နောက်ဆုံးပေါ် PS5 ဂိမ်းစက်ကြီးကို ချစ်သူလေးရဲ့ မွေးနေ့အတွက်အမှတ်တရလက်ဆောင်ပေးခဲ့တဲ့ နန်းဆုရတီစိုး

နောက်ဆုံးပေါ် PS5 ဂိမ်းစက်ကြီးကို ချစ်သူလေးရဲ့ မွေးနေ့အတွက်အမှတ်တရလက်ဆောင်ပေးခဲ့တဲ့ နန်းဆုရတီစိုး

ကြွေရုပ်လေးတစ်ရုပ်လို နုနုရွရွလေးနဲ့ အရမ်းလှတဲ့ နန်းဆုရတီစိုးကတော့ ဆယ်စုနှစ်ကျော်တိုင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။

နန်းဆုရတီစိုးကတော့ ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုတွေကို အမြဲမပြတ်ပြုလုပ်သလို တစ်ဖက်မှာလည်း သူမရဲ့ အချစ်ရေးလေးကိုသာယာပျော်ရွှင်ဖွယ်ဖြစ်အောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ နန်းဆုရတီစိုးကတော့ သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ချပြလေ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ချစ်သူလေးဆီက ဂရုစိုက်ယုယမှုတွေကို ရရှိတဲ့ နန်းဆုရတီစိုးက ဒီကနေ့ ဇန်နဝါ ရီလ (၆) ရက်နေ့မှာ ကျရောက်တဲ့ ချစ်သူကောင်လေးအတွက် မွေးနေ့လက်ဆောင်လေးပေးပြီး အတူတူရှိနေခဲ့ပေးတာကို တွေ့ရပါတယ်။ နန်းဆုရတီစိုးက သူမရဲ့ချစ်သူကောင်လေးအတွက် နောက် ဆုံးပေါ် PlayStation 5 ဂိမ်းစက်ကြီးကိုဝယ်ပေးပြီး အမှတ်တရမွေးနေ့လက်ဆောင်ပေးဖြစ်တဲ့အကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

နန်းဆုရတီစိုးကတော့ ချစ်သူကောင်လေးအတွက်တကယ့်အမိုက်စားလက် ဆောင်ကြီးကိုလက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန်းဆုရတီစိုးအရမ်းချစ်တဲ့ ချစ်သူကောင်လေးကို အရမ်းသိချင်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Crediဆယ်လီကွန်နက်ရှင်







Leave a Comment