မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်  ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် (USAID)က အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်း ကူညီထောက်ပံ့

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအင်ဂျင်စီ (USAID)က အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်း ကူညီထောက်ပံ့ထားတယ်လို့ ရန်ကုန်ရှိအမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

အဆိုပါအကူအညီထဲက ဒေါ်လာ ၇ သိန်းကို မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတွက် အသင့်ပြင်ဆင်နိုင်ရေးနဲ့တုံ့ပြန်ဆောင်ရွက်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို ပေးအပ်ထားပြီး ဒေါ်လာ ၆ သိန်းကို မြန်မာနိုင်ငံတွင်း အချိန်နဲ့တပြေးညီ ကျန်းမာရေးဆိုင်ရာ အသိပညာဖြန့်နေပေးနိုင်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကို ပေးအပ်ထားလို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

USAID’s Breakthrough Action စီမံကိန်းရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ Save the Children နဲ့ Johns Hopkins Center for communications programs တို့ကို ပေးအပ်တာဖြစ်တယ်လို့ဖော်ပြပါတယ်။

ဒါ့အပြင် သတင်းစကားတွေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေဖြန့်ဝေဖို့အတွက် ဒေါ်လာ ၅ သိန်းကိုလည်း USAID’s Breakthrough Action စီမံကိန်းရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ Save the Children နဲ့ Johns Hopkins Center for communications programs တို့ကို ပေးအပ်တာဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ရောဂါပိုးစောစီးစွာ ရှာဖွေဖော်ထုတ်ခြင်းနဲ့ မြန်မာကျန်းမာရေးဝန်ထမ်းတွေကို အသိပညာ‌ပေးခြင်းလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရာမှာ ရောဂါပိုးကို သေချာစွာ သတိထားစောင့်ကြည့်နိုင်ရေးအတွက် အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC) မှာလည်း နည်းပညာအကူအညီတွေ ပေးအပ်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

USAID မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံ ပံ့ပိုးပေးထားသော ရန်ပုံငွေတွေထဲကနေ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၇၀၀၀၀၀ ကိုလည်း ရယူ အသုံးပြုနိုင်ဖို့ အကြောင်းကြားစာရရှိထားတယ်လို့ ကျန်းမာရေးနှင့် အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားပါတယ်။

မတ်လ ၁၈ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ COVID-19 ရောဂါ ကမ္ဘာ့ကပ်ရောဂါအသွင်ဖြစ်ပွားမှု ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြင်ဆင်ဆောင်ရွက်မှု အထူးအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

ဒါ့အပြင် GAVI- the Vaccine Alliance ရဲ့ Health system strengthening – 2 ရန်ပုံငွေမှ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်းကိုလည်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ကြောင်း အကြောင်းကြားလာတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံရှိ ဆေးရုံတွေမှာ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ အမြန်ဆုံးဆန်းစစ်လုပ်ဆောင်ဖို့၊ နေရပ်စွန့်ခွာရသူတွေ ခေတ္တနေထိုင် ရာစခန်း (IDP Camp)တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နဲ့ ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့လည်းဝန်ကြီးကတိုက်တွန်း ထားပါတယ်။

credit Beautiful Myanmar

Zawgyi

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါကူးစက္ျပန္႔ပြားမႈမ႐ွိေစေရးအတြက္ (USAID)က အေမရိကန္ေဒၚလာ ၁ ဒသမ ၈ သန္း ကူညီေထာက္ပံ့

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ COVID-19 ေရာဂါကူးစက္ျပန္႔ပြားမႈမ႐ွိေစေရး အေမရိကန္ ႏိုင္ငံတကာဖြံ႕ၿဖိဳးေရးအင္ဂ်င္စီ (USAID)က အေမရိကန္ေဒၚလာ ၁ ဒသမ ၈ သန္း ကူညီေထာက္ပံ့ထားတယ္လို႔ ရန္ကုန္႐ွိအေမရိကန္သံ႐ုံးက ထုတ္ျပန္ပါတယ္။

အဆိုပါအကူအညီထဲက ေဒၚလာ ၇ သိန္းကို ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါအတြက္ အသင့္ျပင္ဆင္ႏိုင္ေရးနဲ႔တုံ႔ျပန္ေဆာင္႐ြက္ေရးအတြက္ ကမ႓ာ့က်န္းမာေရးအဖြဲ႕ (WHO) ကို ေပးအပ္ထားၿပီး ေဒၚလာ ၆ သိန္းကို ျမန္မာႏိုင္ငံတြင္း အခ်ိန္နဲ႔တေျပးညီ က်န္းမာေရးဆိုင္ရာ အသိပညာျဖန္႔ေနေပးႏိုင္ေရးအတြက္ ကမ႓ာ့ကုလသမဂၢ ကေလးမ်ားရန္ပုံေငြအဖြဲ႕ (UNICEF) ကို ေပးအပ္ထားလို႔ သံ႐ုံးထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

USAID’s Breakthrough Action စီမံကိန္းရဲ႕ မိတ္ဖက္အဖြဲ႕အစည္းေတြျဖစ္တဲ့ Save the Children နဲ႔ Johns Hopkins Center for communications programs တို႔ကို ေပးအပ္တာျဖစ္တယ္လို႔ေဖာ္ျပပါတယ္။

ဒါ့အျပင္ သတင္းစကားေတြနဲ႔ လိုအပ္တဲ့ ပစၥည္းေတြျဖန္႔ေဝဖို႔အတြက္ ေဒၚလာ ၅ သိန္းကိုလည္း USAID’s Breakthrough Action စီမံကိန္းရဲ႕ မိတ္ဖက္အဖြဲ႕အစည္းေတြျဖစ္တဲ့ Save the Children နဲ႔ Johns Hopkins Center for communications programs တို႔ကို ေပးအပ္တာျဖစ္တယ္လို႔ ေဖာ္ျပပါတယ္။

ဒါ့အျပင္ ေရာဂါပိုးေစာစီးစြာ ႐ွာေဖြေဖာ္ထုတ္ျခင္းနဲ႔ ျမန္မာက်န္းမာေရးဝန္ထမ္းေတြကို အသိပညာ‌ေပးျခင္းလုပ္ငန္းေတြ တိုးျမႇင့္ေဆာင္ရာမွာ ေရာဂါပိုးကို ေသခ်ာစြာ သတိထားေစာင့္ၾကည့္ႏိုင္ေရးအတြက္ အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ကာကြယ္တားဆီးေရးဗဟို (CDC) မွာလည္း နည္းပညာအကူအညီေတြ ေပးအပ္ေနတယ္လို႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

USAID မွ ကမ႓ာ့က်န္းမာေရးအဖြဲ႕ထံ ပံ့ပိုးေပးထားေသာ ရန္ပုံေငြေတြထဲကေန ျမန္မာႏိုင္ငံအတြက္ အေမရိကန္ေဒၚလာ ၇၀၀၀၀၀ ကိုလည္း ရယူ အသုံးျပဳႏိုင္ဖို႔ အေၾကာင္းၾကားစာရ႐ွိထားတယ္လို႔ က်န္းမာေရးႏွင့္ အားကစား ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာၾကားထားပါတယ္။

မတ္လ ၁၈ ရက္က ေနျပည္ေတာ္မွာ က်င္းပတဲ့ COVID-19 ေရာဂါ ကမ႓ာ့ကပ္ေရာဂါအသြင္ျဖစ္ပြားမႈ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ျပင္ဆင္ေဆာင္႐ြက္မႈ အထူးအစည္းအေဝးမွာ ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ GAVI- the Vaccine Alliance ရဲ႕ Health system strengthening – 2 ရန္ပုံေငြမွ ၁၀ ရာခိုင္ႏႈန္းျဖစ္တဲ့ အေမရိကန္ေဒၚလာ ၁၀ သန္းကိုလည္း COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြမွာ အသုံးျပဳႏိုင္ေၾကာင္း အေၾကာင္းၾကားလာတယ္လို႔လည္း ဝန္ႀကီးက ေျပာပါတယ္။

ျမန္မာႏိုင္ငံ႐ွိ ေဆး႐ုံေတြမွာ ေအာက္ဆီဂ်င္ျပတ္လပ္မႈမ႐ွိေစေရးအတြက္ တစ္ႏိုင္ငံ လုံးအတိုင္းအတာနဲ႔ အျမန္ဆုံးဆန္းစစ္လုပ္ေဆာင္ဖို႔၊ ေနရပ္စြန္႔ခြာရသူေတြ ေခတၱေနထိုင္ ရာစခန္း (IDP Camp)ေတြမွာ က်န္းမာေရးေစာင့္ေ႐ွာက္မႈေပးဖို႔နဲ႔ က်န္းမာေရး အသိပညာေပးႏိႈးေဆာ္မႈလုပ္ငန္းေတြ ေဆာင္႐ြက္ဖို႔လည္းဝန္ႀကီးကတိုက္တြန္း ထားပါတယ္။

credit Beautiful Myanmar

Be the first to comment

Leave a Reply

Your email address will not be published.


*