တရုတ်က COVID-19ကုသရန် ဂျပန်နိုင်ငံထုတ် တုပ်ကွေးဆေးကို အသုံးပြုမည်ဟုဆို

တရုတ်က COVID-19ကုသရန် ဂျပန်နိုင်ငံထုတ် တုပ်ကွေးဆေးကို အသုံးပြုမည်ဟုဆို

COVID-19 ရောဂါဗိုင်းရပ်စ်ကူးစက်ခံလူနာတွေကိုကုသရာမှာဂျပန်နိုင်ငံထုတ်တုပ်ကွေးဆေးကိုအသုံးပြုသွားရန် တရားဝင်ဆုံးဖြတ်လိုက်တယ်လို့တရုတ်အစိုးရကပြောကြောင်း NHK သတင်းမှာ ဖော်ပြပါတယ်။

ဂျပန်နိုင်ငံထုတ် Favipiravir (Avigan အမည်ဖြင့်လည်းသိထားကြ)တုပ်ကွေးဆေးဟာ COVID-19 ရောဂါကုသရာမှာ ထိရောက်မှုရှိတယ်လို့တရုတ်နိုင်ငံရဲ့ဇီဝနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူး Zhang Xinmin က ဘေဂျင်းမြို့မှာအင်္ဂါနေ့ (မတ်လ ၁၇ ရက်)ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်းပြောခဲ့ပါတယ်။

Favipiravir တုပ်ကွေးဆေးကိုတရုတ်နိုင်ငံရှိဆေးရုံနှစ်ခုမှာစမ်းသပ်ခဲ့ရာထိရောက်မှုရှိခဲ့တယ်လို့၎င်းကဆိုပါတယ်။ ဝူဟန်မြို့မှာ COVID-19 လူနာ၂၄၀ နဲ့ ရှန်ဇန်းမြို့မှာလူနာ၈၀ကိုအဆိုပါဆေးဖြင့်စမ်းသပ်ကုသခဲ့ပါတယ်။ဝူဟန်မှာ စမ်း သပ်ခဲ့မှုအရ Favipiravir တုပ်ကွေးဆေးပေးခဲ့ပြီးနောက်လူနာဟာ ၂ ရက်ကျော်ကြာချိန်မှာကိုယ်အပူချိန်ပုံမှန်ပြန်ဖြစ်လာခဲ့ကြောင်း Zhang Xinmin က ပြောပါတယ်။

Favipiravir ဆေးမပေးခဲ့တဲ့လူနာတွေကတော့ကိုယ်အပူချိန် ပုံမှန်ပြန်ဖြစ်ရန် ၄ ရက်ကျော်ကြာခဲ့တယ်လို့ သိရပါတယ်။ စမ်းသပ်ကုသမှုအရ Favipiravir တုပ်ကွေးဆေးဟာ COVID-19 ရောဂါဖြစ်စေတဲ့ SARS-CoV-2 (severe acute respiratory syndrome coronavirus 2) ဗိုင်းရပ်စ်ကိုထိရောက်စွာတိုက်ဖျက်နိုင်တယ်လို့ဆိုပါတယ်။

Favipiravir ဆေးဖြင့် ကုသပေးခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်ခံလူနာတွေဟာပျမ်းမျှအားဖြင့် ၅ ရက်နီးပါးအကြာမှာချောင်း ဆိုးပျောက်သွားပြီးထိုဆေးမပေးခဲ့သူတွေကတော့ချောင်းဆိုးပျောက်ရန်၆ ရက်နီးပါကြာမြင့်ကြောင်းလည်း Zhang Xinmin က ပြောပါတယ်။ဒါ့အပြင် Favipiravir တုပ်ကွေးဆေးဟာ COVID-19 ရောဂါဗိုင်းရပ်စ်ကူးစက်ခံလူနာတွေအတွက်ဘေးထွက်ဆိုးကျိုးလည်းမရှိဘူးလို့၎င်းကဖြည့်စွက်ပြောခဲ့ပါတယ်။

ရှန်ဇန်းမြို့မှာစမ်းသပ်ခဲ့ရာမှာတော့ဗိုင်းရပ်စ်ကူးစက်ခံရကြောင်းစစ်ဆေးအတည်ပြုထားသူတွေကို Favipiravir တုပ်ကွေးဆေးပေးခဲ့ပြီးနောက် ၄ ရက်အကြာမှာဗိုင်းရပ်စ်မရှိတော့တာတွေ့ခဲ့ရပါတယ်။ Favipiravir ဆေးမသောက်တဲ့ဗိုင်းရပ်စ်ကူးစက်ခံလူနာတွေမှာတော့ ဗိုင်းရပ်စ်မရှိတော့ရန် ၁၁ ရက်ကြာကြောင်းသိရပါတယ်။

ဓာတ်မှန်ရိုက်စစ်ဆေးမှုအရလည်း Avigan တုပ်ကွေးဆေးဖြင့်ကုသပေးခဲ့တဲ့ လူနာအရေအတွက်ရဲ့ ၉၁ ရာခိုင်နှုန်းမှာ အဆုတ်အခြေအနေတိုးတက်ကောင်မွန်လာမှုများတွေ့ခဲ့ရကြောင်းအ တည်ပြုထားပါတယ်။ထိုဆေးဖြင့်ကုသခဲ့ခြင်းမရှိတဲ့လူနာတွေမှာတော့ ၆၂ ရာခိုင်နှုန်းသာအဆုတ်အခြေအ‌နေတိုးတက်မှုကိုတွေ့ရှိထားပါတယ်။

Favipiravir သို့မဟုတ် Avigan တုပ်ကွေးဆေးကို Fujifilm Toyama Chemical က၂၀၁၄ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။၂၀၁၆ ခုနှစ်ကဂီနီနိုင်ငံမှာအီဘိုလာရောဂါကူးစက်ဖြစ်ပွားခဲ့စဉ်ဂျပန်အစိုးရက Avigan ဆေးများကိုအရေးပေါ်အကူအညီအဖြစ်ပေးပို့ခဲ့ဖူးကြောင်းလည်းသိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ်သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို တရုတ်အလယ်ပိုင်းဝူဟန်မြို့မှာယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ မတ်လ ၁၉ ရက် မနက်အစောပိုင်းအထိစာရင်းတွေအရကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၈,၇၆၀ ဦးနဲ့ သေဆုံးသူ ၈,၇၄၃ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

Credit : duwun

တ႐ုတ္က COVID-19ကုသရန္ ဂ်ပန္နိုင္ငံထုတ္ တုပ္ေကြးေဆးကို အသုံးျပဳမည္ဟုဆို

COVID-19 ေရာဂါဗိုင္းရပ္စ္ ကူးစက္ခံလူနာေတြကိုကုသရာမွာဂ်ပန္နိုင္ငံထုတ္ တုပ္ေကြးေဆးကိုအသုံးျပဳသြားရန္ တ ရားဝင္ဆုံးျဖတ္လိုက္တယ္လို႔တ႐ုတ္အစိုးရကေျပာေၾကာင္း NHK သတင္းမွာ ေဖာ္ျပပါတယ္။

ဂ်ပန္နိုင္ငံထုတ္ Favipiravir (Avigan အမည္ျဖင့္လည္းသိထားၾက)တုပ္ေကြးေဆးဟာ COVID-19 ေရာဂါကုသရာမွာ ထိေရာက္မႈရွိတယ္လို႔တ႐ုတ္နိုင္ငံရဲ႕ဇီဝနည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးဌာနမွ ၫႊန္ၾကားေရးမႉး Zhang Xinmin က ေဘဂ်င္းၿမိဳ႕မွာအဂၤါေန႕ (မတ္လ ၁၇ ရက္)က ျပဳ လုပ္ခဲ့တဲ့သတင္းစာရွင္းလင္းပြဲတစ္ခုအတြင္း ေျပာခဲ့ပါတယ္။

Favipiravir တုပ္ေကြးေဆးကိုတ႐ုတ္နိုင္ငံရွိေဆး႐ုံႏွစ္ခုမွာစမ္းသပ္ခဲ့ရာထိေရာက္မႈရွိခဲ့တယ္လို႔၎ကဆိုပါတယ္။ ဝူဟန္ၿမိဳ႕မွာ COVID-19 လူနာ ၂၄၀ နဲ႕ ရွန္ဇန္းၿမိဳ႕မွာလူနာ၈၀ကိုအဆိုပါေဆးျဖင့္ စမ္းသပ္ကုသခဲ့ပါတယ္။ဝူဟန္မွာ စမ္းသပ္ခဲ့မႈအရ Favipiravir တုပ္ေကြးေဆးေပးခဲ့ၿပီးေနာက္လူနာဟာ ၂ ရက္ေက်ာ္ၾကာခ်ိန္မွာကိုယ္အပူခ်ိန္ ပုံမွန္ျပန္ျဖစ္ လာခဲ့ေၾကာင္း Zhang Xinmin က ေျပာပါတယ္။

Favipiravir ေဆးမေပးခဲ့တဲ့လူနာေတြကေတာ့ကိုယ္အပူခ်ိန္ ပုံမွန္ျပန္ျဖစ္ရန္ ၄ ရက္ေက်ာ္ၾကာခဲ့တယ္လို႔ သိရပါတယ္။ စမ္းသပ္ကုသမႈအရ Favipiravir တုပ္ေကြးေဆးဟာ COVID-19 ေရာဂါျဖစ္ေစတဲ့ SARS-CoV-2 (severe acute respiratory syndrome coronavirus 2)ဗိုင္းရပ္စ္ကိုထိေရာက္စြာတိုက္ဖ်က္နိုင္တယ္လို႔ဆိုပါတယ္။

Favipiravir ေဆးျဖင့္ ကုသေပးခဲ့တဲ့ ဗိုင္းရပ္စ္ကူးစက္ခံလူနာေတြဟာပ်မ္းမွ်အားျဖင့္ ၅ ရက္နီးပါးအၾကာမွာေခ်ာင္းဆိုးေပ်ာက္သြားၿပီးထိုေဆးမေပးခဲ့သူေတြကေတာ့ေခ်ာင္းဆိုးေပ်ာက္ရန္၆ ရက္နီးပါ ၾကာျမင့္ေၾကာင္းလည္း Zhang Xinmin က ေျပာပါတယ္။ဒါ့အျပင္ Favipiravir တုပ္ေကြးေဆးဟာCOVID-19 ေရာဂါဗိုင္းရပ္စ္ကူးစက္ခံလူနာေတြအတြက္ေဘးထြက္ဆိုးက်ိဳးလည္းမရွိဘူးလို႔၎ကျဖည့္စြက္ေျပာခဲ့ပါတယ္။

ရွန္ဇန္းၿမိဳ႕မွာစမ္းသပ္ခဲ့ရာမွာေတာ့ဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္းစစ္ေဆးအတည္ျပဳထားသူေတြကို Favipiravir တုပ္ေကြးေဆးေပးခဲ့ၿပီးေနာက္ ၄ ရက္အၾကာမွာဗိုင္းရပ္စ္မရွိေတာ့တာေတြ႕ခဲ့ရပါတယ္။ Favipiravir ေဆးမေသာက္တဲ့ဗိုင္းရပ္စ္ကူးစက္ခံလူနာေတြမွာေတာ့ဗိုင္းရပ္စ္မရွိေတာ့ရန္ ၁၁ ရက္ၾကာေၾကာင္းသိရပါတယ္။

ဓာတ္မွန္ရိုက္စစ္ေဆးမႈအရလည္း Avigan တုပ္ေကြးေဆးျဖင့္ကုသေပးခဲ့တဲ့ လူနာအေရအတြက္ရဲ႕ ၉၁ ရာခိုင္ႏႈန္းမွာ အဆုတ္အေျခအေန တိုးတက္ေကာင္မြန္လာမႈမ်ားေတြ႕ခဲ့ရေၾကာင္းအတည္ျပဳထားပါတယ္။ထိုေဆးျဖင့္ကုသခဲ့ျခင္းမရွိတဲ့လူနာေတြမွာေတာ့ ၆၂ ရာခိုင္ႏႈန္းသာ အဆုတ္အေျခအ‌ေနတိုးတက္မႈကိုေတြ႕ရွိထားပါတယ္။

Favipiravir သို႔မဟုတ္ Avigan တုပ္ေကြးေဆးကို Fujifilm Toyama Chemical က ၂၀၁၄ ခုႏွစ္မွာစတင္ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္ကဂီနီနိုင္ငံမွာအီဘိုလာေရာဂါကူးစက္ျဖစ္ပြားခဲ့စဥ္ဂ်ပန္အ စိုးရက Avigan ေဆးမ်ားကိုအေရးေပၚအကူအညီအျဖစ္ေပးပို႔ခဲ့ဖူးေၾကာင္းလည္းသိရပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းက ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါအျဖစ္ သတ္မွတ္ေၾကညာထားတဲ့ COVID-19 ကို တ႐ုတ္အလယ္ပိုင္း ဝူဟန္ၿမိဳ႕မွာယမန္ႏွစ္ ဒီဇင္ဘာလကုန္က စတင္ေတြ႕ရွိခဲ့ရတာလည္း ျဖစ္ပါတယ္။မတ္လ ၁၉ ရက္ မနက္အေစာပိုင္းအထိ စာရင္းေတြအရကမာၻတစ္ဝွမ္းမွာCOVID-19 ဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၀၈,၇၆၀ ဦးနဲ႕ ေသဆုံးသူ၈,၇၄၃ ဦးအထိ ျမင့္တက္လာခဲ့ေၾကာင္း သိရပါတယ္။

Credit : duwun

Be the first to comment

Leave a Reply

Your email address will not be published.


*