အောင်ဘာလေထီရုံး ဝန်ထမ်းတစ်ဦးတွင် ပိုးတွေ့၍ ၎င်းနှင့်ထိတွေ့သူဝန်ထမ်း ၂၀ ကျော်အား Quarantine ထားရှိ

အောင်ဘာလေထီရုံး ဝန်ထမ်းတစ်ဦးတွင် ပိုးတွေ့၍ ၎င်းနှင့်ထိတွေ့သူဝန်ထမ်း ၂၀ ကျော်အား Quarantine ထားရှိ

အောင်ဘာလေသိန်းဆု ဌာနခွဲ (ရန်ကုန်) မှဝန်ထမ်းတစ်ဦးတွင် -19 ရော ဂါပိုး တွေ့၍ယင်းနှင့်ထိတွေ့သူ ဝန်ထမ်း ၂၀ ကျော်အား Quarantine ထားရှိစောင့်ကြည့်နေကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူးဦးညီညီလှိုင်က ပြောသည်။

အောင်ဘာလေသိန်းဆုဌာန ခွဲ (ရန်ကုန်) ရုံး၏စတိုခန်းမှအငယ်တန်းစာရေးတစ်ဦးမှာ စစ်တွေမှလာရောက်သည့် သူငယ် ချင်းတစ်ဦးနှင့်ထိတွေ့ခဲ့ပြီး နောက် ကျန်းမာရေးစစ်ဆေးမှုခံ ယူခဲ့ရာမှ သြဂုတ် ၂၇ ရက်တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း၎င်းကဆို သည်။

ထို့ကြောင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့အကြောင်း ကြားကာ ၎င်းဝန်ထမ်းနှင့်အလုပ်အတူလုပ်သည့် ဝန် ထမ်းများအားသြဂုတ် ၂၈ ရက် တွင် Quarantine ထားရှိစောင့်ကြည့်နိုင်ရန် စီစဉ်ခြင်းဖြစ်သည်ဟုဦးညီညီလှိုင်ကဆိုသည်။

‘‘ကျွန်တော်တို့ကသိုလှောင် ရုံမှာရှိတဲ့သူအပါအဝင်၂၄ ယောက်ပေါ့။ ကျန်း မာရေးဦးစီးဌာနကိုတင်ပြပြီးတော့ Qua-rantine ထားရှိဆောင်ရွက်တော့ အခုလက်ရှိက Home Qua-rantine ဆိုပြီး ၁၃ ယောက်၊ Facility Quarantine ဆိုပြီး ၁၀ ယောက်စုစုပေါင်း ၂၄ ယောက် ပေါ့။ကျန်တဲ့ရုံးအဖွဲ့ကတော့ ရုံး လုပ်ငန်းဆက်လုပ်နေတယ်’’ဟု၎င်းကပြောသည်။

ထို့အပြင်ရုံးအတွင်းရှိဝန်ထမ်းအားလုံးကိုလည်းဓာတ်ခွဲနမူ နာရယူ၍ ကျန်းမာရေးစစ်ဆေးရန်အတွက် စီစဉ်နေသည်ဟု ဦးညီညီလှိုင်ကဆိုသည်။

‘‘မကြာခင်တစ်ရုံးလုံးတော့ စစ်မှာပါ။ တစ်ရုံးလုံးစစ်ဆေးလိုက်ရင် ရောဂါပိုးရှှိတဲ့သူဆက်ကုပေါ့။မရှိတဲ့သူဆက်လုပ်ပေါ့’’ ဟု၎င်းကပြောသည်။

အဆိုပါအောင်ဘာလေသိန်းဆုဌာန (ရန်ကုန်)ရုံးတွင်လစဉ်ထီဖွင့်ပွဲပြုလုပ်နေပြီး ထီ ဆုငွေများကိုထုတ်ပေးနေသည့်ရုံး လည်းဖြစ်သည်။ယခုကဲ့သို့ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် စက် တင်ဘာ ၁ ရက်တွင်ပြုလုပ်မည့်ထီဖွင့်ပွဲကို ရွှေ့ဆိုင်းရန်မရှိကြောင်းဦးညီညီလှိုင် ကပြောသည်။

‘‘ကျွန်တော်တို့ကအဓိကက တေ့ာပြည်သူတွေထီထိုးထားတာဖြစ်တဲ့အတွက် ကျွန် တော်တို့ကထီဆုငွေပြန်လည်ထုတ်ပေးရ မယ်လေ။အဲဒါကြောင့်မို့လို့မဖြစ် မနေ အောင်ဘာလေထီဖွင့်ပွဲကတော့ ဆောင် ရွက်ပေးမှာပါ’’ ဟု၎င်းကပြောသည်။ ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သည့်ရုံးဝန်ထမ်းများအားQuarantine ဝင်ရောက်နိုင်ရန်သာကျန်းမာရေးဌာနကခေါ် ဆောင်သွားပြီးယင်းရုံးကို Lock-down ချထားခြင်းမရှိကြောင်းကျောက်တံတားမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကဆိုသည်။

Credit 7 DAY NEWS

ေအာင္ဘာေလထီ႐ုံး ဝန္ထမ္းတစ္ဦးတြင္ ပိုးေတြ႕၍ ၎ႏွင့္ထိေတြ႕သူဝန္ထမ္း ၂၀ ေက်ာ္အား Quarantine ထားရွိ

ေအာင္ဘာေလသိန္းဆု ဌာနခြဲ (ရန္ကုန္) မွဝန္ထမ္းတစ္ဦးတြင္ -19 ေရာ ဂါပိုး ေတြ႕၍ယင္းႏွင့္ထိေတြ႕သူ ဝန္ထမ္း ၂၀ ေက်ာ္အား Quarantine ထားရွိေစာင့္ၾကည့္ေနေၾကာင္း အဆိုပါဌာနမွ ၫႊန္ၾကားေရးမႉးဦးညီညီလွိုင္က ေျပာသည္။

ေအာင္ဘာေလသိန္းဆုဌာန ခြဲ (ရန္ကုန္) ႐ုံး၏စတိုခန္းမွအငယ္တန္းစာေရးတစ္ဦးမွာ စစ္ေတြမွလာေရာက္သည့္ သူငယ္ ခ်င္းတစ္ဦးႏွင့္ထိေတြ႕ခဲ့ၿပီး ေနာက္ က်န္းမာေရးစစ္ေဆးမႈခံ ယူခဲ့ရာမွ ၾသဂုတ္ ၂၇ ရက္တြင္ COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့ ျခင္းျဖစ္ေၾကာင္း၎ကဆို သည္။

ထို႔ေၾကာင့္က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသို႔အေၾကာင္းၾကားကာ ၎ဝန္ထမ္းႏွင့္အလုပ္အတူလုပ္သည့္ ဝန္ ထမ္းမ်ားအားၾသဂုတ္ ၂၈ ရက္ တြင္ Quarantine ထားရွိေစာင့္ၾကည့္နိုင္ရန္ စီစဥ္ျခင္းျဖစ္သည္ဟုဦးညီညီလွိုင္ကဆိုသည္။

‘‘ကြၽန္ေတာ္တို႔ကသိုေလွာင္ ႐ုံမွာရွိတဲ့သူအပါအဝင္၂၄ ေယာက္ေပါ့။ က်န္း မာေရးဦးစီးဌာနကိုတင္ျပၿပီးေတာ့ Qua-rantine ထားရွိေဆာင္႐ြက္ေတာ့ အခုလက္ရွိက Home Qua-rantine ဆိုၿပီး ၁၃ ေယာက္၊ Facility Quarantine ဆိုၿပီး ၁၀ ေယာက္စုစုေပါင္း ၂၄ ေယာက္ ေပါ့။က်န္တဲ့႐ုံးအဖြဲ႕ကေတာ့ ႐ုံး လုပ္ငန္းဆက္လုပ္ေနတယ္’’ဟု၎ကေျပာသည္။

ထို႔အျပင္႐ုံးအတြင္းရွိဝန္ထမ္းအားလုံးကိုလည္းဓာတ္ခြဲနမူ နာရယူ၍ က်န္းမာေရးစစ္ေဆးရန္အတြက္ စီစဥ္ေနသည္ဟု ဦးညီညီလွိုင္ကဆိုသည္။

‘‘မၾကာခင္တစ္႐ုံးလုံးေတာ့ စစ္မွာပါ။ တစ္႐ုံးလုံးစစ္ေဆးလိုက္ရင္ ေရာဂါပိုးရွွိတဲ့သူဆက္ကုေပါ့။မရွိတဲ့သူဆက္လုပ္ေပါ့’’ ဟု၎ကေျပာသည္။

အဆိုပါေအာင္ဘာေလသိန္းဆုဌာန (ရန္ကုန္)႐ုံးတြင္လစဥ္ထီဖြင့္ပြဲျပဳလုပ္ေနၿပီး ထီ ဆုေငြမ်ားကိုထုတ္ေပးေနသည့္႐ုံး လည္းျဖစ္သည္။ယခုကဲ့သို႔ COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့ျခင္းေၾကာင့္ စက္ တင္ဘာ ၁ ရက္တြင္ျပဳလုပ္မည့္ထီဖြင့္ပြဲကို ေ႐ႊ႕ဆိုင္းရန္မရွိေၾကာင္းဦးညီညီလွိုင္ ကေျပာသည္။

‘‘ကြၽန္ေတာ္တို႔ကအဓိကက ေတ့ာျပည္သူေတြထီထိုးထားတာျဖစ္တဲ့အတြက္ ကြၽန္ ေတာ္တို႔ကထီဆုေငြျပန္လည္ထုတ္ေပးရ မယ္ေလ။အဲဒါေၾကာင့္မို႔လို႔မျဖစ္ မေန ေအာင္ဘာေလထီဖြင့္ပြဲကေတာ့ ေဆာင္ ႐ြက္ေပးမွာပါ’’ ဟု၎ကေျပာသည္။ ပိုးေတြ႕လူနာႏွင့္ထိေတြ႕ခဲ့သည့္႐ုံးဝန္ထမ္းမ်ားအားQuarantine ဝင္ေရာက္နိုင္ရန္သာက်န္းမာေရးဌာနကေခၚ ေဆာင္သြားၿပီးယင္း႐ုံးကို Lock-down ခ်ထားျခင္းမရွိေၾကာင္းေက်ာက္တံတားၿမိဳ႕နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚၾကည္ျပာကဆိုသည္။

Credit 7 DAY NEWS