ထိပ်ထားသခင်ဟာအရွယ်လေးနဲ့မလိုက်အောင်ကိုချစ်စရာကောင်းပြီးစကားတတ်လွန်းလို့ပရိသတ်တွေရဲ့ အချစ်တွေကိုရရှိပိုင်ဆိုင်ခဲ့တာပါ။

ထိပ်ထားသခင်ဟာအခုဆိုရင် (၆) နှစ်ကျော်အရွယ်လေးသာရှိသေးပေမယ့်လည်းကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးတော့ ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်လို့လာတာပါ။

သူမရဲ့ပရိသတ်တွေကလည်းအရမ်းချစ်စရာကောင်းလွန်းသောထိပ်ထားသခင်ကိုကိုယ့်သမီးလေးလို၊ကိုယ့်တူမလေးလိုချစ်ပြီးအားပေးကြတာပါ။ယနေ့မှာလည်းထိပ်ထားသခင်ကသူမရဲ့ အနု ပညာကြေးတွေနဲ့ ဖေဖေ၊ မေမေရဲ့

ပိုက်ဆံတွေစုပြီးတော့အလှူလေးတစ်ခုပြုလုပ်ခဲ့ကြောင်း မျှဝေပေးလာပါတယ်နော်။ထိပ်ထားသခင်က Covid-19 ကာ ကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေအတွက်ထိပ်ထားတက်နိုင်သလောက်လေး အလှူငွေ (၁၀)သိန်းကျပ်တိတိကို

CB Bank မှတစ်ဆင့် သွားရောက်လှူဒါန်းခဲ့ပါတယ်ထိပ်ထားရဲ့အလှုတွေကိုသာဓုခေါ်ပေးကြပါဦးနော် ဆိုပြီးတော့ သူမရဲ့ ကုသိုလ်လေးကို မျှဝေပေးလာပါတယ်နော်။ထိပ်ထားလေးကတော့ လက်ရှိတစ်နိုင်ငံလုံးက

ပြည်သူတွေအတွက်ကိုလိုအပ်နေတဲ့ ကိုဗစ် ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေအတွက် အလှူငွေကျပ် (၁၀) သိန်းလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်နော်။

ပရိသတ်ကြီးကလဲ ထိပ်ထားသခင်လေးရဲ့ မွန်မြတ်လှတဲ့ကုသိုလ်လေးကို ဝမ်းမြောက်စွာသာဓုခေါ်ဆိုကြပါနော်။

Source;ထိပ်ထားသခင်

Leave a Comment