လှပလွန်းတဲ့ မင်္ဂလာအလှဓာတ်ပုံလေးတွေ ရိုက်ကူးခဲ့ကြတဲ့ ခင်ရတနာစိုးတို့ ဇနီးမောင်နှံ

လှပလွန်းတဲ့ မင်္ဂလာအလှဓာတ်ပုံလေးတွေ ရိုက်ကူးခဲ့ကြတဲ့ ခင်ရတနာစိုးတို့ ဇနီးမောင်နှံ

ပရိသတ်ကြီးရေ The Voice Myanmar ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ခင်ရတနာစိုးကတော့ ပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်ကတည်း ဖန်တွေအများကြီးရဲ့ အားပေးမှုနဲ့ အောင်မြင်လာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ ။ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ် ထောင်ပြုခဲ့ပြီး အခက်ခဲတွေ ရင်ဆိုင်ခဲ့ရပေမယ့်လည်းလက်တွဲမဖြုတ်ဘဲ သည်းခံပြီးချစ်ပေးခဲ့တဲ့ ခင်ပွန်းသည်ကတော့ သူမအတွက် တကယ့်ကို ပါရမီဖြည့်ဘက်ကောင်းတစ်ယောက်လို့ အင် တာဗျူးတွေမှာဖြေဆိုလေ့ရှိပါတယ် ။

လတ်တလောမှာတော့ ခင်ရတနာစိုးတို့ဇနီးမောင်နှံက KMA Wedding Photo Studio မှာရိုက်ကူးခဲ့တဲ့သူမတို့ရဲ့ Wedding ပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ခမ်းနားလှပတဲ့ မင်္ဂလာသတို့သားနဲ့သတို့သမီး ရဲ့ ပုံရိပ်လေးတွေကတော့ကျက်သရေရှိရှိနဲ့ အရမ်းကိုလိုက်ဖက်ညီလွန်းလို့ ပရိသတ်တွေက ချီးကျူးစကားတွေ မှတ်ချက်ရေးသားထားကြတာလည်းတွေ့ရပါတယ် ။

အနေအေးပြီးတည်ငြိမ်တဲ့အပြင် ခင်ခင်ကိုအရမ်းချစ်တဲ့ ခင်ပွန်းသည်ကို ပိုင်ဆိုင်ထားရတာက သူမအတွက် တော့ တကယ့်ကို ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုပါပရိသတ်ကြီးရေ .. ။ ခင်ခင်ကိုချစ်တဲ့ချစ်ပရိသတ်ကြီးအတွက်လည်း ခင်ခင်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော် ။

Source : Khin Yadanar Soe
Credit Maria (Yaung Chi)





Credit Maria (Yaung Chi)

Leave a Comment