လေဆိပ် လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ လူနာ အမှတ် ၇၄၁( မ ၂၆ နှစ်)နှင့် ထိတွေ့ဆက်စပ်သူ ၁၅ဦးခန့်ကိုကွာရတင်းစင်တာသို့ ပို့ဆောင်

လေဆိပ် လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုဗစ်အတည်ပြုလူနာ အမှတ် ၇၄၁( မ ၂၆ နှစ်)နှင့် ထိတွေ့ဆက်စပ်သူ ၁၅ဦးခန့်ကိုကွာရတင်းစင်တာသို့ ပို့ဆောင်

Sunday, August 30, 2020
ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့(သြဂုတ်လ ၃၀ရက်) နံနက် ၈နာရီနာရီထုတ်ပြန်ချက်တွင် ပါဝင်လာသော မြောက်ဥက္ကလာပမြို့နယ်မှ ကိုဗစ်အတည်ပြုလူနာ အမှတ် ၇၄၁( မ ၂၆ နှစ်)သည် လေဆိပ် လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး ၎င်းနှင့် ထိတွေ့ဆက်စပ်သူ ၁၅ဦးခန့်ကို ယနေ့တွင် ကွာရတင်းစင်တာသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောသည်။

အဆိုပါ ကိုဗစ်လူနာသည် မြောက်ဥက္ကလာပမြို့နယ် ၊ ကျောက်ရေတွင်း ရပ်ကွက် ရွှေဘုန်းပွင့် ဘုရားအနီးတွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် ပြည်ပသို့ ခရီးသွားလာမှု ရာဇဝင်မရှိ ၊ ရောဂါပိုးရှိသူ နှင့် ဆက်စပ်မရှိဘဲ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့်လူနာတစ်ဦး ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Credit-Pyi Myanmar #မြောက်ဥက္ကလာ #လေဆိပ်လုံခြုံရေးဝန်ထမ်း

Zawgyi

Sunday, August 30, 2020
က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန၏ ယေန႔(ၾသဂုတ္လ ၃၀ရက္) နံနက္ ၈နာရီနာရီထုတ္ျပန္ခ်က္တြင္ ပါဝင္လာေသာ ေျမာက္ဥကၠလာပၿမိဳ႕နယ္မွ ကိုဗစ္အတည္ျပဳလူနာ အမွတ္ ၇၄၁( မ ၂၆ ႏွစ္)သည္ ေလဆိပ္ လုံၿခဳံေရးဝန္ထမ္းတစ္ဦးျဖစ္ၿပီး ၎ႏွင့္ ထိေတြ႕ဆက္စပ္သူ ၁၅ဦးခန႔္ကို ယေန႔တြင္ ကြာရတင္းစင္တာသို႔ ပို႔ေဆာင္ရန္ စီစဥ္ေနေၾကာင္း တိုင္းေဒသႀကီးလြတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္လြင္က ေျပာသည္။

အဆိုပါ ကိုဗစ္လူနာသည္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ၊ ေက်ာက္ေရတြင္း ရပ္ကြက္ ေ႐ႊဘုန္းပြင့္ ဘုရားအနီးတြင္ ေနထိုင္သူျဖစ္ၿပီး ၎သည္ ျပည္ပသို႔ ခရီးသြားလာမႈ ရာဇဝင္မရွိ ၊ ေရာဂါပိုးရွိသူ ႏွင့္ ဆက္စပ္မရွိဘဲ အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးမွ ေစာင့္ၾကည့္လူနာတစ္ဦး ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Credit-Pyi Myanmar #ေျမာက္ဥကၠလာ #ေလဆိပ္လုံၿခဳံေရးဝန္ထမ္