အမျိုးသားစာပေဆုရခဲ့တဲ့ ဝတ္ထုမှာအဓိကဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်မည့် အေးမြတ်သူ

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ အေးမြတ်သူကတော့ စာရေးဆရာမကြီး ဝင်းဝင်းလတ်ရဲ့ (၁၉၉၇)ခုနှစ်မှာ အမျိုးသားစာပေဆုကြီး ဆွတ်ခူးပေးနိုင်ခဲ့တဲ့ အချစ်၏နောက်ဆက်တွဲ စာမျက်နှာများ ဝတ္ထုကြီးကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပုံဖော်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကဇာတ်ကောင်းဖြစ်တဲ့ ဒေါက်တာ ခင်ဦးနွယ် နေရာမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဆရာမ ဝင်းဝင်းလတ်ရဲ့ အချစ်၏နောက်ဆက်တွဲ စာမျက်နှာများ ဝတ္ထုကြီးကတော့ စာဖတ်ပရိသတ်တွေကြားမှာ အားပေးမှုများစွာရရှိခဲ့တာမို့ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပုံဖော်ရိုက်ကူးတော့မှာမို့ ပရိသတ်တွေကလည်း မျှော်လင့်တစ်ကြီး စောင့်စားနေကြပါတယ်။

မင်းသမီးချော အကယ်ဒမီအေးမြတ်သူရဲ့ ပီပြင်ပိုင်နိုင်လှတဲ့သရုပ်ဆောင်ချက်တွေကိုတော့ ငဘ၊ မေထုန်ရာသီဖွား၊ ပိတောက်ကတဲ့ဂီတ နဲ့အတူ ထူးချွန်ဆုကိုဆွတ်ခူးခဲ့တဲ့ နောင်တွင်ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာမြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ လက်ရှိမှာ သူပါဝင်သရုပ်ဆောင်မည့် အချစ်၏နောက်ဆက်တွဲ စာမျက်နှာများ ရုပ်ရှင်ဇာတ်ကားကြီးက ဒေါက်တာ ခင်ဦးနွယ် ကာရိုက်တာကတော့ စာဖတ်ပရိသတ်တွေရဲ့ အသည်းကျော်ကာရိုက်တာဖြစ်ကြောင့် စိန်ခေါ်မှုတွေများစွာရှိနေမှာအမှန်ပါပဲ။ ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ညွှန့်မြန်မာ ညီမောင်မောင်က တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပြီး နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ မင်းမော်ကွန်း၊ငြိမ်းသော်၊အကယ်ဒမီ အေးမြတ်သူ၊ ထက်ထက်ထွန်း၊ဝမ်းဝမ်း တို့ကပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ နိုင်ငံကျော်မင်းသမီးချော အကယ်ဒမီ အေးမြတ်သူကတော့ စာရေးဆရာမကြီး ဝင်းဝင်းလတ်ရဲ့ အမျိုးသားစာပေဆုကိုဆွတ်ခူးပေးခဲ့တဲ့ အချစ်၏နောက်ဆက်တွဲ စာမျက်နှာများ ဝတ္ထုကို ပြန်လည်ပုံဖော်ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒေါက်တာ ခင်ဦးနွယ် နေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာတဲ့နော်။

Credit-Cele Gabar

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*