သြဂုတ်လ ၁၀ ရက်မှစပြီး ရခိုင် ကနေ ရန်ကုန်ကို လေယာဉ်နဲ့လာသူ ၅၄၀၀ ကျော်သက်ဆိုင်ရာ ကို သတင်းပို့ရန် ပျက်ကွက်ပါက အရေးယူမည်

သြဂုတ်လ ၁၀ ရက်မှစပြီး ရခိုင် ကနေ ရန်ကုန်ကို လေယာဉ်နဲ့လာသူ ၅၄၀၀ ကျော်သက်ဆိုင်ရာ ကို သတင်းပို့ရန် ပျက်ကွက်ပါက အရေးယူမည်

သတင်းမပို့ပါကအရေးယူမှုတွေလုပ် ဆောင်သွားမှာပါ။ ဩဂုတ်လ (၁၀)ရက်နေ့က စပြီးရခိုင်ပြည်နယ်ကနေရန်ကုန်ကို လေကြောင်းလိုင်းကလိုက်ပါခဲ့သူများ သက်ဆိုင်ရာအဖွဲ့အစည်းဌာနတွေကို အကြောင်းကြားဖို့ကျန်းမာရေးဝန်ကြီး ဌာနက ဒီကနေ့ညမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။လက်ရှိကူးစက်ပျံ့နှံ့မှု မြန်ဆန်နေတဲ့ကိုဗစ်ပိုးကို အချိန်မီထိန်းချုပ်နိုင်ရန် အတွက်ရခိုင်ကပြန်လာသူများကို ကွာရန်တင်းထားရှိသွားမှာဖြစ်ပါတယ်။ ရခိုင်မှာဩဂုတ်လ (၁၆)ရက်နေ့က ပြည်တွင်းကူးစက်လူနာတစ်ဦး တွေ့ရှိခဲ့ပြီးနောက်ဆက်တိုက်ဆိုသလို ပြည်တွင်းကူးစက်လူနာတွေတွေ့ရှိလာခဲ့တာဖြစ်ပါတယ်။

လက်ရှိပြည်တွင်းကူးစက်လူနာတွေထဲမှာ ရခိုင်ပြည်နယ်က အများစု ပါဝင်နေတာကြောင့် ရခိုင်ကနေ ပြန်လာတဲ့သူအားလုံးကိုလည်းသက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်တွေအလိုက်အသွားအလာတွေကန့်သတ်ကာကွာရန်တင်းထားရှိနေတာဖြစ်ပါတယ်။ ဩဂုတ် လ(၁၀)ရက်နေ့စပြီး လေကြောင်းလိုင်းက တစ်ဆင့် ရခိုင်ကနေ တခြားတိုင်းနဲ့ပြည်နယ်တွေကိုလိုက်ပါလာတဲ့ခရီးသည် (၅၇၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ခရီးသည် (၅၇၀၀)ကျော်ထဲမှာ သြဂုတ်လ ၁၀ ရက်ကနေ ၂၁ ရက် အတွင်းရန်ကုန်ကိုလိုက်ပါလာတဲ့သူက ၅၄၀၀ ကျော်ရှိပြီးထိုလူများအနေနဲ့ နီးစပ်ရာကျန်းမာရေးဌာနဲ့ သက်ဆိုင် ရာအဖွဲ့အစည်းတွေထံ အမြန်ဆုံးသတင်းပို့ဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။လိုက်ပါလာတဲ့သူတွေအနေနဲ့ အချိန်မီစာရင်းပေးပို့မှရောဂါကူးစက်ပြန့်ပွါးမှုကို ထိန်းချုပ်နိုင်မှာဖြစ်ပြီးသတင်းပေးပို့ရန် ပျက်ကွက်တဲ့သူတွေက်ုလည်းသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူသွားမယ်လို့ ညွှန်ကြားချက်မှာပါရှိပါတယ်။

Credit Duwun