မွေးကတည်းက ကွဲကွာသွားတဲ့အဖေ့ကိုပြန်လည်းမတွေ့ချင်တော့သလို ရုပ်ရှင်လည်းမဆန်ချင်ဘူးလို့ပြောလာတဲ့ စည်သူဝင်း

မွေးကတည်းက ကွဲကွာသွားတဲ့အဖေ့ကိုပြန်လည်းမတွေ့ချင်တော့သလို ရုပ်ရှင်လည်းမဆန်ချင်ဘူးလို့ပြောလာတဲ့ စည်သူဝင်း

MRTV 4 ဇာတ်လမ်းတွဲတွေကနေတစ် ဆင့်ပရိသတ်အားပေးမှုရရှိထားတဲ့မင်းသားတစ်လက်ဖြစ်တဲ့စည်သူဝင်းကတော့ ငယ်ငယ်ကတည်းကကွဲကွာသွားတဲ့ အဖေကို ပြန်မတွေ့ချင်တော့ဘူး၊ ရုပ်ရှင်မဆန်ချင်ဘူးလို့အင်တာဗျူးတစ်ခုမှာဆိုထားပါတယ်။“ ကျွန်တော်က Broken family ဆိုတော့ အဖေကတော့မရှိဘူးအဖိုးနဲ့အဖွားကပြန်မွေးစားထားတဲ့သဘောပေါ့ မှတ်ပုံတင်ထဲကမိဘနာမည်ကတော့အဖိုးအဖွားနာမည်ပေါ့ အဖေအရင်းကတော့မရှိတော့ဘူးကွဲသွားတာကြာပြီကျွန်တော်မွေးပြီးကွဲသွားတာဆိုတော့ မမြင်ဖူးလိုက်ဘူး ”

“ကျွန်တော့်ဘဝမှာအမေရယ်ကျွေးမွေးပြုစုခဲ့တဲ့အဖိုးနဲ့အဖွားရယ်ကျွန်တော့်အစ်ကိုရယ် ဒီ၄ယောက်ပဲပေါ့နော် အဖေကတော့ရှိပါသေးတယ်တွေ့လည်းမတွေ့ချင်ပါဘူး ရုပ်ရှင်လည်းမဆန်ချင်ဘူး ကျွန်တော်က ၅တန်းနှစ်ကျမှ အဖိုးနဲ့အဖွားလို့သိတာအမေကိုအစ်မပဲသိထားတာငယ်ငယ်ကပေးမသိထားဘူး ”“ကျွန်တော့်အသက်၂၅ ရှိနေပြီမျက်နှာချင်းဆိုင်လည်းမတွေ့ဖူးဘူး နာမည်တောင်အရင်းမသိဘူး အဲ့ဒီတော့မတွေ့ချင်တော့ဘူး ကိုကြီးကလည်းမတွေ့ချင်တော့ဘူး ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ပြန်ရောက်ရောက်လောလောဆယ်ဖီလင်ကတော့မရှိဘူးပေါ့လောလောဆယ်တော့မိသားစုကောင်းကောင်းမွန်မွန်နေထိုင်ဖို့ပဲရှိပါတယ်”

“အဖိုးနဲ့အဖွားကတော့မေတ္တာကြီးပါတယ်ငယ်ငယ်ကတည်းကလိုအပ်တာမရှိအောင်ထားခဲ့တယ်အဲဒီ့အတွက်ကျေး ဇူးတင်တယ် အဲ့ဒီအတွက်မလိုချင်တော့တာလေ ဒီအတိုင်းလေးကကောင်းတယ် ” လို့ Sunday နဲ့အင်တာဗျူးမှာဆိုထားပါတယ်။ဝင်ငွေစီမံခန့်ခွဲတာနဲ့ပတ်သတ်ပြီး “ကြှန်တော်က ကပ်စေးနည်းတဲ့အထဲမပါဘူး အရမ်းကြီးသုံးတဲ့အထဲလည်းမပါဘူး အိမ်စရိတ် ၆သိန်းဖယ်ပြီးကျန်တာအမေတို့လိုတာဖြည့်ဆည်းပေးတယ်ပိုတာကေတာ့မိဘကကြှန်တော့်ဘာသာ စီမံခန့်ခွဲခွင့်ပေးတယ်အကျီဝယ်တာတို့ ဘာတို့အပြင်လှူတာဒါန်းတာလည်းအကြုံးဝင်သေးတယ်”

“ကိုကြီးကတော့ နိုင်ငံခြားမှာနေတာပေါ့ အနုပညာတော့ဝါသနာမပါဘူး ကျွန် တော်တို့မိသားစုကပြန်တည့်မတ်လာတာပဲရှိပါသေးတယ်ကြွယ်ဝချမ်းသာနေတာမဟုတ်ဘူးအလယ်အလတ်တန်းစား သာမန်မိသားစုပဲပေါ့ မိဘကိုပိုကြည့်ချင်တယ်လှူစေတန်းစေချင်တယ် ဖြစ်နိုင်ရင် အမေတို့ကိုကမ္ဘာတောင်ပတ်စေချင်တယ်ကိုယ်တွေကိုထားခဲ့တာထက်ပိုထားနိုင်ချင်တယ်ကျွန် တော် တို့နေခဲ့ရတာထက် ပိုမြင့်တဲ့ဘဝရောက်အောင် ညီ အစ်ကို၂ယောက်လုံးကြိုးစားနေတယ်”

“ကျွန်တော်တို့ကရုန်းကန်ရတဲ့မိသားစုထဲမှာပါတာကိုး မိဘတွေကလည်းသာမန်ပဲဆိုတော့လောလောဆယ်ညီအစ်ကို ၂ယောက် လုံးကြိုးစားနေကြတယ်အမေဆိုရင်ဘန်ကောက်ရောကဖူးတယ် စင်ကာပူတွေဘာတွေလည်းခေါ်သွားမယ်ပေါ့ တခြားခရီးတွေလည်းခေါ်သွားဖို့ရှိတယ် လူကြီးဆိုတော့ ကျန်းမာရေးကလည်းရှိသေးတယ်လေ မြန်မာနိုင်ငံအတွင်းတော့ခေါ်သွားဖြစ်တယ်”“အမေကတော့ Oversea တော့မတောင့်တဘူး မြန်မာနိုင်ငံအတွင်းဆိုရင်တော့အမေပါတယ် ကျွန်တော်မွေးထားတဲ့ခွေးလေးပါတယ်ပေါ့”လို့ဆိုထားပါတယ်။

စည်သူဝင်းကတော့ကျွန်တော် ကအရမ်းကြီးခံစားချက်မရှိဘူးဆိုပေမယ့် ကြီးလာတဲ့အခါ ငါတို့သားသမီး ငါတို့လိုမဖြစ်စေရဘူးလို့ဆုံးဖြတ်ထားတယ် ယောက်ျား ကောင်းတစ်ယောက်ပီသရမယ် တာဝန်ယူလိုစိတ်ပြည့်ဝရမယ်ကိုယ့်သားသမီးကို သူများနဲ့မကြီးပြင်းစေရဘူးပေါ့ ဒါကျွန်တော့်ဘဝနဲ့ရင်းပြီးရခဲ့တဲ့သင်ခန်းစာပေါ့ ကလေးကိုမိတကွဲဖတကွဲနဲ့မကြီး ပြင်းစေဘူး”“မသေချာရင် အိမ်ထောင်မပြုဘူး သေချာမှမိသားစုဘဝတည် ဆောက်မယ် သေတပန်သတ်တစ်ဆုံးကောင်းကောင်းနေသွားချင်တယ် ဒါကျွန်တော့်ဆန္ဒပဲ အရမ်းကြီးချမ်းသာဖို့ထက် မိသားစုဘဝလေးပြည့်စုံနေဖို့ပဲလိုတယ် ကိုယ့်လိုမဖြစ်အောင်ကြိုးစားသွားမယ်” လို့ သူ့ဆန္ဒကိုရင်ဖွင့်ခဲ့ပြီးဇာတ်လမ်းတွဲတွေကို စိပ်စိပ်လေးမရိုက်ပေးနိုင်တဲ့အတွက်လည်း ပရိသတ်ကိုတောင်းပန်ပါတယ်လို့ ဆိုခဲ့ပါသေးတယ်။

Credit ; Shwe Yaung Myanmar
Source – Sunday

Leave a Comment