တစ်သက်လုံး အလုပ်မလုပ်ဘဲ ထိုင်စားလို့မကုန်တဲ့ ငွေတွေစုမိခဲ့လို့ (၂၄) နှစ်မှာပဲ အငြိမ်းစားယူခဲ့တဲ့သူ

တစ်သက်လုံး အလုပ်မလုပ်ဘဲ ထိုင်စားလို့မကုန်တဲ့ ငွေတွေစုမိခဲ့လို့ (၂၄) နှစ်မှာပဲ အငြိမ်းစားယူခဲ့တဲ့သူ

ကျွန်တော်တို့ဟာဆယ်ကျော်သက်အရွယ်ကစလို့အသက် ၂၀၊ ၃၀၊ ၄၀ တန်း တချို့ဆိုရင်၅၀၊ ၆၀တန်းအထိကိုစားဝတ်နေရေးအတွက်ရုန်းကန်လှုပ်ရှားရ၊ပူပင်နေရတုန်းပဲမဟုတ်လား။တကယ်တော့ဘယ်သူမဆိုတော့အသက်ကြီးလာရင်အနားယူချင်ကြတာချည်းပါပဲလေ။ဒီအတွက်ဒီလူငယ်လေးကတော့ကျွန်တေ်ာတို့အတွက်သဓကကောင်းတစ်ခုဖြစ်မယ်လို့မြင်မိပါတယ်။

သူဟာတက္ကသိုလ်ကျောင်းသားဘဝကစအလုပ်လုပ်ခဲ့ပြီးအသက် ၂၄ နှစ်မှာတော့တစ်သက်လုံးအတွက်ဘဏ္ဍာရေးဖူလှုံသွားခဲ့တာကြောင့်အလုပ်မလုပ်ဘဲထိုင်စားနိုင်တဲ့အခြေအနေကိုရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။ဘဝမှာသူဘယ်လိုရုန်းကန်ခဲ့တယ်ဆိုတဲ့နည်းလမ်းတွေကိုကျွန်တော်တို့တစ်ချက်လောက်လေ့လာလိုက်ကြရအောင်လား။Lad Bible မှကိုးကားဖော်ပြပေးလိုက်ပါတယ်။

Mike ရဲ့ လျှို့ဝှက်ချက်ကတော့(၁)အနည်းဆုံးသုံးပါ(၂) ရသမျှကုန်ရုန်းရှာပါ(၃)သူများနဲ့လိုက်မယှဉ်ပါနဲ့တဲ့။ဒါပေမဲ့သူ့အတွက်အခက်ခဲဆုံးအပိုင်းကတော့ဒီစည်းကမ်းချက်တွေအကုန်လုံးကိုလိုက်နာတာပါပဲတဲ့လေ။

သူ့ရဲ့ငယ်ဘဝကသာမန်ဘဝမျိုးအနေနဲ့တောင်ပြည့်စုံစွာမနေခဲ့ရပါဘူး။ဘာကြောင့်ဆိုရင်တစ်ဦးတည်းရပ်တည်နေတဲ့မိခင်ရဲ့လက်အောက်မှာကြီးပြင်းခဲ့ရသူဖြစ်ပါတယ်ဒါကြောင့်တက္ကသိုလ်တက်တော့လည်းမိခင်ကိုဒုက္ခမပေးချင်တဲ့အတွက်ကြောင့်ပညာတော်သင်ဆုရအောင်ကြိုးစားခဲ့ပါတယ်။တကယ်လည်းပညာတော်သင်ဆုရခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ်တက္ကသိုလ်စစတက်ချင်းမှာတင် Mike ဟာအလုပ်စလုပ်ခဲ့ပါတော့တယ်။သာမန်ဝန်ထမ်းလစာထက်များတယ်ဆိုရုံလောက်ပဲများတဲ့ပမာဏနဲ့တက္ကသိုလ်တက်ရင်းလုပ်ခန်းခွင်ထဲစဝင်သွားခဲ့ပါတယ်။နွေရာသီကျောင်းလည်းပိတ်ရောနယ်စပ်ဝန်ဆောင်မှုမှာအလုပ်ရခဲ့ပြီးအရင်အလုပ်ထက်လစာပိုကောင်းကောင်းရခဲ့ပါတယ်။

ဒါနဲ့ပဲဒုတိယနှစ်မှာပဲကိုယ့်ဝင်ငွေနဲ့ကိုယ်အခန်းငှားနေနိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့အဲဒီအချိန်တုန်းကတစ်ခန်းကိုဒေါ်လာ၄၀၀ လောက်ပေါက်နေတဲ့အချိန်မှာသူ့အခန်းကဒေါ်လာ ၂၀၀ ကျော်ပဲရအောင်ရှာငှားခဲ့တာပဲဖြစ်ပါတယ်။ဒါဟာ Mike ရဲ့အသုံးစရိတ်ခြွေတာမှုပါ။အခန်းကဈေးပေါတော့ခုတင်တစ်လုံးနဲ့ပစ္စည်းတချို့လောက်ပဲထားလို့ဆန့်ပေမယ့်လို့ညဖက်အိပ်ရုံလောက်ပဲဆိုတော့ Mike အတွက်အဆင်ပြေတယ်လေ။

နောက်ချစ်သူရလာတော့ချစ်သူနဲ့ ၄၅၅ ဒေါ်လာတန်အခန်းလေးတစ်ခန်းအတူတူငှားနေခဲ့ပြီး wifi ကိုတောင်အိမ်နီးနားချင်းတွေနဲ့စပ်တူသုံးကာအသုံးစရိတ်ကိုခြွေတာခဲ့တာပါ။နောက် သွားရေးလာရေးအတွက်ကိုလည်းဘတ်စ်ကားခတို့၊မြေအောက်ရထားခတို့မကုန်စေချင်လို့အတွက်စက်ဘီတစ်စီးကိုအောက်ဈေးနဲ့ဈေးပေါပေါဝယ်ခဲ့ပြီးချစ်သူနှစ်ယောက်ဘယ်သွားသွားစက်ဘီးလေးနင်းကာသွားခဲ့ကြပါတယ်တဲ့လေ။

တကယ်တော့ Mike ဟာ FIRE ဆိုတဲ့နည်းလမ်းတစ်ခုကိုလိုက်နာနေခဲ့တာပါ။အကျယ်ဖြန့်ရရင်တော့ “Financial  Independence and Retire Early”ပဲဖြစ်ပါတယ်။ပိုက်ဆံတွေကိုလည်းတတ်နိုင်သလောက်အပိုကုန်အောင်လုံးဝမသုံးခဲ့ပါဘူး။ဥပမာချစ်သူနဲ့ဒိတ်ရင်အပြင်မှာဝယ်စားမယ့်အစားအိမ်မှာပဲချက်စားတာတို့၊အိမ်မှာပဲရုပ်ရှင်ကြည့်တာတို့လိုမျိုးပေါ့။နောက်အင်္ကျီဆိုရင်လည်းအသစ်မဝယ်၊ဖုန်းဆိုလည်းမော်ဒယ်အသစ်ထွက်တိုင်းမဝယ်ခဲ့ပါဘူးတဲ့။ပစ္စည်းတစ်ခုကိုလုံးဝသုံးမရမှ အသစ်ဝယ်ခဲ့တာပါ။

ဒီလို FIRE နည်းလမ်းကိုလည်းချစ်သူသဘောကျတဲ့အတွက်သူမကိုယ်တိုင်ပါ Mikeလိုလုပ်ခဲ့ပါတော့တယ်။ဒါကြောင့် အသက် ၁၉ နှစ်မှာပဲနှစ်ယောက်သားခြိုးခြံခြွေတာရင်းနေထိုင်ရာလန်ဒန်မှာပဲအိမ်လေးတစ်လုံးဝယ်ခဲ့ပါတော့တယ်။အဲဒီအိမ်ဟာလည်းဒေါ်လာ ၁ သိန်းခွဲရှိနေတဲ့အတွက်သူတို့စုထားသမျှအကုန်လုံးနီးပါးကုန်သွားခဲ့ပါပြီ။ဒါကြောင့်အိမ်စရိတ်ပြန်ကာမိအောင်ဆိုပြီး Mike ဟာအိမ်ထဲမှာရှိသမျှအခန်းတွေအားလုံးကို အိမ်ငှားတင်ခဲ့ပါတော့တယ်။သူရယ်၊ချစ်သူရယ်နောက်ထပ်အိမ်ငှား ၄ ယောက်ရယ်ပေ့ါ။မြေအောက်ခန်းမှာနေတဲ့အိမ်ငှားက တော့အိမ်လခအစားလျှပ်စစ်မီတာကိုပေးဆောင်ရင်းနေစေခဲ့ပါတယ်တဲ့။

ဒီလိုနဲ့ကျောင်းတက်လိုက်၊အလုပ်လုပ်လိုက်၊ပိုက်ဆံစုလိုက်နဲ့ နှစ်ယောက်သားကျောင်းပြီးသွားတဲ့အချိန်မှာတော့ပညာသင်စရိတ်အကြွေးကင်းမဲ့စွာနဲ့ပဲဘွဲု့ယူခဲ့ရတဲ့အပြင်ကိုမှဘဏ်ထဲမှာပါ စုငွေတွေပါရှိနေခဲ့ပါပြီ။ဒါဟာအနောက်နိုင်ငံကသာမန်လူစားတန်းတွေမှာတောင်မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါ။

ဒီလိုနဲ့ Mike ဟာသူ့ထက်အသက် ၁ နှစ်ကြီးတဲ့ချစ်သူနဲ့ ၂၀၁၄ ခုနှစ်မှာလက်ထပ်ခဲ့ပါတော့တယ်။အဲဒီအချိန် Mike ဟာ တစ်လကိုဒေါ်လာ ၃,၅၀၀ ရခဲ့ပြီးဇနီးသည်ကတော့တစ်လကိုဒေါ်လာ ၁၃၀၀ကျော်နဲ့ရပ်တည်ခဲ့ပါတယ်နောက်ထပ်အိမ်တစ်လုံးထပ်ဝယ်ဖို့အတွက်အိမ်တန်ဖိုးရဲ့ ၈၀% ကိုဘဏ်မှပိုက်ဆံချေးခဲ့ပြီးအိမ်တန်ဖိုးကျေတဲ့အထိ Mike ရဲ့လစာထဲကပေးပိုတဲ့ငွေတွေကိုစု၊ အသုံးစရိတ်ကိုတော့ဇနီးရဲ့ငွေထဲကပေးနဲ့နေလာရင်း ၃ နှစ်အတွင်းမှာပဲလုံးချင်းအိမ်လေးတွေ၊တိုက်ခန်းတွေ ၁၀နေရာလောက်ပိုင်ဆိုင်သွားခဲ့ပါပြီ။

အဲဒီအချိန် Mikeတစ်ယောက်အသက် ၂၄ နှစ်။ ကုမ္ပဏီမှာလည်းဝန်ထမ်းအဖြစ်လုပ်ကိုင်နေတုန်းပါ။ဒါပေမဲ့သူ့ရဲ့ ရည်မှန်း ချက်ကဒေါ်လာ ၄၈၅,၀၀၀ စုမိတာနဲ့အလုပ်မလုပ်ဘဲ ထိုင်စားဖို့ဆိုတော့သူ့မှာရှိတဲ့ပိုင်ဆိုင်မှုတွေဟာဒေါ်လာ ၇၆၀,၀၀၀ တောင်ရှိနေခဲ့ပြီမလို့မိသားစုတစ်စုလုံးအသက်သေသည့်တိုင်းအောင်လောက်လာက်ငှငှနဲ့လူတန်းစေ့နေနိုင်တဲ့အပြင်ကိုခရီးတွေပါ သွားလာနိုင်တဲ့အခြေအနေမျိုးပါ။ဒါကြောင့်အသက် ၂၄ နှစ်မှာစောစောစီးစီးနဲ့အနားယူဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။

ဒါနဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာတော့သူဌေးကိုအလုပ်ထွက်မယ်ဆိုပြီး ပြောခဲ့ပါတယ်။သူဌေးကသူ့ကိုအသက်၂၀ ကျော်လူငယ်တွေဖြစ်လေ့ဖြစ်ထရှိတဲ့စိတ်ဓာတ်ကျပြီးကယောက် ကယက်ဖြစ်တယ်ဆိုပြီးထင်ကာမင်းကိုအချိန် ၆ လပေးမယ်၊ဒီကြားထဲပြန်လာချင်လာဆိုပြီးတောင်ပြောခဲ့ပါတယ်တဲ့။ Mike တစ်ယောက်အနားယူလည်းပြီးရောတစ်နှစ်အကြာမှာဇနီးသည်လည်း အနားယူခဲ့ပါတယ်။အခုဆိုရင် မိသားစုတစ်စုလုံးရဲ့အသုံးစရိတ်ဟာဒေါ်လာ ၂,၃၀၀ ရှိနေပါတယ်။ဒါကြောင့်အချိန်ရရင်ရသလို ခရီးတွေလည်းထွက်နေကာမိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ဘဝလေးကို ဖြတ်သန်းနေခဲ့ပါပြီ။

Penny

တစ္သက္လုံး အလုပ္မလုပ္ဘဲ ထိုင္စားလို႔မကုန္တဲ့ ေငြေတြစုမိခဲ့လို႔ (၂၄) ႏွစ္မွာပဲ အၿငိမ္းစားယူခဲ့တဲ့သူ

ကြၽန္ေတာ္တို႔ဟာဆယ္ေက်ာ္သက္အ ႐ြယ္ကစလို႔အသက္ ၂၀၊ ၃၀၊ ၄၀ တန္း တခ်ိဳ႕ဆိုရင္၅၀၊ ၆၀တန္းအထိကိုစားဝတ္ေနေရးအတြက္႐ုန္းကန္လႈပ္ရွားရ၊ပူပင္ေနရတုန္းပဲမဟုတ္လား။တကယ္ေတာ့ဘယ္သူမဆိုေတာ့အသက္ႀကီးလာရင္အနားယူခ်င္ၾကတာခ်ည္းပါပဲေလ။ဒီအတြက္ဒီလူငယ္ေလးကေတာ့ ကြၽန္ေတ္ာတို႔အတြက္သဓကေကာင္းတစ္ခု ျဖစ္မယ္လို႔ ျမင္မိပါတယ္။

သူဟာတကၠသိုလ္ေက်ာင္းသားဘဝကစ အလုပ္လုပ္ခဲ့ၿပီးအသက္၂၄ ႏွစ္မွာေတာ့ တစ္သက္လုံးအတြက္ဘ႑ာေရးဖူလႈံသြားခဲ့တာေၾကာင့္အလုပ္မလုပ္ဘဲ ထိုင္စားနိုင္တဲ့အေျခအေနကိုေရာက္ရွိသြားခဲ့တာပဲျဖစ္ပါတယ္။ဘဝမွာသူဘယ္လို႐ုန္းကန္ခဲ့တယ္ဆိုတဲ့နည္းလမ္းေတြကိုကြၽန္ေတာ္တို႔တစ္ခ်က္ေလာက္ေလ့လာလိုက္ၾကရေအာင္လား။ Lad Bible မွကိုးကားေဖာ္ျပေပးလိုက္ပါတယ္။

Mike ရဲ႕ လွ်ို႔ဝွက္ခ်က္ကေတာ့(၁)အနည္းဆုံးသုံးပါ (၂)ရသမွ်ကုန္႐ုန္းရွာပါ(၃)သူမ်ားနဲ႕လိုက္မယွဥ္ပါနဲ႕တဲ့။ ဒါေပမဲ့သူ႕အတြက္အခက္ခဲဆုံးအပိုင္းကေတာ့ဒီစည္းကမ္းခ်က္ေတြအကုန္လုံးကိုလိုက္နာတာပါပဲတဲ့ေလ။

သူ႕ရဲ႕ငယ္ဘဝကသာမန္ဘဝမ်ိဳးအေနနဲ႕ေတာင္ျပည့္စုံစြာမေနခဲ့ရပါဘူး။ဘာေၾကာင့္ဆိုရင္တစ္ဦးတည္းရပ္တည္ေနတဲ့မိခင္ရဲ႕လက္ေအာက္မွာႀကီးျပင္းခဲ့ရသူျဖစ္ပါတယ္ဒါေၾကာင့္တကၠသိုလ္တက္ေတာ့လည္းမိခင္ကိုဒုကၡမေပးခ်င္တဲ့အတြက္ေၾကာင့္ပညာေတာ္သင္ဆုရေအာင္ႀကိဳးစားခဲ့ပါတယ္။တကယ္လည္းပညာေတာ္သင္ဆုရခဲ့ပါတယ္။

အသက္ ၁၇ ႏွစ္အ႐ြယ္တကၠသိုလ္စစတက္ခ်င္းမွာတင္ Mikeဟာအလုပ္စလုပ္ခဲ့ပါေတာ့တယ္။သာမန္ဝန္ထမ္းလစာထက္မ်ားတယ္ဆို႐ုံေလာက္ပဲမ်ားတဲ့ပမာဏနဲ႕ တကၠသိုလ္တက္ရင္းလုပ္ခန္းခြင္ထဲစဝင္သြားခဲ့ပါတယ္။ေႏြရာသီေက်ာင္းလည္းပိတ္ေရာနယ္စပ္ဝန္ေဆာင္မႈမွာအလုပ္ရခဲ့ၿပီးအရင္အလုပ္ထက္လစာပိုေကာင္းေကာင္းရခဲ့ပါတယ္။

ဒါနဲ႕ပဲဒုတိယႏွစ္မွာပဲကိုယ့္ဝင္ေငြနဲ႕ကိုယ္ အခန္းငွားေနနိုင္ခဲ့ပါေတာ့တယ္။ဒါေပမဲ့ အဲဒီအခ်ိန္တုန္းကတစ္ခန္းကိုေဒၚလာ၄၀၀ ေလာက္ ေပါက္ေနတဲ့အခ်ိန္မွာသူ႕အခန္းကေဒၚလာ၂၀၀ ေက်ာ္ပဲရေအာင္ရွာငွားခဲ့တာပဲျဖစ္ပါတယ္။ဒါဟာ Mike ရဲ႕ အသုံးစရိတ္ေႁခြတာမႈပါ။အခန္းကေဈးေပါေတာ့ခုတင္တစ္လုံးနဲ႕ပစၥည္းတခ်ိဳ႕ေလာက္ပဲထားလို႔ဆန့္ေပမယ့္လို႔ ညဖက္အိပ္႐ုံေလာက္ပဲဆိုေတာ့ Mike အတြက္အဆင္ေျပတယ္ေလ။

ေနာက္ခ်စ္သူရလာေတာ့ခ်စ္သူနဲ႕ ၄၅၅ ေဒၚလာတန္အခန္းေလးတစ္ခန္းအတူတူငွားေနခဲ့ၿပီး wifi ကိုေတာင္ အိမ္နီးနားခ်င္းေတြနဲ႕စပ္တူသုံးကာအသုံးစရိတ္ကိုေႁခြတာခဲ့တာပါ။ေနာက္ သြားေရးလာေရးအတြက္ကိုလည္း ဘတ္ စ္ကားခတို႔၊ေျမေအာက္ရထားခတို႔မကုန္ေစခ်င္လို႔အတြက္စက္ဘီတစ္စီးကိုေအာက္ေဈးနဲ႕ေဈးေပါေပါဝယ္ခဲ့ၿပီး ခ်စ္သူႏွစ္ေယာက္ဘယ္သြားသြားစက္ဘီးေလးနင္းကာ သြားခဲ့ၾကပါတယ္တဲ့ေလ။

တကယ္ေတာ့ Mike ဟာ FIRE ဆိုတဲ့နည္းလမ္းတစ္ခုကိုလိုက္နာေနခဲ့တာပါ။အက်ယ္ျဖန့္ရရင္ေတာ့ “Financial  Independence and Retire Early” ပဲျဖစ္ပါတယ္။ပိုက္ဆံေတြကိုလည္းတတ္နိုင္သေလာက္အပိုကုန္ေအာင္လုံးဝမသုံးခဲ့ပါဘူး။ဥပမာခ်စ္သူနဲ႕ဒိတ္ရင္အျပင္မွာဝယ္စားမယ့္အစားအိမ္မွာပဲခ်က္စားတာတို႔၊ အိမ္မွာပဲ႐ုပ္ရွင္ၾကည့္တာတို႔လိုမ်ိဳးေပါ့။ေနာက္အကၤ်ီဆိုရင္လည္းအသစ္မဝယ္၊ ဖုန္းဆိုလည္းေမာ္ဒယ္အသစ္ထြက္တိုင္းမဝယ္ခဲ့ပါဘူးတဲ့။ပစၥည္းတစ္ခုကိုလုံးဝသုံးမရမွ အသစ္ဝယ္ခဲ့တာပါ။

ဒီလို FIRE နည္းလမ္းကိုလည္းခ်စ္သူသသေဘာက်တဲ့အတြက္သူမကိုယ္တိုင္ပါ Mike လိုလုပ္ခဲ့ပါေတာ့တယ္။ဒါေၾကာင့္ အသက္ ၁၉ ႏွစ္မွာပဲႏွစ္ေယာက္သား ၿခိဳးၿခံေႁခြတာရင္းေနထိုင္ရာလန္ဒန္မွာပဲအိမ္ေလးတစ္လုံးဝယ္ခဲ့ပါေတာ့တယ္။အဲဒီအိမ္ဟာလည္းေဒၚလာ ၁ သိန္းခြဲရွိေနတဲ့အတြက္သူတို႔စုထားသမွ်အကုန္လုံးနီးပါးကုန္သြားခဲ့ပါၿပီ။ဒါေၾကာင့္အိမ္စရိတ္ျပန္ကာမိေအာင္ဆိုၿပီးMike ဟာ အိမ္ထဲမွာရွိသမွ်အခန္းေတြအားလုံးကိုအိမ္ငွားတင္ခဲ့ပါေတာ့တယ္။သူရယ္၊ခ်စ္သူရယ္ေနာက္ထပ္အိမ္ငွား ၄ ေယာက္ရယ္ေပ့ါ။ေျမေအာက္ခန္းမွာေနတဲ့အိမ္ငွားကေတာ့အိမ္လခအစား လွ်ပ္စစ္မီတာကိုေပးေဆာင္ရင္းေနေစခဲ့ပါတယ္တဲ့။

ဒီလိုနဲ႕ ေက်ာင္းတက္လိုက္၊အလုပ္လုပ္လိုက္၊ပိုက္ဆံစုလိုက္နဲ႕ ႏွစ္ေယာက္သားေက်ာင္းၿပီးသြားတဲ့အခ်ိန္မွာေတာ့ပညာသင္စရိတ္အေႂကြးကင္းမဲ့စြာနဲ႕ပဲ ဘြဲု႔ယူခဲ့ရတဲ့အျပင္ကိုမွဘဏ္ထဲမွာပါစုေငြေတြပါရွိေနခဲ့ပါၿပီ။ဒါဟာအ ေနာက္နိုင္ငံကသာမန္လူစားတန္းေတြမွာေတာင္ မျဖစ္နိုင္တဲ့ကိစၥတစ္ခုပါ။

ဒီလိုနဲ႕ Mikeဟာသူ႕ထက္ အသက္ ၁ ႏွစ္ႀကီးတဲ့ခ်စ္သူနဲ႕ ၂၀၁၄ခုႏွစ္မွာလက္ထပ္ခဲ့ပါေတာ့တယ္။အဲဒီအခ်ိန္ Mike ဟာ တစ္လကိုေဒၚလာ ၃,၅၀၀ ရခဲ့ၿပီးဇနီးသည္ကေတာ့တစ္လကို ေဒၚလာ၁၃၀၀ ေက်ာ္နဲ႕ ရပ္တည္ခဲ့ပါတယ္ေနာက္ ထပ္အိမ္တစ္လုံးထပ္ဝယ္ဖို႔အတြက္ အိမ္တန္ဖိုးရဲ႕ ၈၀% ကို ဘဏ္မွပိုက္ဆံေခ်းခဲ့ၿပီးအိမ္တန္ဖိုးေက်တဲ့အထိ Mike ရဲ႕ လစာထဲကေပးပိုတဲ့ေငြေတြကိုစု၊အသုံးစရိတ္ကိုေတာ့ဇနီးရဲ႕ေငြထဲက ေပးနဲ႕ ေနလာရင္း ၃ ႏွစ္အတြင္းမွာပဲလုံးခ်င္းအိမ္ေလးေတြ၊တိုက္ခန္းေတြ ၁၀ ေနရာေလာက္ပိုင္ဆိုင္သြားခဲ့ပါၿပီ။

အဲဒီအခ်ိန္ Mike တစ္ေယာက္ အသက္ ၂၄ ႏွစ္။ကုမၸဏီမွာလည္းဝန္ထမ္းအျဖစ္လုပ္ကိုင္ေနတုန္းပါ။ဒါေပမဲ့ သူ႕ရဲ႕ ရည္မွန္းခ်က္ကေဒၚလာ ၄၈၅,၀၀၀ စုမိတာနဲ႕ အလုပ္မလုပ္ဘဲထိုင္စားဖို႔ဆိုေတာ့သူ႕မွာရွိတဲ့ ပိုင္ဆိုင္မႈေတြဟာေဒၚလာ ၇၆၀,၀၀၀ေတာင္ရွိေနခဲ့ၿပီမလို႔ မိသားစုတစ္စုလုံးအသက္ေသသည့္တိုင္းေအာင္ေလာက္လာက္ငွငွနဲ႕ လူတန္းေစ့ေနနိုင္တဲ့အျပင္ကို ခရီးေတြပါ သြားလာနိုင္တဲ့အေျခအေနမ်ိဳးပါ။ဒါေၾကာင့္အသက္ ၂၄ ႏွစ္မွာ ေစာေစာစီးစီးနဲ႕ အနားယူဖို႔ ဆုံးျဖတ္ခဲ့ပါေတာ့တယ္။

ဒါနဲ႕ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလမွာေတာ့သူေဌးကိုအလုပ္ထြက္မယ္ဆိုၿပီး ေျပာခဲ့ပါတယ္။သူေဌးကသူ႕ကိုအသက္ ၂၀  ေက်ာ္လူငယ္ေတြျဖစ္ေလ့ျဖစ္ထရွိတဲ့ စိတ္ဓာတ္က်ၿပီးကေယာက္ကယက္ျဖစ္တယ္ဆိုၿပီးထင္ကာမင္းကိုအခ်ိန္ ၆ လေပးမယ္၊ဒီၾကားထဲျပန္လာခ်င္လာဆိုၿပီးေတာင္ေျပာခဲ့ပါတယ္တဲ့။ Mikeတစ္ေယာက္အနားယူလည္းၿပီးေရာတစ္ႏွစ္အၾကာမွာဇနီးသည္လည္း အနားယူခဲ့ပါတယ္။အခုဆိုရင္ မိသားစုတစ္စုလုံးရဲ႕ အသုံးစရိတ္ဟာ ေဒၚလာ ၂,၃၀၀ ရွိေနပါတယ္။ဒါေၾကာင့္အခ်ိန္ရရင္ရသလိုခရီးေတြလည္းထြက္ေနကာမိသားစုနဲ႕ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ဘဝေလးကို ျဖတ္သန္းေနခဲ့ပါၿပီ။

Penny