Case 037 ဟာ အဆိုတော်မျိုးကြီး လို့ထွက်ပေါ်နေတဲ့ သတင်းများကို ပြန်လည်ဖြေရှင်းလိုက်တဲ့ မျိုးကြီးရဲ့ဇနီး

ပရိသတ်ကြီးရေ လက်ရှိမြန်မာနိုင်ငံမှာ Covid-19 ရောဂါပိုး ကူးစက်ခံထားရတဲ့ ရောဂါပိုး တွေ့ရှိသူအရေအတွက်ဟာ (၃၈)ယောက်အထိရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။ လတ်တလောမှာCovid-19 ရောဂါပိုးကူးစက်ခံထားရတဲ့ လူနာ(၃၈)ယောက်ထဲမှာမှ နံပါတ် (၃၇)လူနာဟာဆိုရင် ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်မျိုးကြီးပါဆိုတဲ့ သတင်းတွေထွက်ရှိနေခဲ့ပြီး ပရိသတ်တွေကတော့ အဆိုတော်မျိုးကြီးအတွက် စိတ်မကောင်းဖြစ်နေခဲ့ကြပါသေးတယ်။

သိုပေမဲ့လည်း နံပါတ် (၃၇)လူနာကတော့ ပရိသတ်တွေရဲ့ အချစ်တော်အဆိုတော်မျိုးကြီး မဟုတ်ကြောင်း မျိုးကြီးရဲ့ ဇနီးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ “Case-37 က ကိုမျိုးကြီး လုံးဝမဟုတ်ပါဘူးဆိုပြီး ပြောကြားလာခဲ့ပါတယ်။စိတ်ပူပေးကြတဲ့ ပရိသတ်တွေကိုလည်း စိတ်မပူကြဖို့နဲ့ အခုလို စိတ်ပူပေးတဲ့ အတွက် ကျေးဇူးတင်ရှိကြောင်းကိုလည်း မျိုးကြီးရဲ့ ဇနီးက ပြောထားပါသေးတယ်။

ရောဂါပိုးတွေ့ရှိတဲ့ နံပါတ်(၃၇)လူနာက မျိုးကြီးမဟုတ်ခဲ့ပေမဲ့ (၃၇)လူနာက အသိမိတ်ဆွေဖြစ်နေတဲ့ အတွက် လုံးဝစိတ်မကောင်းဖြစ်နေမိတယ်လို့လည်း ဆိုထားပါသေးတယ်။ ပရိသတ်ကြီးရေ ပရိသတ်တွေစိုးရမ်နေခဲ့သလို နံပါတ်(၃၇)လူနာက အဆိုတော်မျိုးကြီးမဟုတ်ပါဘူးတဲ့နော် သတင်းအမှားတစ်ခုသာဖြစ်ပါတယ်ပရိသတ်ကြီးရေ။

Credit ရင်ခတ်ပန်း

Zawgyi





Credit ရင်ခတ်ပန်း