PPE ဝတ်စုံ အစုံ (၁၀၀) အတွက် ငွေကျပ် (၉)သိန်းခွဲ လှူဒါန်းခဲ့တဲ့ ဝတ်မှုံရွှေရည်

ပရိသတ်ကြီးရေ ဝတ်မှုံရွှေရည်ကတော့ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု (၂) ခုကို ရရှိပိုင်ဆိုင်ထားပြီး ယခု (၂၁၁၉ ) ခုနှစ်မှာလည်း သူမရဲ့ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာပါဝင်တာကြောင့် ချစ်တဲ့ပရိသတ်တွေက ထပ်မံပြီး အကယ်ဒမီကိုဆွတ်ခူးနိုင်တယ်လို့ ခန့်မှန်ပေးနေကြတာပါ။ အမာခံပရိသတ်တွေ ဘယ်လောက်များလဲဆိုရင် We Love Group တွေအပြင် We Love Page တွေပါ ပိုင်ဆိုင်ထားတဲ့ နိုင်ငံကျော်မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။

ထူးခြားတဲ့နေ့လေးတွေရောက်တိုင်း ပရိသတ်တွေကို ဆုမွန်ကောင်းတောင်းပေးတတ်သူလေးဆိုလည်း မမှားပါဘူးနော်။ နိုင်ငံကျော်မင်းသမီးဖြစ်ပေမယ့် လည်း We Love Fan တွေကို အလေးထားချက်ကတော့ ချီးကျူးစရာပါပဲနော်။မကြာသေးမီကလည်း Fan Meeting ပွဲလေးပြုလုပ်ခဲ့ပြီး ချစ်တဲ့ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်တွေ့ဆုံခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ ” သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည် မှ PPE ဝတ်စုံ အစုံ ၁၀၀ အတွက် ငွေကျပ် ၉၅၀,၀၀၀/- ကူညီမျှဝေပါတယ် ….သာဓု သာဓု သာဓု ..အလှူရှင်မိသားစု သက်ရှည် ကျန်းမာ ချမ်းသာကြပါစေ. ” ဆိုတဲ့ စာသားလေးနဲ့ မောင်မောင်အေးအကောင့် မှတင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေကစ်လေးရဲ့ အလှူအတွက် သာဓုခေါ်ခဲ့ပါဦးနော်။

Credit -CeleConnections

Zawgyi






Be the first to comment

Leave a Reply

Your email address will not be published.


*