ကျားဟော်မုန်းဆေးတွေ မှားသောက်မိတာကြောင့် ဒုက္ခရောက်ခဲ့ရတဲ့အကြောင်း ကိုပြောပြခဲ့တဲ့ ရှင်ယွန်းမြတ်

ကျားဟော်မုန်းဆေးတွေ မှားသောက်မိတာကြောင့် ဒုက္ခရောက်ခဲ့ရတဲ့အကြောင်း ကိုပြောပြခဲ့တဲ့ ရှင်ယွန်းမြတ်

ပရိတ်သတ်ကြီးရေမော်ဒယ်သရုပ်ဆောင် ရှင်ယွန်းမြတ်ကတော့ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်လေးနဲ့ မြင်သူတိုင်း ၂ ခါပြန်ကြည့်ရလောက်တဲ့အလှအပတွေကိုပိုင်ဆိုင်ထားတဲ့မင်းသမီးလေးပဲ ဖြစ်ပါတယ်။ဆွဲဆောင်မှုရှိတဲ့ပုံရိပ်လေးတွေကြောင့်ယောကျ်ားလေးပရိတ်သတ်အများအပြားရဲ့အားပေးချစ်ခင်မှုကိုရရှိထားသူလေးပါနော်။

သူမကတော ခန္ဓာကိုယ်လှပဖို့အတွက် gym ကစားတဲ့အခါအမောဒဏ်ခံနိုင်ဖို့ရာအတွက်ဆေးသောက်ရာမှမှားယွင်းခဲ့တာကြောင့်ဒုက္ခရောက်ခဲ့ရတဲ့အကြောင်းကိုအခုလိုပဲမီဒီယာများမှာဖြေကြားခဲ့ပါတယ်။ ”သောက်မိတဲ့ဆေးကကိုယ်အခုဆော့နေတဲ့ gym ကရောင်းခဲ့တာမဟုတ်ပါဘူး။လွန်ခဲ့တဲ့ ၆ လလောက်က ခင်မင်ရတဲ့ gym trainer အကိုတစ်ယောက်ကသူကိုယ်တိုင်ကလည်းပြိုင်ပွဲတွေဝင်ပြိုင်တတ်တဲ့သူပါ။သူကဆေးတွေလည်း ရောင်းပေးတယ်ပေါ့။သူ့ကိုgym နဲ့ပက်သက်တာဆို messanger ကနေမေးလေ့ရှိတယ်။အဲ့ဒါသူ့ကို gym ဆော့ရင်ဆော့အားေ ကောင်းအောင်ဆေးသောက်ချင်တာဆိုတော့သူကလည်းဆးတစ်ခုပေးတယ်။အဲ့ဆေးမှာအလုံး ၆၀ ပါတယ် gym မဆော့ခင်နာရီဝက်အလိုမှာအဲ့ဒီဆေးကိုသောက်ရတယ်။ ၁ သိန်းခွဲလား ပေးရတယ်။

စစချင်း အဲ့ဒီဆေးကိုသောက်တော့ ဆေးသောက်ပြီး၂ပတ်လောက်မှာ gym ကစားရင်ကစားအားပိုကောင်းတယ်။ တစ်နေ့ကို ၃ နာရီ ၄ နာရီကစားနိုင်တယ်။အဆီတွေကို ချေဖျက်နိုင်တာဆိုတော့ ကစားရင် ကစားသလိုခန္ဓာကိုယ်က သိသာလာတယ်။အဲ့ချိန်ကခန္ဓာကိုယ်ကတင်ဆိုလည်းတင်သက်သက် ခါးဆိုရင်လည်းသေးသေးလေးဖြစ်ပြီးလှလာတယ်။အဲ့ဆေးကို တစ်လနီးပါးသောက်ပြီးနောက်ဆေးဘူးကုန်သွားတဲ့အခါကျ ထပ်လည်း မဝယ်ဖြစ်တော့ဘူး။ဆေးဆက်မသောက်ဖြစ်တော့ဘူးပေါ့။

အဲ့ဆေးသောက်တာရပ်လိုက်ပြီးတစ်ပတ် ၁၀ ရက်လောက်ကြာတဲ့အခါ မိန်းကလေးကိစ္စလည်းဖြစ်တော့ gym ဆော့တာကို နားလိုက်တယ်။အဲ့ချိန်မှာစိတ်က ဂယောက်ဂယက်တွေဖြစ်တယ်။ စိတ် ဓာတ်အတက်အကျတွေဖြစ်တော့ မိန်း ကလေးကိစ္စဖြစ်တဲ့အချိန်မှာလည်း မိန်းကလေးတွေကအဲ့ဒါမျိုး ဖြစ်တတ်တော့ အဲ့ဒါကြောင့် ဖြစ်တယ်လို့ပဲကိုယ်က တွေးလိုက်တယ်။အဲ့နောက်မှာ ဘာဆက်ဖြစ်လဲဆိုတော့မျက်နှာတစ်ခြမ်းကယောင်ပြီးဖောင်းလာတယ်။လက်တွေ ခြေထောက်တွေကလည်းဖောပြီး ယောင်လာတယ်။ဆေးခန်းသွားပြတော့ဆရာဝန်ကလည်းထုံးစံအတိုင်း gym ကစားလို့ ကြွက်သားတွေယောင်တာထင်တယ်ပေါ့။မခံနိုင်ဘူးဆိုရင်ခဏ gym နားဆိုတာနဲ့ နားလိုက်တယ်။

လူတွေက stess များလာတဲ့အချိန်ဆို အလိုလို အချိုကို တောင့်တလာတတ်ကြတယ်။ gym နားလိုက်တဲ့အချိန်မှာ ဘာဖြစ်လာလည်းဆိုတော့ပုံမှန်ဆိုအချိုမကြိုက်တဲ့သူက အချိုတွေပဲ စားချင်နေတယ်။အဲ့ချိန်ကမလှိုင်လုံးတွေ စားတယ်။ နွားနို့ဆိုလည်းချိုနေတာပဲသောက်တယ်။အစကတော့မသိဘူးကိုယ်ကလည်း gym ပြန်ဆော့မှာပဲဆိုပြီးအချိုတွေပဲစားတယ် ။နောက်တော့ တစ်ကိုယ်လုံးနာတာတွေကိုမခံနိုင်တော့ စိတ်တွေကလည်း တက်လိုက် ကျလိုက်ဆိုတော့နားလည်တဲ့သူကိုဒီဆေးသောက်တယ်ဒီလိုတွေ ဖြစ်တယ်ဆိုပြီးမေးကြည့်တော့သူက အဲ့ဆေးကိုဖတ်ကြည့်လိုက်တဲ့အခါမှာအဲ့ဆေးက steroid တွေ ဖြစ်နေတယ်ပေါ့။ အဲ့ဒါ ပုံမှန်ထက်လည်း အမောက မခံနိုင်တဲ့အခါ တစ်လနားမယ်ဆိုပြီး gym နားလိုက်တယ်။

gym က သိတဲ့ trainer အမက ပြောတဲ့အခါကျမှ အဲ့ဆေးအကြောင်းကို သေချာသိတော့တယ်။အဲ့ဆေးက မိန်းကလေးတွေကိုပေးရတဲ့ဆေးမဟုတ်ဘူး။ ယော က်ျားလေးသောက်ရတဲ့ဆေးအားကစားလုပ်မယ့်သူတွေပြိုင်ပွဲဝင်မယ့်သူတွေ ပြိုင်ပွဲဝင်ခါနီးမှာထုတင်တဲ့ဆေး ဖြစ်နေတာ။အဲ့ဆေးက အဆီတွေကို မြန်မြန်ချေဖျက်တယ်။ ကစားရင်ကစားသလောက် ကြွက်သားတွေကြီးထွားစေတဲ့ဆေးဆိုတော့ယောကျ်ားလေး ဟော် မုန်းဖြစ်စေတဲ့ ဆေးပေါ့။

အဲ့ဆေးသောက်နေတုန်းက ကိုယ့်ကို နှုတ်ခမ်းမွှေးတွေ ပေါက်လာတာလားနဲ့ လာလာမေးကြတယ်။ ယောကျ်ားလေးတွေလိုတော့ ကြမ်းကြမ်းကြီးတွေ ထွက်လာတာ မဟုတ်ပေမဲ့ နှုတ်ခမ်းမွှေးလေးတွေပေါက်လာတာပေါ့။ကိုယ်ကဘယ်လောက် ဝဝ မျက်နှာလေးကသေးသေးလေးပဲ။အဲ့ဆေးသောက်တုန်းကဆို မျက်နှာကမေးနှစ်ထပ်နဲ့ ဖောင်းပြီး ယောင်လာတယ်။လက်တွေဆိုလည်း ယောင်လာတယ်။ဘယ်နေရာအဆိုးဆုံးလဲဆိုရင်တင်ပါးက ၄၃ ထိဖြစ်သွားတယ်။ကျန်းမာရေးက အခုချိန်ထိတော့ ကောင်းနေတာပဲ။ဒါပေမဲ့ အထဲမှာ ဘာတွေ ဖြစ်လဲဆိုတာတော့ကိုယ့်မျက်စိနဲ့ ကိုယ်မမြင်နိုင်ဘူးလေ။

သေချာတာတစ်ခုကအဲ့ဆေးတွေ သောက်တဲ့အချိန်မှာစိတ်ကပုံမှန် မဟုတ်ဘူး။ဆေးကကျားဟော်မုန်းဆေး ဖြစ်နေလို့လားမသိဘူးအဲ့ချိန်မှာ ရည်းစားမရှိတာကံကောင်းသွားတယ်။ရည်းစားလည်းမထားချင်ဘူး။ယောကျ်ားလေးတွေကိုစိတ်မဝင်စားပဲကောင်မလေးတွေကိုပဲစိတ်ဝင်စားလာတယ်အဲ့စိတ်ကတော့ သိသာတယ်။

ကိုယ်ကလှချင်တယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ပြီးမှ သောက်ပါကိုယ့်ဘာသာ မသောက်ပါနဲ့။ကိုယ့်ကို ဆေးရောင်းတဲ့သူကိုပြောချင်တာကသူကိုယ်တိုင်တောင် အဲ့ဒါကိုသိရဲ့လားမသိဘူး။ သူက professional တစ်ယောက်ဖြစ်လို့ သူ့ကို ယုံကြည်လိုက်မိတာ။နောက်ပြီးအဲ့လိုဖြစ်တာကကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။သူ့ကိုလည်း ဆင်ခြင်စေချင်တယ်။အဲ့လိုမှားပေးလိုက်တာက ရှင်ယွန်းတို့ဆို ခံနိုင်ရည်ရှိလို့လေ ခံနိုင်ရည်မရှိတဲ့သူဆို တစ်ခုခုတောင်ဖြစ်သွားနိုင်တယ်။ဆေးတွေက အရမ်းပြင်းတော့လေ။ ” ဆိုကာ သူမရဲ့ ဆေးမှားသောက်ခဲ့မိတဲ့အကြောင်းကို အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

Credit Sankyipar