စက်ဘီးနဲ့ ဝမ်းစာရှာနေတဲ့ သူတွေအတွက် စိတ်ပူလို့ သတိပေးစကားပြောလိုက်တဲ့ အေးမြတ်သူ

စက်ဘီးနဲ့ ဝမ်းစာရှာနေတဲ့ သူတွေအတွက် စိတ်ပူလို့ သတိပေးစကားပြောလိုက်တဲ့ အေးမြတ်သူ

ပရိသတ်ကြီးရေ သရုပ်ဆောင် အေးမြတ်သူကတော့ ပရိသတ်တွေအတွက် မိသားစုဝင်တစ်ယောက်လို သဘောထားပြီး ကိုဗစ်ကာလမှာ အလုပ်အများဆုံးဖြစ်တဲ့ Delivery ပို့တဲ့သူတွေအတွက် သတိပေးစကားဆိုလာခဲ့ပါတယ် ။ အနှေးယာဉ်မောင်းပြီး စက်ဘီးနဲ့ ဝမ်းစားရှာနေတဲ့ သူတွေအတွက် ရောင်ပြန်လေးတွေကို တပ်ကြဖို့အတွက် ဦးစားပေးပြီး ပြောပြခဲ့တာဖြစ်ပါတယ် ။

နေ့ခင်းဘက်သွားတဲ့နေရာမှာတော့ ကားတွေက မြင်ရပေမယ့် ညဘက်ရောက်ရင်တော့ ကားမောင်းတဲ့သူတွေက လမ်းမပေါ်က စက်ဘီးတွေကို မမြင်ရတဲ့အတွက် ကိုယ့်ရဲ့ လုံခြုံမှုအတွက် back ကြည့်မှန် သို့မဟုတ် ရောင်ပြန်လေးတွေကို တပ်စေချင်တဲ့ အကြောင်း နဲ့ အသက်က အရေးကြီးတဲ့အတွက် ငွေကုန်ကြေးကျမများတဲ့ဟာလေးကို လိုက်လုပ်စေချင်တယ်လို့ စေတနာရှေ့ထားပြီး သတိပေးစကားဆိုခဲ့တာဖြစ်ပါတယ် ။ ဝမ်းစာအတွက် အလုပ်လုပ်နေရတာကို နားလည်ပေမယ့် ကိုယ့်ရဲ့အသက်အန္တရယ်ကိုလည်း ကာကွယ်ကြဖို့အတွက်တိုက်တွန်းစကားဆိုထားပါသေးတယ် ။

စက်ဘီးစီးပြီး ဝမ်းစာရှာတဲသူကိုလည်းစိတ်ပူတယ် ၊ အိမ်မှာနေရင်း မုန့်မှာစားတဲ့သူတွေကိုလည်းစိတ်ပူတယ် ၊ အားလုံးအားလုံးကိုစိတ်ပူတယ်ရှင့် ဆိုတဲ့စာသားလေးနဲ့အတူ သူမ ရဲ့ စေတနာ စကားတွေကို ဗီဒီယိုလေးနဲ့အတူ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အသိပေးမျှဝေပေးထားပါသေးတယ် ။ မမြတ်လေးကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း အသိပညာရစေဖို့ ဒီဗီဒီယိုလေးကို တဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Aye Myat Thu

Credit Emily (Cele Gabar)

Zawgyi

စက္ဘီးနဲ႔ ဝမ္းစာ႐ွာေနတဲ့ သူေတြအတြက္ စိတ္ပူလို႔ သတိေပးစကားေျပာလိုက္တဲ့ ေအးျမတ္သူ

ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ ေအးျမတ္သူကေတာ့ ပရိသတ္ေတြအတြက္ မိသားစုဝင္တစ္ေယာက္လို သေဘာထားၿပီး ကိုဗစ္ကာလမွာ အလုပ္အမ်ားဆုံးျဖစ္တဲ့ Delivery ပို႔တဲ့သူေတြအတြက္ သတိေပးစကားဆိုလာခဲ့ပါတယ္ ။ အေႏွးယာဥ္ေမာင္းၿပီး စက္ဘီးနဲ႔ ဝမ္းစား႐ွာေနတဲ့ သူေတြအတြက္ ေရာင္ျပန္ေလးေတြကို တပ္ၾကဖို႔အတြက္ ဦးစားေပးၿပီး ေျပာျပခဲ့တာျဖစ္ပါတယ္ ။

ေန႔ခင္းဘက္သြားတဲ့ေနရာမွာေတာ့ ကားေတြက ျမင္ရေပမယ့္ ညဘက္ေရာက္ရင္ေတာ့ ကားေမာင္းတဲ့သူေတြက လမ္းမေပၚက စက္ဘီးေတြကို မျမင္ရတဲ့အတြက္ ကိုယ့္ရဲ႕ လုံျခဳံမႈအတြက္ back ၾကည့္မွန္ သို႔မဟုတ္ ေရာင္ျပန္ေလးေတြကို တပ္ေစခ်င္တဲ့ အေၾကာင္း နဲ႔ အသက္က အေရးႀကီးတဲ့အတြက္ ေငြကုန္ေၾကးက်မမ်ားတဲ့ဟာေလးကို လိုက္လုပ္ေစခ်င္တယ္လို႔ ေစတနာေ႐ွ႕ထားၿပီး သတိေပးစကားဆိုခဲ့တာျဖစ္ပါတယ္ ။ ဝမ္းစာအတြက္ အလုပ္လုပ္ေနရတာကို နားလည္ေပမယ့္ ကိုယ့္ရဲ႕အသက္အႏၲရယ္ကိုလည္း ကာကြယ္ၾကဖို႔အတြက္တိုက္တြန္းစကားဆိုထားပါေသးတယ္ ။

စက္ဘီးစီးၿပီး ဝမ္းစာ႐ွာတဲသူကိုလည္းစိတ္ပူတယ္ ၊ အိမ္မွာေနရင္း မုန္႔မွာစားတဲ့သူေတြကိုလည္းစိတ္ပူတယ္ ၊ အားလုံးအားလုံးကိုစိတ္ပူတယ္႐ွင့္ ဆိုတဲ့စာသားေလးနဲ႔အတူ သူမ ရဲ႕ ေစတနာ စကားေတြကို ဗီဒီယိုေလးနဲ႔အတူ လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ပရိသတ္ေတြကို အသိေပးမွ်ေဝေပးထားပါေသးတယ္ ။ မျမတ္ေလးကိုခ်စ္တဲ့ ဆယ္လီကမ႓ာ ပရိသတ္ႀကီးလည္း အသိပညာရေစဖို႔ ဒီဗီဒီယိုေလးကို တဆင့္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source : Aye Myat Thu

Credit Emily (Cele Gabar)

Leave a Comment