မြစ်ကြီးနားရောက်ရှိစဉ် ဆယ်လီမမဈေးသည်ဆီသွားရောက်ခဲ့တဲ့ အက်စတာ

မြစ်ကြီးနားရောက်ရှိစဉ် ဆယ်လီမမဈေးသည်ဆီသွားရောက်ခဲ့တဲ့ အက်စတာ

ပရိသတ်တွေရဲ့ အချစ်တော် အက်စတာကတော့ လတ်တလောမှာ မြစ်ကြီးနားမြို့ကို ရောက်ရှိနေခဲ့ပါတယ်။အက်စတာကတော့ ပြိုင်ပွဲကြီးပြီးကတည်းက မြန်မာနိုင်ငံအနှံဖျော်ဖြေရေးပွဲတွေကို လိုက်လံဖျော်ဖြေပေးနေရပြီး အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေစတင်ရရှိနေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

အက်စတာက မြစ်ကြီးနားကိုရောက်ရှိချိန်မှာတော့ လူမှုကွန်ရက်စာမျက်နှာမှာ နာမည်ကြီးနေခဲ့တဲ့ အောင်မြေသာက သံယောဇဉ်ကြိုးတံတားဆိုင်ပိုင်ရှင် ဈေးသည်အစ်မကြီးရဲ့ ဆိုင်ကို အလည်သွားခဲ့ပြီး ဆိုင်ကိုရောက်ရှိချိန်မှာတော့ ပရိသတ်တွေသိရှိရအောင် Live လွှင့်ပြခဲ့ပါတယ်။အက်စတာရဲ့ ပရိသတ်တွေက ဈေးသည်အစ်မကြီးကို တွေ့ချင်တယ်ဆိုတာကြောင့် အက်စတာကဈေးသည်အစ်မကြီးရဲ့ဆိုင်ကို ရောက်အောင်သွားခဲ့တာဖြစ်ပါတယ်။

အက်စတာကတော့ သူ့ရဲ့ ပရိသတ်တွေတောင်းဆိုခဲ့တာကို ဂရုတစိုက်လေးလေးစားစားနဲ့ ရောက်အောင်သွားပြီး ဆိုင်ရှင်အစ်မနဲ့တွေ့ဆုံချိန်မှာတော့Live လွှင့်ပေးခဲ့တာပါ CeleGabar ပရိသတ်ကြီးရေ အက်စတာလေးကတော့ ပရိသတ်တွေရဲ့ တောင်းဆိုမှုလေးကို အလေးထားပြီးလုပ်ပေးတာလေးကတော့ ချစ်စရာကောင်းလွန်းလှပါတယ်နော်။

Credit Chilli – CeleGabar

Source – Esther DCS






Source – Esther DCS