“စုန်းစုတ်တယ်လို့ပြောကြတဲ့ အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်ရတဲ့ အကြောင်းအရင်းများ”

“စုန်းစုတ်တယ်လို့ပြောကြတဲ့ အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်ရတဲ့ အကြောင်းအရင်းများ”

တခါတလေဘာမှတိုက်မိခိုက်မိတာမရှိဘဲနဲ့ အရေပြားပေါ်မှာအညိုအမည်းကွက်တွေပေါ်လာရင်ဘာကြောင့်လဲ၊ ဘယ်လိုပျောက်အောင်လုပ်ရမလဲ စဉ်းစားရခက်နေတာမျိုးဖြစ်ရပါတယ်။ဒီလိုအညိုကွက်တွေဖြစ်ရတာအကြောင်းရင်းတချို့ကြောင့်ဖြစ်နိုင်ပြီးသင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့လည်းတိုက်ရိုက်ပတ်သက်နေပါတယ်။ဒီတော့အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်ရတဲ့အ ကြောင်းရင်းနဲ့သင့်ရဲ့ကျန်းမာရေးအ ခြေအနေကိုသိရဖို့ ဖတ်ကြည့်လိုက်ပါဦးနော်။

(၁) အလေးချိန်များတဲ့ပစ္စည်းတွေမခြင်းကြောင့်

တခါတရံ အရမ်းလေးတဲ့ပစ္စည်းတွေ မ,လိုက်တဲ့အခါမျိုးမှာခန္ဓာကိုယ်ထဲက ဆံချည်မျှင်သွေးကြောလေးတွေ ပြတ်သွားပြီးအရေပြားပေါ်မှာအညိုအမည်းကွက်တွေဖြစ်လာရခြင်းဖြစ်ပါတယ်။သင့်ခန္ဓာကိုယ်ကခံနိုင်တာထက်ပိုတဲ့ အလုပ်တွေလုပ်မိသွားပြီဆိုတဲ့အဓိပ္ပါယ်ဖြစ်တာကြောင့်နောက်ဆိုဒီလို လေးပင်တာတွေမ,တဲ့အခါဆင်ခြင်လိုက်ပါ။

(၂) ဆေးတစ်မျိုးမျိုးသောက်ခြင်းကြောင့်

သံဓာတ်အားဖြည့်ဆေး၊ အရောင်လျော့ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေသောက်ထားတာကြောင့်လည်း ဒီလို အညိုကွက်တွေဖြစ်တတ်ပါတယ်။ သင့်အနေနဲ့ ဆေးသောက်ထားတဲ့နေ့တွေမှာ အဲ့ဒီလို အညိုအမည်းကွက်တွေဖြစ်လာတယ်လို့ သတိထားမိတယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွင်းပိုင်းသွေးကြောတွေမှာ သွေးယိုစီးမှုတွေဖြစ်နေနိုင်တာကြောင့် ဆရာ၀န်နဲ့သေချာပြသပြီး စစ်ဆေးသင့်ပါတယ်။

(၃) သွေးရောဂါတစ်ခုခုကြောင့်

အရေပြားပေါ်ကအညိုအမည်းကွက်တွေဟာသွေးရောဂါတစ်ခုခုကြောင့်ဖြစ်တယ်ဆိုရင်အဲ့ဒီအညိုအမည်းကွက်တွေပေါ် လာတဲ့အချိန်မှာ ခြေထောက်ရောင်ရမ်းနာကျင်တာ၊ သွားဖုံးသွေးယိုတာ ၊ နှာခေါင်းသွေးထွက်တာနဲ့ အရေပြားအပေါ်လွှာမှာ သွေးကြောပြတ်ရာလေးတွေတွေ့နေရပြီဆိုရင်တော့သွေးကင်ဆာလိုရောဂါမျိုးကြောင့် ဖြစ်နေနိုင်တာမို့ ချက်ချင်းဆေးစစ်ဖို့လိုပါတယ်။

(၄) အာဟာရဓာတ်လိုအပ်နေခြင်းကြောင့်

ခန္ဓာကိုယ်ထဲမှာ ဗီတာမင်ဓာတ်တစ်မျိုးမျိုးချို့တဲ့နေတဲ့အချိန်မှာလည်း အရေ ပြားပေါ်မှာ အညိုအမည်းကွက်တွေဖြစ်လာတတ်ပါတယ်။ဗီတာမင်၊ အာဟာ ရဓာတ်ချို့တဲ့မှုကြောင့်ဖြစ်လာတဲ့ အညို အမည်းကွက်တွေကတော့ထိလိုက်ရင် နာကျင်မှုမရှိပါဘူး။ဒီအခြေအနေဆိုရင်တော့သင့်ခန္ဓာကိုယ်ထဲမှာ ဗီတာမင် B12 ၊ ဗီတာမင်ကေ နဲ့ ဗီတာမင် စီ အဓိကလိုအပ်နေတာပါ။

(၅) ဟော်မုန်းမညီမျှမှုကြောင့်

ခန္ဓာကိုယ်ထဲမှာဟော်မုန်းပမာဏမညီ မျှခြင်းကြောင့်လည်း အရေပြားပေါ်မှာ အညိုကွက်တွေဖြစ်နိုင်ပါတယ်။ အထူးသဖြင့်အမျိုးသမီးတွေမှာအီစထရိုဂျင်ဟော်မုန်းနည်းနေမယ်ဆိုရင်ဆံချည်မျှင်သွေးကြောလေးတွေကိုအားနည်းစေပြီး ပြတ်ထွက်တဲ့အထိဖြစ်စေနိုင်ပါတယ်။

(၆) အရေပြားတစ်သျှူးတွေအားနည်းခြင်းကြောင့်

အသက်ကြီးလာတဲ့အချိန်မှာ အရေပြားတစ်သျှူးတွေက အားနည်းလာပြီး ကျုံ့ဆန့်နိုင်စွမ်းလည်းနည်းလာပါတယ်။ အဲ့ဒီအခါအရေပြားအောက်မှာရှိတဲ့ သွေး ကြောလေးတွေလည်း အားနည်းလာပြီး ပြတ်လွယ်လာတာကြောင့် အဲ့ဒီနေရာတွေမှာ အညိုကွက်တွေဖြစ်လာပါတယ်။

(၇) ဆီးချိုရောဂါကြောင့်

အရေပြားပေါ်ကအညိုအမည်းကွက်တွေဟာ ဆီးချိုရောဂါရဲ့ရှေ့ပြေးလက္ခဏာဖြစ်နေနိုင်ပါတယ်။ သွေးထဲမှာ သကြားဓာတ်များနေတဲ့အခါ သွေးလှည့်ပတ်မှုကို ကမောက်ကမဖြစ်စေနိုင်ပြီး အရေပြားပေါ်မှာ အညိုအမည်းကွက်တွေလွယ်လွယ်ဖြစ်စေနိုင်ပါတယ်။ တခါတလေ ထိခိုက်မှုက မပြင်းထန်ပေမယ့် အညိုကွက်က အကြီးကြီးပေါ်နေတာမျိုး၊ အနာမကျက်လွယ်တာမျိုး၊ အရေပြားပေါ်မှာ အဖြူရောင်အကွက်လေးတွေဖြစ်တာမျိုးနဲ့ မျက်စိမှုန်တာတွေ တပြိုင်တည်းဖြစ်နေရင်တော့ ဆီးချိုရောဂါဖြစ်နိုင်ချေများနေတာကြောင့် ဆရာ၀န်နဲ့ပြသင့်ပါပြီ။

#CdVictoria