ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ရန်ကြိုးစားခဲ့ သည့်ကလေးငယ်ကိုအား ပေးနှစ်သိမ့်ခဲ့တဲ့ ရဂ်ဘီအသင်း

ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ရန်ကြိုးစားခဲ့ သည့်ကလေးငယ်ကိုအား ပေးနှစ်သိမ့်ခဲ့တဲ့ ရဂ်ဘီအသင်း

ခန္ဓာကိုယ်အရွယ်အစားကြောင့် ကျောင်းမှာအနိုင်ကျင့်ခံခဲ့ရပြီးနောက်ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ကြိုးစားခဲ့တဲ့ သြစတြေးလျနိုင်ငံကအသက် ၉ နှစ်အရွယ် ကလေးငယ်လေးကွာဒန်ဘလက်စ်ဟာတကမ္ဘာလုံးရဲ့နှစ်သိမ့်မှုတွေကိုရရှိခဲ့ပြီးအားပေးသူပရိသတ်ထောင်ချီရှေ့မှာ ရဂ်ဘီလိဂ်အသင်းတသင်းကိုဦးဆောင်ကာ ထွက်ပေါ်လာနိုင်ခဲ့ပါတယ်။

ဘာလက်စ်ဟာအမျိုးသားရဂ်ဘီလိဂ်ပြိုင်ပွဲဝင် Indigenous All Stars နဲ့ New Zealand Maoris အသင်းတို့ရဲ့ စနေနေ့ ပွဲစဉ်မှာ Indigenous All Stars အသင်းကို ဦးဆောင်ကာကွင်းထဲကိုဝင်ရောက်ခွင့် ရရှိခဲ့တာပဲဖြစ်ပါတယ်။

ဘာလက်စ်ဟာဒီအသင်းတသင်းလုံးက အွန်လိုင်းပေါ် ဗွီဒီယိုဖိုင်တခုတင်ဟာ ဒီဖွင့်ပွဲအတွက်ဖိတ်ကြားခဲ့တာဖြစ်ပြီး ဗွီဒီယိုဖိုင်မှာအသင်းခေါင်းဆောင်လတ်ထရယ်မစ်ချယ်က “မင်းကိုငါတို့ နဂိုအတိုင်း ပြန်ဖြစ်အောင်လုပ်ပေးမယ်။ကောင်လေး မင်းဘက်မှာငါတို့အားလုံးရှိနေပါတယ်” လို့လည်းပြောပါတယ်။

ဘာလက်စ်ဟာသြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်ကဖြစ်ပြီးတော့ သီတင်း ပတ်အစောပိုင်းမှာသူ့ရဲ့မိခင်ဖြစ်သူ ယာရာကာကအနိုင်ကျင့်ခံရခြင်းကြောင့်ဖြစ်တဲ့ဆိုးကျိုးတွေအကြောင်းကိုအားလုံး သတိပြုမိစေခဲ့တဲ့ စိတ်ထိခိုက်စရာ ဖေ့စ်ဘွတ်လိုက်ဖ်ဗွီဒီယိုဖိုင်တခုကိုတင်ခဲ့ပါတယ်။

အနိုင်ကျင့်ခံရခြင်းကြောင့်သူမရဲ့သားဖြစ်သူဟာကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့တောင်ကြိုးစားနေခဲ့တယ်လို့လည်းသူမကပြောဆိုခဲ့ပါတယ်။

“ဒါဟာအနိုင်ကျင့်ခံရခြင်းကြောင့်ဖြစ်တဲ့ အကျိုးဆက်တွေပါပဲ။ရှင်တို့အနေနဲ့ ရှင်တို့ သားသမီး၊မိသားစုနဲ့ မိတ်ဆွေတွေကို ဒီလိုမလုပ်ဖို့ဆုံးမပေးနိုင်မလား” လို့ ယာရာကာကမျက်ရည်လည်ရွဲနဲ့ ဒီဗွီဒီယိုဖိုင်မှာ ပြောထားပါတယ်။

အင်္ဂါနေ့မှာတင်ခဲ့တဲ့ဒီဗွီဒီယိုဖိုင်ကိုလူသန်းချီကဝင်ရောက်ကြည့်ရှုခဲ့ကြပြီးကမ္ဘာတဝန်းလုံးကဘာလက်စ်အတွက်ခွန်အားဖြစ်စေမယ့်အားပေးစကားတွေကို ဝိုင်း ဝန်းပြောဆိုခဲ့ကြကာသူ့ကိုဒစ္စနေးလန်းကို ပို့ဆောင်ပေးဖို့အတွက်ရန်ပုံငွေ ကောက် ခံမှုဟာလည်းဒေါ်လာထောင်ချီရရှိခဲ့ပြီးဖြစ်ပါတယ်။

စနေ‌နေ့ ပွဲစဉ်မှာဘာလက်စ်ကို ဖိတ်ကြားခဲ့တဲ့ Indigenous All Stars အသင်းက ၃၀-၁၆ နဲ့ ရှုံးနိမ့်ခဲ့ရပြီး ဒီပွဲကို ဘားလက်စ်က ကွင်းထဲကနေ ကြည့်ရှုခွင့်ရရှိခဲ့ပါတယ်။

အနိုင်ကျင့်ခံရခြင်းကြောင့်ကိုယ့်ကိုယ်ကိုယ်သတ်သေချင်‌ကြောင်း ငိုယိုပြောဆိုနေတဲ့ ဘာလက်စ်ရဲ့ ဗွီဒီယိုဖိုင်တက်လာခဲ့ပြီးနောက်သူ့ကိုဝိုင်းဝန်းအားပေးခဲ့ကြတဲ့ ကမ္ဘာကျော်တွေထဲမှာသြစတြေးလျမင်းသားဟက်ဂျက်မန်းလည်းပါဝင်ခဲ့ပါတယ်။

“မင်းဘာပဲဖြစ်နေနေ။ငါဟာမင်းရဲ့မိတ်ဆွေပါပဲ။ကွာဒရေမင်းဟာမင်း ထင်ထားတာထက်ပိုပြီးတော့ကိုသန်မာပါတယ်ကွ။အားလုံးအနေနဲ့လည်းတဦးကိုတဦးကြင်နာကိုယ်ချင်းစာကြအောင်ဗျာ။အနိုင်ကျင့်တယ်ဆိုတာဘယ်တော့မှ ကောင်းတဲ့အရာဖြစ်လာမှာမဟုတ်ဘူး”လို့လည်းမင်းသားကြီးကတွစ်တာကနေတဆင့်ဘာလက်စ်ကိုအားပေးနှစ်သိမ့်ခဲ့ပါတယ်။

Credit-XyzNews

ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္ရန္ႀကိဳးစားခဲ့ သည့္ကေလးငယ္ကိုအား ေပးႏွစ္သိမ့္ခဲ့တဲ့ ရဂ္ဘီအသင္း

ခႏၶာကိုယ္အ႐ြယ္အစားေၾကာင့္ ေက်ာင္းမွာအနိုင္က်င့္ခံခဲ့ရၿပီးေနာက္ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္ဖို႔ႀကိဳးစားခဲ့တဲ့ ၾသစေၾတးလ်နိဳင္ငံကအသက္ ၉ ႏွစ္အ႐ြယ္ ကေလးငယ္ေလးကြာဒန္ဘလက္စ္ဟာ တကမာၻလုံးရဲ႕ႏွစ္သိမ့္မႈေတြကိုရရွိခဲ့ၿပီး အားေပးသူပရိသတ္ေထာင္ခ်ီေရွ႕မွာ ရဂ္ဘီလိဂ္အသင္းတသင္းကိုဦးေဆာင္ကာ ထြက္ေပၚလာနိုင္ခဲ့ပါတယ္။

ဘာလက္စ္ဟာအမ်ိဳးသားရဂ္ဘီလိဂ္ၿပိဳင္ပြဲဝင္ Indigenous All Stars နဲ႕ New Zealand Maoris အသင္းတို႔ရဲ႕ စေနေန႕ ပြဲစဥ္မွာ Indigenous All Stars အသင္းကို ဦးေဆာင္ကာကြင္းထဲကိုဝင္ေရာက္ခြင့္ ရရွိခဲ့တာပဲျဖစ္ပါတယ္။

ဘာလက္စ္ဟာဒီအသင္းတသင္းလုံးက အြန္လိုင္းေပၚ ဗြီဒီယိုဖိုင္တခုတင္ဟာ ဒီဖြင့္ပြဲအတြက္ဖိတ္ၾကားခဲ့တာျဖစ္ၿပီး ဗြီဒီယိုဖိုင္မွာအသင္းေခါင္းေဆာင္လတ္ထရယ္မစ္ခ်ယ္က “မင္းကိုငါတို႔ နဂိုအတိုင္း ျပန္ျဖစ္ေအာင္လုပ္ေပးမယ္။ေကာင္ေလး မင္းဘက္မွာငါတို႔အားလုံးရွိေနပါတယ္” လို႔လည္းေျပာပါတယ္။

ဘာလက္စ္ဟာၾသစေၾတးလ်နိဳင္ငံ ကြင္းစလန္းျပည္နယ္ကျဖစ္ၿပီးေတာ့ သီတင္း ပတ္အေစာပိုင္းမွာသူ႕ရဲ႕မိခင္ျဖစ္သူ ယာရာကာကအနိုင္က်င့္ခံရျခင္းေၾကာင့္ျဖစ္တဲ့ဆိုးက်ိဳးေတြအေၾကာင္းကိုအားလုံး သတိျပဳမိေစခဲ့တဲ့ စိတ္ထိခိုက္စရာ ေဖ့စ္ဘြတ္လိုက္ဖ္ဗြီဒီယိုဖိုင္တခုကိုတင္ခဲ့ပါတယ္။

အနိုင္က်င့္ခံရျခင္းေၾကာင့္သူမရဲ႕သားျဖစ္သူဟာကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္ဖို႔ေတာင္ႀကိဳးစားေနခဲ့တယ္လို႔လည္းသူမကေျပာဆိုခဲ့ပါတယ္။

“ဒါဟာအနိုင္က်င့္ခံရျခင္းေၾကာင့္ျဖစ္တဲ့ အက်ိဳးဆက္ေတြပါပဲ။ရွင္တို႔အေနနဲ႕ ရွင္တို႔ သားသမီး၊မိသားစုနဲ႕ မိတ္ေဆြေတြကို ဒီလိုမလုပ္ဖို႔ဆုံးမေပးနိုင္မလား” လို႔ ယာရာကာကမ်က္ရည္လည္႐ြဲနဲ႕ ဒီဗြီဒီယိုဖိုင္မွာ ေျပာထားပါတယ္။

အဂၤါေန႕မွာတင္ခဲ့တဲ့ဒီဗြီဒီယိုဖိုင္ကိုလူသန္းခ်ီကဝင္ေရာက္ၾကည့္ရႈခဲ့ၾကၿပီးကမာၻတဝန္းလုံးကဘာလက္စ္အတြက္ခြန္အားျဖစ္ေစမယ့္အားေပးစကားေတြကို ဝိုင္း ဝန္းေျပာဆိုခဲ့ၾကကာသူ႕ကိုဒစၥေနးလန္းကို ပို႔ေဆာင္ေပးဖို႔အတြက္ရန္ပုံေငြ ေကာက္ ခံမႈဟာလည္းေဒၚလာေထာင္ခ်ီရရွိခဲ့ၿပီးျဖစ္ပါတယ္။

စေန‌ေန႕ ပြဲစဥ္မွာဘာလက္စ္ကို ဖိတ္ၾကားခဲ့တဲ့ Indigenous All Stars အသင္းက ၃၀-၁၆ နဲ႕ ရႈံးနိမ့္ခဲ့ရၿပီး ဒီပြဲကို ဘားလက္စ္က ကြင္းထဲကေန ၾကည့္ရႈခြင့္ရရွိခဲ့ပါတယ္။

အနိုင္က်င့္ခံရျခင္းေၾကာင့္ကိုယ့္ကိုယ္ကိုယ္သတ္ေသခ်င္‌ေၾကာင္း ငိုယိုေျပာဆိုေနတဲ့ ဘာလက္စ္ရဲ႕ ဗြီဒီယိုဖိုင္တက္လာခဲ့ၿပီးေနာက္သူ႕ကိုဝိုင္းဝန္းအားေပးခဲ့ၾကတဲ့ ကမာၻေက်ာ္ေတြထဲမွာၾသစေၾတးလ်မင္းသားဟက္ဂ်က္မန္းလည္းပါဝင္ခဲ့ပါတယ္။

“မင္းဘာပဲျဖစ္ေနေန။ငါဟာမင္းရဲ႕မိတ္ေဆြပါပဲ။ကြာဒန္ေရ… မင္းဟာမင္း ထင္ထားတာထက္ပိုၿပီးေတာ့ကိုသန္မာပါတယ္ကြ။အားလုံးအေနနဲ႕လည္းတဦးကိုတဦးၾကင္နာကိုယ္ခ်င္းစာၾကေအာင္ဗ်ာ။အနိုင္က်င့္တယ္ဆိုတာဘယ္ေတာ့မွ ေကာင္းတဲ့အရာျဖစ္လာမွာမဟုတ္ဘူး” လို႔လည္းမင္းသားႀကီးကတြစ္တာကေနတဆင့္ဘာလက္စ္ကိုအားေပးႏွစ္သိမ့္ခဲ့ပါတယ္။

Credit-XyzNews

Be the first to comment

Leave a Reply

Your email address will not be published.


*