ဟားခါးတွင် လူနေအိမ် ၃ လုံးမီးလောင်၍ တစ်ဦးသေဆုံး

ဟားခါးတွင် လူနေအိမ် ၃ လုံးမီးလောင်၍ တစ်ဦးသေဆုံး

ဟားခါးမြို့၊မြို့သစ်ရပ်ကွက်မှာ ဇန်န ဝါရီလ ၉ရက် ည ၁၁ နာရီကျော်အချိန်တွင် လူနေအိမ် ၃ လုံးမီးလောင်သွားပြီး အိမ်ငှားနေထိုင်သူတစ်ဦးသေဆုံးတယ်လို့ သတင်းရရှိပါတယ်။

မီးကိုမီးသတ်တပ်ဖွဲ့ နဲ့အရန်မီးသတ်တပ်ဖွဲ့ ၅၀ ကျော် ရေသယ်ယာဉ် ၈စီးတို့နဲ့မီးငြိမ်းရာ မနက် ၁၂ နာရီကျော်တွင် မီးငြိမ်းနိင်ခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းကတော့နေအိမ်အိပ်ခန်းအတွင်း Electronic Heater အပူလွန်ကဲပြီး စတင်လောင်ကျွမ်းခြင်းဖြစ်တယ်လို့ ဟားခါးခရိုင်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

သေဆုံးသူဟာ မီးစတင်လောင်ကျွမ်းတဲ့နေအိမ်က အိမ်ငှားဦးသန်းဝင်း(သ)၃၆ နှစ်ဖြစ်ပါတယ်။

Credit






Credit

Leave a Comment