တစ်စုံတစ်ယောက်ကို အိမ်မက်မက်ရတဲ့ အကြောင်းအရာ (၄)ခု
တစ်စုံတစ်ယောက်ကို အိမ်မက်မက်ရတဲ့ အကြောင်းအရာ (၄)ခု
တစ်ခါတစ်လေမှာကိုယ်သူ့အကြောင်းတွေးအိပ်တာလည်းမဟုတ်ပါပဲနဲ့ တစ်စုံ တစ်ယောက်ကိုအိပ်မက်မက်တာမျိုး ဖြစ်ဖူးကြတယ်မှတ်လား။ဒီလိုမျိုးကိုယ့်အိပ်မက်ထဲကိုတစ်စုံတစ်ယောက်ဝင်ရောက်လာခြင်းမှာသင့်ကိုအံ့သြသွားစေမယ့်အကြောင်းအရင်းတွေရှိလို့နေပါတယ်။
သင့်အိပ်မက်ထဲကိုတစ်စုံတစ်ယောက် ဝင်ရောက်လာခြင်းဟာဒီအချက်တွေကြောင့်ဖြစ်ပါတယ်နော်။
(၁) သူသင့်ကို သတိရနေလို့
ကိုယ့်အိပ်မက်ထဲကိုမဖိတ်ခေါ်ပဲ ရောက်လာတဲ့သူဟာကိုယ့်ကို သတိတရရှိနေတဲ့ အတွက်ကြောင့်အိပ်မက်ထဲကိုဝင်ရောက်လာတာပဲဖြစ်ပါတယ်။
လူတွေရဲ့စိတ်တွေဟာတကယ့်ကို အစွမ်းထက်လှပြီးတော့တစ်စုံတစ်ယောက်က ပြင်းပြစွာသတိရတဲ့အခါမှာအဲဒီ့လူရဲ့ အတွေးထဲ၊အိပ်မက်ထဲထိတိုင်အောင်ဝင်ရောက်နိုင်စွမ်းရှိပါတယ်။ဒါကြောင့် တစ်စုံတစ်ယောက်ကသင့်ကိုအရမ်းသတိရလွမ်းဆွတ်နေတဲ့အတွက်ကြောင့် သင်သူ့ကိုအိပ်မက်မက်ခြင်းဖြစ်ပါတယ်။
(၂) သူ့ကြောင့် သင်နာကျင်ခံစားဖူးလို့
တစ်စုံတစ်ယောက်ကြောင့်နာကျင်ခံစားဖူးတဲ့အခါအဲဒီ့နာကျင်မှုဟာသင့်ရဲ့ရင် ဘတ်တစ်နေရာမှာကိန်းအောင်းနေတတ်ပါတယ်။
ဒီလိုမျိုးသိမ်းဆည်းထားတဲ့ နာကျင်မှုတွေဟာတစ်ခါတစ်လေမှာသင့်အိပ်မက်တွေအဖြစ်ရောက်ရှိလာတတ်ပြီးကိုယ့်ကိုယ်နာကျင်စေခဲ့တဲ့တစ်စုံတစ်ယောက် ဒါမှမဟုတ်သင်မကျေနပ်တဲ့ တစ် ယောက်ယောက်ကသင့်အိပ်မက်ထဲအထိအောင်လိုက်နှောင့်ယှက်တတ်တာ ဖြစ်ပါတယ်။
(၃) သူသင့်အကြောင်း စဉ်းစားနေလို့
တစ်စုံတစ်ယောက်ကိုအိပ်မက်မက်တတ်တာဟာအဲဒီ့လူကသင့်အကြောင်းကို တွေးတောနေတာဒါမှမဟုတ်သင့်အ ကြောင်းအိပ်မက်မက်နေတဲ့အတွက်ကြောင့်ပါတဲ့။
တူညီတဲ့အိပ်မက်ကိုမက်ဖို့ဆိုတာတကယ့်ကိုထူးဆန်းတဲ့အရာဖြစ်ပြီး တစ်စုံ တစ်ယောက်ရဲ့စိတ်ဆန္ဒတွေ၊ခံစားချက်တွေအရမ်းပြင်းထန်တဲ့အချိန်မှာသင့်ရဲ့အိပ်မက်ကိုတစ်စုံတစ်ယောက်ရောက်ရှိနေသလိုပဲသူ့အိပ်မက်ထဲကိုလည်းသင့်ကိုဖိတ်ခေါ်စေနိုင်ပါတယ်။
နောက်ပြီးသင့်အကြောင်းတွေပဲတွေးနေတဲ့သူတစ်ယောက်ဟာလည်းသင့်အိပ် မက်ထဲကိုရောက်လာနိုင်စွမ်းရှိပါတယ်။
(၄) သင် သူ့ကို သဘောကျနေလို့
ကိုယ့်ကတစ်စုံတစ်ယောက်ကို သဘောကျနေတဲ့အခါမှာလည်းသူ့အကြောင်း အိပ်မက်မက်တတ်ပါသေးတယ်။ဥပမာ- ကိုုယ်သဘောကျတဲ့ကောင်လေး၊ကိုယ်လေးစားအားကျရတဲ့သူတစ် ယောက်ယောက်စသဖြင့်အမျိုးမျိုးဖြစ်နိုင်ပါတယ် ။
သင်သဘောကျတဲ့သူဟာသင့်စိတ်ထဲမှာနေရာယူထားတဲ့အတွက်ကြောင့်အဲဒီ့တစ်စုံတစ်ယောက်ကိုအိပ်မက်မက်တတ်တာဖြစ်ပါတယ်။
ခရက်ဒစ် အန်တီမေ
ခရက်ဒစ် အန်တီမေ
Be the first to comment
Leave a Reply
Your email address will not be published.
*