၁ နှစ် မှာ၁ကြိမ် သာ ပျော်ရွှင် ရတာမို့ လွတ်လပ် ခွင့်လေး ပေးပါ

၁ နှစ် မှာ၁ကြိမ် သာ ပျော်ရွှင် ရတာမို့ လွတ်လပ် ခွင့်လေး ပေးပါ

“ပုတက်လေး တွေကို မသတ်ကြပါနဲ့”

၁နှစ်မှာ၁ကြိမ်သာ ပျော်ရွှင်ရတာ မို့ လွတ်လပ် ခွင့်လေး ပေးပါ

မိုးဦးကျ တာနဲ့ ပျော်ခဲ့ရ ပေမဲ့ မင်းတို့ရဲ့ ချိုပေစွ ဟင်းချိုတစ်ခွက် အဖြစ် ငါတို့ရဲ့ အပျော်တွေ ကို စွန့်လွှတ်ခဲ့ရတယ်

ငါတို့ရဲ့ရင်ကိုခွဲ မီးကြီးခဲ ရဲရဲပေါ်မှာ ငါတို့တစ်တွေရဲ့ သွေးစက် တွေ ခြောက်ကပ်ခဲ့ရတယ်

မင်းတို့တွေ တုတ် လက်နက် အစုံနဲ့ လာရင် ငါ့တို့အသိုက်အမြုံစီ အပြေးအလွှား ဝင်ပြီး ပုန်းခိုခဲ့ရတယ်

လူဆိုတဲ့ မင်းတို့ဟာအသိဉာဏ်ရှိတော့ ငါတို့ရဲ့ပုန်းခိုကျင်းလေးဟာမကာကွယ်နိုင်ခဲ့ဘူးလေအပြေးအလွှား ဆော့ကစားချင်တဲ့ငါတို့မှာရန်ငြိုးမရှိပဲ အသက်အဖျက်ခံနေရတယ်

မင်းတို့ရဲ့ခြေသံတွေကြားရင်ငါတို့ တွေနှလုံးသားတွေကြောက်ရွံ့နေ ရရှာတယ်

မင်းတို့သတ်ကွင်းမလွှတ်မှန်းသိလျှက် ငါတို့တွေရုန်းကန်ပြေးလွှားခဲ့ရတယ်

ရရှိတဲ့ ဘဝလေးမှာ ငါတို့လဲ လွတ်လပ် ပျော်ရွှင်စွာ နေချင်တာပေါ့ အိုမိတ်ဆွေတို့ရယ်။

ဒီစာကိုဖတ်ပြီးအသိတရားရ၍မသတ်ဖြတ်ပဲရှောင်ရှားနိုင်ကြပါစေ။

{လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ}ပြန်လည်မျှဝေသည်

Crd, U Thaw Zin Phyo. မောင်ရေစကြို