ခရီးသည် ၅၀ ဦးလိုက်ပါလာတဲ့ ခရီးသည်လေယာဉ်တစ်စင်း ပင်လယ်ပြင်ထဲပျက်ကျ

ခရီးသည် ၅၀ ဦးလိုက်ပါလာတဲ့ ခရီးသည်လေယာဉ်တစ်စင်း ပင်လယ်ပြင်ထဲပျက်ကျ

ခရီးသည် ၅၀ လိုက်ပါလာတဲ့ ဘိုးအင်း ၇၃၇ ခရီးသည်လေယာဉ်တစ်စင်း အင်ဒိုနီးရှား ဂျာကာတာမြို့တော်ကနေ ထွက်ခွာသွားပြီးနောက် မကြာခင် ပေ ၁၀၀၀၀ ကျော်ကနေ ထိုးကျသွားတယ်လို့ သတင်းတွေက ဆိုပါတယ်။ အဆိုပါလေယာဉ်ဟာ ဂျာကာတာလေဆိပ်ကနေ ထွက်ခွာသွားပြီးနောက် ပင်လယ်ပြင်ထဲ ကျရောက်ပြီး ပျောက်ကွယ်သွားတယ်လို့ သိရပါတယ်။

Sriwijaya Air လေယာဉ်ဟာ ယနေ့ စနေနေ့က ဂျာကာတာမြို့တော်က ထွက်ခွာသွားပြီးနောက် လေယာဉ်ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ ဒေသခံသတင်းဌာနတွေက ဆိုပါတယ်။ အဆိုပါလေယာဉ်ဟာ ကာလီမန်တန်ပြည်နယ်အနောက်ပိုင်းရှိ ပွန်တီယာနက်ကို ထွက်ခွာလာတဲ့လေယာဉ်လို့ သိရပါတယ်။ဘိုးအင်း B737-500 လို့ယူဆရတဲ့ လေယာဉ်ဟာ လေဆိပ်ကထွက်ခွာပြီး လေးမိနစ်အကြာမှာပဲ ပေ ၁၀၀၀၀ အမြင့်ကနေ ပျက်ကျခဲ့တယ်လို့ ယူဆထားပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ မြို့တော်မြောက်ဘက်သမုဒ္ဒရာအတွင်း အပျက်အစီးတွေ ရှာတွေ့ခဲ့ကြပြီးနောက် ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေအတွက် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

Sriwijaya Air SJ182 ဘိုးအင်းလေယာဉ် ရေဒါက ပျောက်သွားပြီးနောက် ဂျာကာတာပင်လယ်အော်မှာ ကယ်ဆယ်ရေးသမားတွေ ပထမဆုံး အပျက်အစီးတွေ ရှာတွေ့ခဲ့ပါတယ်။ ဒီအပျက်အစီးတွေဟာ ဘိုးအင်း ၇၃၇ လေယာဉ်က ဖြစ်ကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ လေကြောင်းလိုင်းတာဝန်ရှိသူတွေက ဆိုပါတယ်။လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းနဲ့ပတ်သက်ပြီး လေကြောင်းလိုင်းကလည်း စုံစမ်းနေပါတယ်။

_ref:dailymail

Zawgyi

ခရီးသည္ ၅၀ ဦးလိုက္ပါလာတဲ့ ခရီးသည္ေလယာဥ္တစ္စင္း ပင္လယ္ျပင္ထဲပ်က္က်

ခရီးသည္ ၅၀ လိုက္ပါလာတဲ့ ဘိုးအင္း ၇၃၇ ခရီးသည္ေလယာဥ္တစ္စင္း အင္ဒိုနီး႐ွား ဂ်ာကာတာၿမိဳ႕ေတာ္ကေန ထြက္ခြာသြားၿပီးေနာက္ မၾကာခင္ ေပ ၁၀၀၀၀ ေက်ာ္ကေန ထိုးက်သြားတယ္လို႔ သတင္းေတြက ဆိုပါတယ္။ အဆိုပါေလယာဥ္ဟာ ဂ်ာကာတာေလဆိပ္ကေန ထြက္ခြာသြားၿပီးေနာက္ ပင္လယ္ျပင္ထဲ က်ေရာက္ၿပီး ေပ်ာက္ကြယ္သြားတယ္လို႔ သိရပါတယ္။

Sriwijaya Air ေလယာဥ္ဟာ ယေန႔ စေနေန႔က ဂ်ာကာတာၿမိဳ႕ေတာ္က ထြက္ခြာသြားၿပီးေနာက္ ေလယာဥ္ထိန္းခ်ဳပ္ေရးစခန္းနဲ႔ အဆက္အသြယ္ျပတ္ေတာက္သြားတယ္လို႔ ေဒသခံသတင္းဌာနေတြက ဆိုပါတယ္။ အဆိုပါေလယာဥ္ဟာ ကာလီမန္တန္ျပည္နယ္အေနာက္ပိုင္း႐ွိ ပြန္တီယာနက္ကို ထြက္ခြာလာတဲ့ေလယာဥ္လို႔ သိရပါတယ္။
ဘိုးအင္း B737-500 လို႔ယူဆရတဲ့ ေလယာဥ္ဟာ ေလဆိပ္ကထြက္ခြာၿပီး ေလးမိနစ္အၾကာမွာပဲ ေပ ၁၀၀၀၀ အျမင့္ကေန ပ်က္က်ခဲ့တယ္လို႔ ယူဆထားပါတယ္။

ကယ္ဆယ္ေရးသမားေတြဟာ ၿမိဳ႕ေတာ္ေျမာက္ဘက္သမုဒၵရာအတြင္း အပ်က္အစီးေတြ ႐ွာေတြ႕ခဲ့ၾကၿပီးေနာက္ ခရီးသည္ေတြနဲ႔ ေလယာဥ္ဝန္ထမ္းေတြအတြက္ စိုးရိမ္ေနၾကတယ္လို႔ သိရပါတယ္။
Sriwijaya Air SJ182 ဘိုးအင္းေလယာဥ္ ေရဒါက ေပ်ာက္သြားၿပီးေနာက္ ဂ်ာကာတာပင္လယ္ေအာ္မွာ ကယ္ဆယ္ေရးသမားေတြ ပထမဆုံး အပ်က္အစီးေတြ ႐ွာေတြ႕ခဲ့ပါတယ္။ ဒီအပ်က္အစီးေတြဟာ ဘိုးအင္း ၇၃၇ ေလယာဥ္က ျဖစ္ေၾကာင္း အတည္ျပဳႏိုင္ျခင္း မ႐ွိေသးဘူးလို႔ ေလေၾကာင္းလိုင္းတာဝန္႐ွိသူေတြက ဆိုပါတဘ္။

ေလယာဥ္ပ်က္က်ရျခင္းအေၾကာင္းရင္းနဲ႔ပတ္သက္ၿပီး ေလေၾကာင္းလိုင္းကလည္း စုံစမ္းေနပါတယ္။

_ref:dailymail

Leave a Comment