နဂါးမောက်သီး စားသုံးခြင်းရဲ့ကောင်း ကျိုး ၅ ခု

နဂါးမောက်သီး စားသုံးခြင်းရဲ့ကောင်း ကျိုး ၅ ခု

နဂါးမောက်သီးတွေဟာ အရင်တုန်းကတော့ တောင်အမေရိကမှာသာ စိုက်လို့ရတာမှန်ပေမယ့်အခုနောက်ပိုင်းမှာ တော့ အာရှနိုင်ငံတွေမှာပါစိုက်ပျိုးလို့ရနေတာကြောင့်ဈေးကွက်ထဲမှာ အလွယ် တကူ ဝယ်လို့ရတဲ့ အသီးအနှံတမျိုးပဲ ဖြစ်ပါတယ်။

အခုဖော်ပြပေးမှာကတော့ နဂါးမောက်သီးကြိုက်သူတွေအတွက်သတင်း ကောင်းတခုဖြစ်သလိုအခုမှ စစားမယ့်သူတွေလည်းသိထားသင့်တဲ့နဂါးမောက်သီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။

(၁) ကိုယ်အလေးချိန်ကို လျော့ကျစေတယ်

နဂါးမောက်သီးကို အစာမစားခင် စားပေးမယ်ဆိုရင်ကိုယ်အလေးချိန်ကိုလျှော့ချပေးနိုင်ပါတယ်။ နဂါးမောက်သီးမှာပါဝင်တဲ့ကယ်လ်ဆီယမ်နဲ့ဖော့စဖိတ်ဓာတ်တွေဟာ ခန္ဓာကိုယ်တွင်း ဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး

အစားအစာတွေမှာပါဝင်တဲ့ အဆီဓာတ်နဲ ကိုလက်စထရောတွေကိုလျှော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းလိုသူတွေနဲ့ အထူးပဲ သင့်တော်ပါတယ်။

(၂) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်

နဂါးမောက်သီးမှာပါဝင်တဲ့ဗီတာမင်စီဓာတ်ဟာ ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် ကိုယ်ခံအားကို မြင့်တက်စေပါတယ်။ ဒါကြောင့်မို့လို့ နာတာရှည်လူမမာတွေနဲ့ မကြာခဏ ဖျားနာတတ်သူတွေအနေနဲ့ နဂါးမောက်သီးကို စားသုံးပေးသင့်ပါတယ်။

(၃) အစာချေစနစ်ကို ကောင်းမွန်စေတယ်

ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် နဂါး မောက်သီးဟာ သဘာဝဆေးဝါးတမျိုးဖြစ်ပြီးအစာအိမ်တွင်းကအဆိပ် အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့်အစာအိမ်ကျန်းမာရေးပြဿနာရှိသူတွေ ပုံမှန်စားသုံးပေးသင့်တဲ့ အသီးတမျိုးဖြစ်ပါတယ်။

(၄) သွေးအားကောင်းစေတယ်

နဂါးမောက်သီးမှာသံဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် သွေးအား နည်းသူတွေနဲ့ ကိုယ်ဝန်ဆောင်သည်အတွက်အထူးပဲ သင့်တော်ပါတယ်။

(၅) ကျောက်ကပ်ကျန်းမာရေးကို ကောင်းမွန်စေတယ်

နဂါးမောက်သီးဟာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင်ဆီးလမ်းကြောင်းစနစ်ကို ကောင်း မွန်စေတာကြောင့်ကျောက်ကပ်ကျန်းမာရေးမကောင်းသူတွေနဲ့ ကျောက်ကပ်ရောဂါကာကွယ်လိုသူတွေအတွက်သင့်တော်ပါတယ်။

The Irrawaddy – Burmese Edition (HEALTH)