၁၀ ရက်အတွင်းကိုယ်အလေးချိန်လျှော့ ချနိုင်ဖို့လွယ်ကူတဲ့ နည်းလမ်းလေးများ

၁၀ ရက်အတွင်းကိုယ်အလေးချိန်လျှော့ ချနိုင်ဖို့လွယ်ကူတဲ့ နည်းလမ်းလေးများ

ဝိတ်ချချင်ပေမယ့်ဝိတ်မကျရတဲ့အဓိကအကြောင်းရင်းကတော့သရေစာလေးတွေတို့စိတို့စိစားမိတာပါပဲ။မိတ်ဆွေသူငယ်ချင်းတစ်ယောက်ယောက်က ဒိုးနပ်စားမလား၊ကွတ်ကီးစားမလာ၊အိမ်က အမေမုန့်ထည့်ပေးလိုက်တယ်စားပါဦး။ စသဖြင့်သင့်ကိုဆွဲဆောင်ထားတဲ့ သရေ စာလေးတွေကအများသားလေ။ဘယ်သူမှမကျွေးရင်တော့တတွတ်တွတ်ဝယ်စားမိနေတာကိုး။

မိန်းကလေးတွေကတော့ကိုယ်အလေး ချိန် တက်တာလည်းမြန်သလို၊ကျတာလည်းမြန်ပါတယ်။ဒါ့ကြောင့်ဒီနည်းလမ်းလေးတွေနဲ့အဆင်ပြေပါတယ်။

၁။ အမျှင်ဓာတ်များများစားပါ။

အမျှင်ဓာတ်ပါတဲ့အစားအစာများများစားပေးတာဟာသင့်ခန္ဓာကိုယ်အတွင်းက ကယ်လိုရီကိုအကောင်းဆုံးရှင်းထုတ်နည်းတစ်ခုပါပဲ။အမျှင်ဓာတ်ပါတဲ့အသီး အနှံများများစားပါ။

၂။ ကာဘွန်ဟိုက်ဒရိတ်ဓာတ်စားသုံးမှုကိုလျှော့ချပါ။

ကာဘွန်ဟိုက်ဒရိတ်ပါတဲ့အစားအစာတွေစားသုံးမှုကိုလျှော့ချပါ။အာလူး၊ထော ပတ်၊ခရင်မ်၊ပေါင်မုန့် စတဲ့အစားအစာတွေကိုလျှော့စားပါ။

၃။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အဆီစားပါ

တချို့ကဝိတ်ချရင်အဆီလုံးဝမစားတော့တာမျိုးလုပ်တတ်ပါတယ်။အဲဒီလိုမလုပ်ရပါဘူး။သင့်ခန္ဓာကိုယ်အတွက်အာဟာရမျှတစေဖို့ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီစားပေးသင့်ပါတယ်။

၄။ လေ့ကျင့်ခန်းလုပ်ပါ

မနက်စောစောပဲဖြစ်ဖြစ်၊ညနေဘက်ပဲဖြစ်ဖြစ်လမ်းလျှောက်ပေးတာမျိုးလုပ်သင့်ပါတယ်။သူငယ်ချင်းတွေနဲ့အတူတူ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့ အား ကစားအသင်းတွေထဲအဖွဲ့ဝင်လုပ်ထားလိုက်ပါ။အပြင်းအထန်လေ့ကျင့်ခန်းလုပ်ရမယ်လို့ မဆိုလိုပါဘူး။ပုံမှန်လေးကျင့်ခန်းလုပ်ပေးပါ။

၅။ သရေစာကို သေချာရွေးချယ်ပါ

ကိုယ်ကသရေစားစားတတ်တဲ့သူဆိုရင် ကိုယ်အလေးချိန်မတက်စေတဲ့ပေါ့ပေါ့ပါးပါးသရေစားလေးတွေစားပေးသင့်ပါတယ်။

၆။ ခွက်သေးသေးနဲ့စားပါ

သင်အမြဲစားနေကျပန်းကန်ကိုပြောင်းပြီးစားလိုက်ပါ။ခွက်သေးသေးထဲမှာထမင်းနည်းနည်းအသားနဲ့အဆီနည်းနည်းနဲ့ချက်ထားတဲ့အသီးအရွက်တွေထည့်စားပါ။

၇။ ကိုယ်တိုင်ချက်စားပါ

ကိုယ်တိုင်ချက်စားတာဟာကျန်းမာရေးနဲ့ ပိုပြီးညီညွှတ်သလို၊ဟင်းနှံ့တွေနဲ့ဗိုက်ပြည့်နေတတ်တာမို့သင့်ကိုအစားများများစားမိခြင်းကနေကာကွယ်ပေးနိုင်ပါတယ်။

၈။ ရေများများသောက်ပါ

တစ်နေ့တာလုံးအတွက်ရေကိုအနည်းဆုံး ၈ခွက်သောက်ပေးပါ။အစာမစားခင် ၁၅ မိနစ်အလိုရေသောက်ပေးပါ။

၉။ ဇွဲမလျှော့ပါနဲ့

ဝိတ်ချတာနင်တော့မဖြစ်နိုင်ပါဘူးလို့ ဘေးကလူတွေပြောလာတိုင်းဇွဲမလျှော့ပါနဲ့။ အားမငယ်ပါနဲ့။သင်လက်ရှိလုပ်နေတဲ့အပေါ်မှာအာရုံစိုက်ပါ။တခါနှစ်ခါလုပ်ပြီးတော်ပါပြီဘာမှလည်းမထူးဘူးဆိုပြီး မလုပ်ပါနဲ့။

Credit My Style Myanmar

Be the first to comment

Leave a Reply

Your email address will not be published.


*