(၄၆) နှစ်ပြည့်မွေးနေ့မှာပြင်ဦးလွင်မြို့ရှိ မြေ(၁)ဧကကို သာသနာ့နယ်မြေအဖြစ် လှူဒါန်းခဲ့တဲ့ ကိုပေါက်

(၄၆) နှစ်ပြည့်မွေးနေ့မှာပြင်ဦးလွင်မြို့ရှိ မြေ(၁)ဧကကို သာသနာ့နယ်မြေအဖြစ် လှူဒါန်းခဲ့တဲ့ ကိုပေါက်

ပြည်သူချစ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကိုပေါက်ကတော့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ်ကနေ အနုပညာပညာရပ်တွေကို လေ့လာဆည်းပူးပြီး နိုင်ငံကျော်ဒါရိုက်တာတစ်ယောက် ဖြစ်လာသူပါ။အနုပညာမှာလည်းထူးချွန်သလိုစိတ်သဘောထားလည်းကောင်းမွန်တဲ့ကိုပေါက်က ပရိ သတ်တွေရဲ့ အားပေးမှုကို ရရှိထားသလို လူချစ်လူခင်ပေါများသူတစ်ယောက်ဆိုလည်း မမှားပါဘူး။မနေ့က ဇန်နဝါရီလ (၅) ရက်နေ့က ကိုပေါက်ရဲ့ မွေးနေ့လေးဖြစ်ပြီး ကိုပေါက်က သူ့ရဲ့ မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ကြောင်းအခုလိုပဲ ပြောပြလာပါတယ်။
“၄၆ နှစ်ပြည့် မွေးနေ့အလှူ ကျေးဇူးရှင်မိဘနှစ်ပါးကို ဦးထိပ်တင်လျှက် ဘုရား တရား သံဃာ နဲ့ ခင်ပွန်းကြီး ၁၀ ပါးကိုရိုသေစွာကန်တော့ပါတယ်။ အရင်နှစ်တွေက ဒီနေ့ဆိုရင် လမ်းထဲမှာ စတုဒီသာ ထမင်း/ဟင်း ကျွေးပြီးခဲ့ပြီပေါ့။ ကိုဗစ်ကြောင့် လူစုဝေးရမှာကြောက်လို့ လူနည်းနည်းနဲ့ အလှူလုပ်ဖြစ်ခဲ့ပါတယ်။ အမြန်လမ်း ၁၁၆မိုင် ၆ဖာလုံ ကမ္ဘာငြိမ်းအေးစေတီတစ်ထောင်ဆရာတော် စမဘုန်းဘုန်းကို ပြင်ဦးလွင် အောင်ချမ်းသာကျေးရွာအုပ်စု၊အင်သာကျေးရွာရှိ မြေ (၁)ဧက ကို စမဘုန်းဘုန်းသာသနာပြုရာတွင် လိုအပ်သလိုအသုံးပြုနိုင်ရန် ရည်ရွယ်၍ လှူဒါန်းခဲ့ပါသည်။”

“ယခုပြုရ သောဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတွက် နတ် လူ သာဓု ခေါ်စေသော်အားလုံး အမျှ အမျှ အမျှ ရကြပါစေ။ (အထူးသဖြင့် ချစ်ရတဲ့ဇနီး ၊ဘဝခရီဖော် ၊လက်တွဲဖော်၊လမ်းပြကြယ် ချစ်ဇနီးအသည်းလေးမမနီနီ ကိုအထူးကျေး ဇူးတင်ပါတယ်။သူသာမရှိရင် ကျွန်တော်အခုလိုအောင်မြင်လာဖို့မလွယ်ပါဘူး။အမြဲတမ်းသည်းခံနားလည်ပေးတဲ့အတွက်အရမ်းကျေးဇူ းတင်ရပါတယ်။နောက်ပြီး သူ့ရဲ့နောက်ကမိသားစု ဝင်များအားလုံးကျေးဇူးပါ။)မွေးနေ့ဆု တောင်းပေးကြတဲ့ တစ်ယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါသည်။စာပြန်မရေးနိုင်တာ ခွင့် လွှတ်ပါနော်” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ကိုပေါက်ကတော့ အသက်တစ်နှစ်ကြီးသွားတဲ့မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ကိုပေါက်တစ်ယောက် မွေးနေ့မှသည် အောင်မြင်မှုတွေများစွာရရှိပြီး ဒီထက်မက လှူနိုင်တန်းနိုင်သော လက်တစ်စုံကို ပိုင်ဆိုင်ခွင့်ရရှိပါစေနော်။ဖတ်ရှုပေးကြတဲ့Cele Connections ပရိ သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Aung Min Naing ‘s fb
Bilie – Cele Connections

(၄၆) ႏွစ္ျပည့္ေမြးေန႕မွာျပင္ဦးလြင္ၿမိဳ႕ရွိ ေျမ(၁)ဧကကို သာသနာ့နယ္ေျမအျဖစ္ လႉဒါန္းခဲ့တဲ့ ကိုေပါက္

ျပည္သူခ်စ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ကိုေပါက္ကေတာ့ ဇာတ္ပို႔သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ကေန အႏုပညာပညာရပ္ေတြကို ေလ့လာဆည္းပူးၿပီး နိုင္ငံေက်ာ္ဒါရိုက္တာတစ္ေယာက္ ျဖစ္လာသူပါ။အႏုပညာမွာလည္းထူးခြၽန္သလိုစိတ္သေဘာထားလည္းေကာင္းမြန္တဲ့ကိုေပါက္က ပရိ သတ္ေတြရဲ႕ အားေပးမႈကို ရရွိထားသလို လူခ်စ္လူခင္ေပါမ်ားသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။မေန႕က ဇန္နဝါရီလ(၅) ရက္ေန႕က ကိုေပါက္ရဲ႕ ေမြးေန႕ေလးျဖစ္ၿပီး ကိုေပါက္က သူ႕ရဲ႕ ေမြးေန႕မွာ ေကာင္းမႈကုသိုလ္ေတြျပဳလုပ္ခဲ့ေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။

“၄၆ ႏွစ္ျပည့္ ေမြးေန႕အလႉ ေက်းဇူးရွင္မိဘႏွစ္ပါးကို ဦးထိပ္တင္လွ်က္ ဘုရား တရား သံဃာ နဲ႕ ခင္ပြန္းႀကီး ၁၀ ပါးကိုရိုေသစြာကန္ေတာ့ပါတယ္။ အရင္ႏွစ္ေတြက ဒီေန႕ဆိုရင္ လမ္းထဲမွာ စတုဒီသာ ထမင္း/ဟင္း ေကြၽးၿပီးခဲ့ၿပီေပါ့။ ကိုဗစ္ေၾကာင့္ လူစုေဝးရမွာေၾကာက္လို႔ လူနည္းနည္းနဲ႕ အလႉလုပ္ျဖစ္ခဲ့ပါတယ္။ အျမန္လမ္း ၁၁၆မိုင္ ၆ဖာလုံ ကမာၻၿငိမ္းေအးေစတီတစ္ေထာင္ဆရာေတာ္ စမဘုန္းဘုန္းကို ျပင္ဦးလြင္ ေအာင္ခ်မ္းသာေက်း႐ြာအုပ္စု၊အင္သာေက်း႐ြာရွိ ေျမ (၁)ဧက ကို စမဘုန္းဘုန္းသာသနာျပဳရာတြင္ လိုအပ္သလိုအသုံးျပဳနိုင္ရန္ ရည္႐ြယ္၍ လႉဒါန္းခဲ့ပါသည္။”

“ယခုျပဳရ ေသာဒါန သီလ ဘာဝနာ ကုသိုလ္အစုစုတြက္ နတ္ လူ သာဓု ေခၚေစေသာ္အားလုံး အမွ် အမွ် အမွ် ရၾကပါေစ။ (အထူးသျဖင့္ ခ်စ္ရတဲ့ဇနီး ၊ဘဝခရီေဖာ္ ၊လက္တြဲေဖာ္၊လမ္းျပၾကယ္ ခ်စ္ဇနီးအသည္းေလးမမနီနီ ကိုအထူးေက်း ဇူးတင္ပါတယ္။ သူသာမရွိရင္ ကြၽန္ ေတာ္အခုလိုေအာင္ျမင္လာဖို႔မလြယ္ပါဘူး။ အၿမဲတမ္းသည္းခံနားလည္ ေပးတဲ့အတြက္ အရမ္ေက်းဇူးတင္ရပါတယ္။ေနာက္ၿပီး သူ႕ရဲ႕ေနာက္ကမိသားစု ဝင္မ်ားအားလုံးေက်းဇူးပါ။)ေမြးေန႕ဆု ေတာင္းေပးၾကတဲ့ တစ္ေယာက္ခ်င္းစီကိုအထူးေက်းဇူးတင္ပါသည္။ စာျပန္မေရးနိုင္တာ ခြင့္လႊတ္ပါေနာ္” ဆိုၿပီး သူ႕ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာလာပါတယ္။

ကိုေပါက္ကေတာ့ အသက္တစ္ႏွစ္ႀကီးသြားတဲ့ေမြးေန႕မွာ ေကာင္းမႈကုသိုလ္ေတြျပဳလုပ္ရင္း ျဖတ္သန္းခဲ့တာပဲ ျဖစ္ပါတယ္။ ကိုေပါက္တစ္ေယာက္ ေမြးေန႕မွသည္ ေအာင္ျမင္မႈေတြမ်ားစြာရရွိၿပီး ဒီထက္မက လႉနိုင္တန္းနိုင္ေသာ လက္တစ္စုံကို ပိုင္ဆိုင္ခြင့္ရရွိပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိ သတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Aung Min Naing ‘s fb
Bilie – Cele Connections

Leave a Comment