လူမှုဆက်ဆံရေးမှာ အရိပ်သုံးပါးနား လည်အောင်ကလေးတိုင်းကို ဒါတွေသင်ပေးပါ (၄ – ၁၂ နှစ်ကြား)

လူမှုဆက်ဆံရေးမှာ အရိပ်သုံးပါးနား လည်အောင်ကလေးတိုင်းကို ဒါတွေသင်ပေးပါ (၄ – ၁၂ နှစ်ကြား)

ကလေးတွေပေါင်းသင်းဆက်ဆံရေးမှာ အောင်မြင်ဖို့ဆိုရင်သူတို့တွေဟာလူတ ဖက်သားရဲ့အရိပ်သုံးပါးကိုနားလည်တဲ့ ကလေးတွေဖြစ်ဖို့လိုပါတယ်။တဖက်သားကကိုယ်ပြောတဲ့စကားကို စိတ် ဝင်စားမှုရှိတယ်မရှိဘူး၊တဖက်လူရဲ့ စိတ်အခြေအနေဘယ်လိုရှိတယ်၊ကိုယ်ပြောတာကိုသူလက်ခံတယ်အစရှိတာတွေကိုသိဖို့ဆိုတာတဖက်သူရဲ့မျက်နှာနဲ့ ကိုယ်အမူအရာစကားပြောတဲ့လေယူ လေသိမ်းအစရှိတာတွေကနေ အတွေ့ အကြုံအရမှန်းဆယူရတာတွေပါ။ကလေးတွေကိုလူကြီးမိဘတွေကဒီအတွေ့အကြုံတွေကိုသင်ကြားပို့ချပေးမယ်ဆိုရင်သူတို့တွေဟာအရွယ်နဲ့မလိုက်အောင် လူမှု ဆက်ဆံရေးကျွမ်းကျင်တဲ့ကလေးတွေ ဖြစ်လာမှာဖြစ်ပါတယ်။

လူမှုဆက်ဆံရေး အမူအရာတွေကို ခွဲခြားသိတတ်အောင် ကလေးကို သင်ပေးပါ

လူအချင်းချင်းဆက်ဆံရေးမှာမျက်နှာနဲ့ ကိုယ်အမူအရာတွေကိုခွဲခြားသိခြင်းဟာ ဆက်ဆံရေးအောင်မြင်မှုအတွက် အရေး ကြီးပါတယ်။ဒီလိုကိုယ်အမူအရာ၊ မျက် နှာအမူအရာတွေကို ခွဲခြားသိနိုင်အောင် ကလေးကိုငယ်ငယ်ကတဲကဒီအမူအရာတွေတွေ့ရင်သင်ပြပေးပါ။အိမ်ကမိသား စုဝင်တွေရဲ့မျက်နှာနဲ့ကိုယ်အမူအရာတွေကိုသင်ပေးနိုင်သလိုတီဗီကြည့်ရင်လဲ သရုပ်ဆောင်တွေမှာတွေ့ရတဲ့မျက်လုံးအမူအရာ၊မျက်နှာအမူအယာ၊လေယူ လေသိမ်းစတာတွေကိုပြပြီးဒါတွေဟာ ဘာကိုဆိုလိုတာလဲဆိုတာကလေးကို သင်ပေးပါ။ပထမအဆင့်မှာကလေးက ဒီအမူအရာတွေရဲ့အဓိပ္ပါယ်နဲ့ဆိုလိုရင်းကို သိစရာမလိုသေးပါဘူး။ဒီအမူအရာတွေကိုခွဲခြားသိတတ်ရင်လုံလောက်ပါတယ်။

မျက်လုံးချင်းဆုံတတ်အောင် (Eye contact) လေ့ကျင့်သင်ကြားပေးပါ

လူအချင်းချင်းဆက်ဆံတဲ့နေရာမှာ မျက် လုံးချင်းဆုံမှု (Eye contact) ဟာအလွန်အရေးကြီးပါတယ်။လူလူချင်းမျက်လုံးချင်းဆုံဖို့ဝန်လေးတာဟာလူတစ်ယောက်ရဲ့ရှက်ရွှံ့မှု၊စိတ်မလုံခြုံမှု၊ လူမှု ဆက်ဆံရေးမှာသက်တောင့်သက်သာမရှိမှုတွေကိုပြနေပါတယ်။မျက်လုံးချင်းဆုံတာ များလွန်းတဲ့အခါကျတော့လဲတဖက်သားကိုခြိမ်းချောက်နေသလိုမျိုးဖြစ်နေတတ်ပါတယ်။စကားပြောနေတုန်းမျက်လုံးချင်းမဆုံပဲဟိုကြည့်ဒီကြည့်လျှောက်ကြည့်နေရင်သင်ပြောနေတာကိုတဖက်သား စိတ်မဝင်စားဘူးဆိုတာပြနေပါတယ်။ စကားပြောနေတုန်းမျက်လုံးချင်းမကြာခနဆုံမယ်ဆိုရင်(တချိန်လုံးမျက်လုံးကိုချည်းကြည့်နေတာမျိုးမဟုတ်ပါဘူး) တ ဖက်သားဟာသင်ပြောနေတာကိုစိတ်ဝင်တစားနားထောင်နေတယ်လို့ညွှန်ပြနေပါတယ်။သင်ကလေးကိုဒီမျက်လုံးအမူအကျင့်တွေသင်ပေးပြီးတဖက်သားနဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာသင်ပြပေးပါ။

စကားအသံနေအသံထားရဲ့အဓိပ္ပါယ်နဲ့ ဆိုလိုရင်းကို သင်ပေးပါ

လူတစ်ယောက်စကားပြောတဲ့ အသံ နေအသံထားဟာသူ့ရဲ့စိတ်အခြေအနေကို ညွှန်ပြနေပါတယ်။ဥပမာစကားကိုပုံမှန်မြန်မြန် ပြောလေ့မရှိတဲ့သူတစ်ယောက်ဟာစကားမြန်မြန်ပြောနေရင်သူဟာစိတ်လှုပ်ရှားနေတယ်ဆိုတာကိုပြနေပါတယ်။ အသံအကျယ်ကြီးစကားပြောရင် စိတ် ဆိုးနေလို့၊ဒေါသထွက်နေလို့ဆိုတာညွှန် ပြပေးပါ။စကားကိုစိတ်မပါ၊လက်မပါ ပျင်းရိလေးတွဲ့စွာပြောနေတဲ့ပုံမျိုးတွေကိုလဲကလေးသိအောင်သင်ပေးပါ။ လူတစ်ယောက်စိတ်မရှည်တဲ့အခါငေါက် ဆတ်ဆတ်ပြောတဲ့လေသံကိုလဲကလေးသိအောင်သင်ပေးပါ။

မျက်နှာအမူအရာတွေရဲ့ ဆိုလိုရင်းကို သင်ပေးပါ

လူမှုပေါင်းသင်းဆက်ဆံရေးမှာအရေးအကြီးဆုံးကမျက်နှာအမူအရာတွေဖတ်တတ်ဖို့ပါပဲ။မျက်နှာမဲ့သွားတာ၊မျက် မှောင်ကျုံ့တာ၊ရုတ်တရက်စိတ်တိုသွားတာ၊အစရှိတဲ့မျက်နှာအမူအရာအမျိုးမျိုးကိုကလေးသိအောင်သင်ပေးပါ၊ သင်ပေးဖို့အကောင်းဆုံးအချိန်ကတော့ ညဖက်မိသားစုတီဗီကြည့်တဲ့အချိန်ပါပဲ။ ဒီမိသားစုတီဗီကြည့်တဲ့အချိန်ကို ကလေးအတွက်အကျိုးရှိအောင်အသုံးချပါ။

ကိုယ်အမူအရာတွေရဲ့ ဆိုလိုရင်းကို သင်ပေးပါ

ကျွန်တော့သမီးအငယ်မလေးဟာသူ့အမကိုအလွန်ချစ်ပါတယ်။သူ့အမသွားရာနောက်တစ်ကောက်ကောက်လိုက်နေတတ်ပါတယ်။အကြီးမကအငယ်မ အ နားကပ်လာရင်ပြန်စကားမပြောတာ၊ ဒါမှမဟုတ်တခြားကိုထွက်သွားတာမျိုးတွေနဲ့မကစားလိုကြောင်းကိုအမူအရာတွေနဲ့ ပြပါတယ်။ဒါပေမယ့်သူ့အမက တခါတလေတစ်ယောက်ထဲနေချင်တဲ့အခါမျိုးရှိတတ်ပါတယ်။အငယ်မလေးကဒါကိုမသိတော့အတင်းကပ်၊အမကနောက် ဆုံးစိတ်မရှည်တော့အော်ငေါက်လွှတ်ရင် အငယ်မလေးကဝမ်းနည်းပြီးငိုပါရော။ အသက် ၃ နှစ်ကလေးကဒီကိုယ်အ မူအရာတွေကိုဖတ်တတ်ဖို့မမျှော်လင့်နိုင်သေးပေမယ့်ဒီအမူအရာတွေကိုကလေးငယ်ငယ်ကတဲကအခွင့်ရရင်ရသလို သင် ပေးပါ။

Credit မူရင်းရေးသားသူ

လူမႈဆက္ဆံေရးမွာ အရိပ္သုံးပါးနား လည္ေအာင္ကေလးတိုင္းကို ဒါေတြသင္ေပးပါ (၄ – ၁၂ ႏွစ္ၾကား)

ကေလးေတြေပါင္းသင္းဆက္ဆံေရးမွာ ေအာင္ျမင္ဖို႔ဆိုရင္သူတို႔ေတြဟာလူတ ဖက္သားရဲ႕အရိပ္သုံးပါးကိုနားလည္တဲ့ ကေလးေတြျဖစ္ဖို႔လိုပါတယ္။တဖက္သားကကိုယ္ေျပာတဲ့စကားကို စိတ္ ဝင္စားမႈရွိတယ္မရွိဘူး၊တဖက္လူရဲ႕ စိတ္အေျခအေနဘယ္လိုရွိတယ္၊ကိုယ္ေျပာတာကိုသူလက္ခံတယ္အစရွိတာေတြကိုသိဖို႔ဆိုတာတဖက္သူရဲ႕မ်က္ႏွာနဲ႕ ကိုယ္အမူအရာစကားေျပာတဲ့ေလယူ ေလသိမ္းအစရွိတာေတြကေန အေတြ႕ အႀကဳံအရမွန္းဆယူရတာေတြပါ။ကေလးေတြကိုလူႀကီးမိဘေတြကဒီအေတြ႕အႀကဳံေတြကိုသင္ၾကားပို႔ခ်ေပးမယ္ဆိုရင္သူတို႔ေတြဟာအ႐ြယ္နဲ႕မလိုက္ေအာင္ လူမႈ ဆက္ဆံေရးကြၽမ္းက်င္တဲ့ကေလးေတြ ျဖစ္လာမွာျဖစ္ပါတယ္။

လူမႈဆက္ဆံေရး အမူအရာေတြကို ခြဲျခားသိတတ္ေအာင္ ကေလးကို သင္ေပးပါ

လူအခ်င္းခ်င္းဆက္ဆံေရးမွာမ်က္ႏွာနဲ႕ ကိုယ္အမူအရာေတြကိုခြဲျခားသိျခင္းဟာ ဆက္ဆံေရးေအာင္ျမင္မႈအတြက္ အေရး ႀကီးပါတယ္။ဒီလိုကိုယ္အမူအရာ၊ မ်က္ ႏွာအမူအရာေတြကို ခြဲျခားသိနိုင္ေအာင္ ကေလးကိုငယ္ငယ္ကတဲကဒီအမူအရာေတြေတြ႕ရင္သင္ျပေပးပါ။အိမ္ကမိသား စုဝင္ေတြရဲ႕မ်က္ႏွာနဲ႕ကိုယ္အမူအရာေတြကိုသင္ေပးနိုင္သလိုတီဗီၾကည့္ရင္လဲ သ႐ုပ္ေဆာင္ေတြမွာေတြ႕ရတဲ့မ်က္လုံးအမူအရာ၊မ်က္ႏွာအမူအယာ၊ေလယူ ေလသိမ္းစတာေတြကိုျပၿပီးဒါေတြဟာ ဘာကိုဆိုလိုတာလဲဆိုတာကေလးကို သင္ေပးပါ။ပထမအဆင့္မွာကေလးက ဒီအမူအရာေတြရဲ႕အဓိပၸါယ္နဲ႕ဆိုလိုရင္းကို သိစရာမလိုေသးပါဘူး။ဒီအမူအရာေတြကိုခြဲျခားသိတတ္ရင္လုံေလာက္ပါတယ္။

မ်က္လုံးခ်င္းဆုံတတ္ေအာင္ (Eye contact) ေလ့က်င့္သင္ၾကားေပးပါ

လူအခ်င္းခ်င္းဆက္ဆံတဲ့ေနရာမွာ မ်က္ လုံးခ်င္းဆုံမႈ (Eye contact) ဟာအလြန္အေရးႀကီးပါတယ္။လူလူခ်င္းမ်က္လုံးခ်င္းဆုံဖို႔ဝန္ေလးတာဟာလူတစ္ေယာက္ရဲ႕ရွက္႐ႊံ႕မႈ၊စိတ္မလုံၿခဳံမႈ၊ လူမႈ ဆက္ဆံေရးမွာသက္ေတာင့္သက္သာမရွိမႈေတြကိုျပေနပါတယ္။မ်က္လုံးခ်င္းဆုံတာ မ်ားလြန္းတဲ့အခါက်ေတာ့လဲတဖက္သားကိုၿခိမ္းေခ်ာက္ေနသလိုမ်ိဳးျဖစ္ေနတတ္ပါတယ္။စကားေျပာေနတုန္းမ်က္လုံးခ်င္းမဆုံပဲဟိုၾကည့္ဒီၾကည့္ေလွ်ာက္ၾကည့္ေနရင္သင္ေျပာေနတာကိုတဖက္သား စိတ္မဝင္စားဘူးဆိုတာျပေနပါတယ္။ စကားေျပာေနတုန္းမ်က္လုံးခ်င္းမၾကာခနဆုံမယ္ဆိုရင္(တခ်ိန္လုံးမ်က္လုံးကိုခ်ည္းၾကည့္ေနတာမ်ိဳးမဟုတ္ပါဘူး) တ ဖက္သားဟာသင္ေျပာေနတာကိုစိတ္ဝင္တစားနားေထာင္ေနတယ္လို႔ၫႊန္ျပေနပါတယ္။သင္ကေလးကိုဒီမ်က္လုံးအမူအက်င့္ေတြသင္ေပးၿပီးတဖက္သားနဲ႕ ဘယ္ လိုဆက္ဆံရမယ္ဆိုတာသင္ျပေပးပါ။

စကားအသံေနအသံထားရဲ႕အဓိပၸါယ္နဲ႕ ဆိုလိုရင္းကို သင္ေပးပါ

လူတစ္ေယာက္စကားေျပာတဲ့ အသံ ေနအသံထားဟာသူ႕ရဲ႕စိတ္အေျခအေနကို ၫႊန္ျပေနပါတယ္။ဥပမာစကားကိုပုံမွန္ျမန္ျမန္ ေျပာေလ့မရွိတဲ့သူတစ္ေယာက္ဟာစကားျမန္ျမန္ေျပာေနရင္သူဟာစိတ္လႈပ္ရွားေနတယ္ဆိုတာကိုျပေနပါတယ္။ အသံအက်ယ္ႀကီးစကားေျပာရင္ စိတ္ ဆိုးေနလို႔၊ေဒါသထြက္ေနလို႔ဆိုတာၫႊန္ ျပေပးပါ။စကားကိုစိတ္မပါ၊လက္မပါ ပ်င္းရိေလးတြဲ႕စြာေျပာေနတဲ့ပုံမ်ိဳးေတြကိုလဲကေလးသိေအာင္သင္ေပးပါ။ လူတစ္ေယာက္စိတ္မရွည္တဲ့အခါေငါက္ ဆတ္ ဆတ္ေျပာတဲ့ေလသံကိုလဲကေလးသိေအာင္သင္ေပးပါ။

မ်က္ႏွာအမူအရာေတြရဲ႕ ဆိုလိုရင္းကို သင္ေပးပါ

လူမႈေပါင္းသင္းဆက္ဆံေရးမွာအေရးအႀကီးဆုံးကမ်က္ႏွာအမူအရာေတြဖတ္တတ္ဖို႔ပါပဲ။မ်က္ႏွာမဲ့သြားတာ၊မ်က္ ေမွာင္က်ဳံ႕တာ၊႐ုတ္တရက္စိတ္တိုသြားတာ၊အစရွိတဲ့မ်က္ႏွာအမူအရာအမ်ိဳးမ်ိဳးကိုကေလးသိေအာင္သင္ေပးပါ၊ သင္ေပးဖို႔အေကာင္းဆုံးအခ်ိန္ကေတာ့ ညဖက္မိသားစုတီဗီၾကည့္တဲ့အခ်ိန္ပါပဲ။ ဒီမိသားစုတီဗီၾကည့္တဲ့အခ်ိန္ကို ကေလးအတြက္အက်ိဳးရွိေအာင္အသုံးခ်ပါ။

ကိုယ္အမူအရာေတြရဲ႕ ဆိုလိုရင္းကို သင္ေပးပါ

ကြၽန္ေတာ့သမီးအငယ္မေလးဟာသူ႕အမကိုအလြန္ခ်စ္ပါတယ္။သူ႕အမသြားရာေနာက္တစ္ေကာက္ေကာက္လိုက္ေနတတ္ပါတယ္။အႀကီးမကအငယ္မ အ နားကပ္လာရင္ျပန္စကားမေျပာတာ၊ ဒါမွမဟုတ္တျခားကိုထြက္သြားတာမ်ိဳးေတြနဲ႕မကစားလိုေၾကာင္းကိုအမူအရာေတြနဲ႕ ျပပါတယ္။ဒါေပမယ့္သူ႕အမက တခါတေလတစ္ေယာက္ထဲေနခ်င္တဲ့အခါမ်ိဳးရွိတတ္ပါတယ္။အငယ္မေလးကဒါကိုမသိေတာ့အတင္းကပ္၊အမကေနာက္ ဆုံးစိတ္မရွည္ေတာ့ေအာ္ေငါက္လႊတ္ရင္ အငယ္မေလးကဝမ္းနည္းၿပီးငိုပါေရာ။ အသက္ ၃ ႏွစ္ကေလးကဒီကိုယ္အ မူအရာေတြကိုဖတ္တတ္ဖို႔မေမွ်ာ္လင့္နိုင္ေသးေပမယ့္ဒီအမူအရာေတြကိုကေလးငယ္ငယ္ကတဲကအခြင့္ရရင္ရသလို သင္ ေပးပါ။

Credit မူရင္းေရးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*