နေပြည်တော်မှာရောက်နေတာကြာပြီး ယောင်ချာချာဖြစ်နေလို့ တွေ့ရင်ခေါ်ပါဦးလို့ ပရိသတ်တွေကို ပြောလာတဲ့ စိုးမြတ်နန္ဒာ

နေပြည်တော်မှာရောက်နေတာကြာပြီး ယောင်ချာချာဖြစ်နေလို့ တွေ့ရင်ခေါ်ပါဦးလို့ ပရိသတ်တွေကို ပြောလာတဲ့ စိုးမြတ်နန္ဒာ

ပရိသတ်ကြီးရေ တစ်ခတ်တစ်ခါက မော်ဒယ်လ်မင်းသမီးချောလေးတစ်ယောက်အဖြစ် ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ စိုးမြတ်နန္ဒာကတော့ အနုပညာခြေလှမ်းတွေ ကျဲသွားပေမယ့် ပရိသတ်တွေကချစ်ခင်အားပေးနေကြဆဲပါ ။ စိုးမြတ်နန္ဒာကတော့သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးနေကြပါ ။

လတ်တလောမှာတော့ နေပြည်တော် ရောက်တာ တလ ပြည့်ပြီဖြစ်တဲ့အတွက် ရက်တွေကြာလာတော့ ယောင်ချာချာဖြစ်နေပြီလို့ ဆိုပါတယ် ။ နေပြည်တော် လမ်းတွေလဲမှတ်မိလို့ ခုဆိုရင် ပျဉ်းမနားမြို့ဟောင်းကိုတောင်သွားလည်တတ်နေပါပြ သစ်တံခါးဆရာတော်ဘုရားရဲ့ တောင် ၅ တောင် မှာ မေတ္တာပို့အမျှဝေ တဲ့အဓိဌာန် လဲ ၂ကြိမ်ရှိပြီ နေပြည် တော်-ပျဉ်းမနား ဘုရားအစုံလဲ ဖူးပြီးပြီ ချစ်သူလမ်းကြား က အစားအသောက်တွေလဲ လျှောက်စားပြီးပြီ နေပြည်တော်မှာ မင်းသမီးဆိုင် လာဖွင့်ရင် ကောင်းမလားပဲ ဆိုတဲ့စာသားလေးနဲ့အတူ နေပြည် တော်မှာရောက်နေတာကြာပြီဖြစ်လို့ ယောင်ချာချာဖြစ်နေတဲ့အကြောင်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာသစ်ဆိုတဲ့လက်ဖက်ရည်ဆိုင်ကို သူမ မကြာခဏ သွားလေ့ရှိတာကြောင့် ပရိသတ်တွေကို တွေ့ရင်ခေါ်ပါဦးလို့ တောင်းဆိုထားပါသေးတယ် ။ ဒါဒါကိုချစ်တဲ့ နေပြည်တော်က ပရိသတ်တွေ ကမ္ဘာသစ်လက်ဖက်ရည်ဆိုင်မှာ ဒါဒါကိုတွေ့ရင် နှုတ်ဆက်ဖို့ မမေ့ကြနဲ့နော် ။

Source : Soe Myat Nandar

Credit Maria (Yaung Chi)





Source : Soe Myat Nandar

Credit Maria (Yaung Chi)

Leave a Comment