ဝိုင်းစုခိုင်သိန်းဆီက လွတ်မြောက်ချင်တဲ့မယ်လိုဒီ

“ဝိုင်းစုခိုင်သိန်းဆီက လွတ်မြောက်ချင်တဲ့မယ်လိုဒီ”

မယ်လိုဒီကတော့အနုပညာလောကမှာ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုအပြည့်အဝရရှိခဲ့သူတစ်ယောက်ဖြစ်ပြီး အိမ် ထောင်ပြုပြီးနောက်မှာတော့အနုပညာအလုပ်တွေကိုရပ်နားခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့လိမ္မာရေးခြားရှိပြီး သိ တတ်တဲ့သားလေးသိဒ္ဓိစစ်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။မယ်လိုဒီကတော့ စာရေးတာဝါသနာပါတဲ့အတွက်စာတိုလေးတွေရေးပြီးသူ့ရဲ့ဖေ့ဘွတ်ခ်စာ မျက်နှာမှာ မျှဝေလေ့ရှိသူတစ်ယောက်ပါ။

ဝိုင်းစုခိုင်သိန်းကတော့ခံစားချက်အပြည့်ပါတဲ့သီချင်းအေးအေးလေးတွေကိုသီဆိုလေ့ရှိသူတစ်ယောက်ဖြစ်ပြီးသီချင်းတိုင်းကိုပရိသတ်ရဲ့ပါးစပ်ဖျားမှာစွဲအောင်သီဆိုနိုင်သူတစ်ယောက်ပါ။ မကြာသေးခင်က “နွားကျောင်းသူ” သီ ချင်းအယ်လ်ဘမ်ကိုထွက်ရှိခဲ့ပြီး ပရိ သတ်တွေရဲ့နှစ်ခြိုက်အားပေးမှုကိုရရှိခဲ့တာဖြစ်ပါတယ်။မယ်လိုဒီကတော့ ဒီအခွေလေးထဲက“ငါကြောင့်မို့”ဆိုတဲ့သီချင်းလေးကိုအရမ်းကြိုက်နေတာဖြစ်ပြီးသီချင်းအပေါ်မှာခံစားသက်ဝင်မှုအားကြီးလွန်းသွားတာကြောင့် လွတ် မြောက်ချင်နေပြီလို့ ရေးသားခဲ့တာဖြစ်ပါတယ်။

“ဝိုင်းစုရေ..အစ်မကိုလွတ်မြောက်ခွင့်ပေးပါတော့..ဒီသီချင်းကို စိတ်ထဲကနေဆိုနေတာရပ်မရဘူး..နေ့ဆို..ညဆို..အိပ်ယာထဲမှာဆိုတရေးနိုးပြန်အိပ်မရ စိတ်ထဲကနေဆို…ကားမောင်းရင်းဆို…ရေချိုးရင်းဆို…ကယ်ကြပါဦး…ဒီည Good Night Song လေးအဖြစ်တင်ပေးလိုက်ပါတယ်တစ် ယောက်ယောက် လွှဲယူလိုက်ကြပါလားဟင်’’ လို့ရေးသားခဲ့တာဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းရဲ့သီချင်းလေးကလည်းမယ်လိုဒီအရမ်းကြိုက်ရလောက်အောင်ကောင်းလွန်းတာကြောင့်ပရိသတ်ကြီးလည်းခံစားနားဆင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။

Source – Melody Myo

Rainbow- Cele Gabar

“ဝိုင္းစုခိုင္သိန္းဆီက လြတ္ေျမာက္ခ်င္တဲ့မယ္လိုဒီ”

မယ္လိုဒီကေတာ့အႏုပညာေလာကမွာ ပရိသတ္ရဲ႕ခ်စ္ခင္အားေပးမႈအျပည့္အဝရရွိခဲ့သူတစ္ေယာက္ျဖစ္ၿပီး အိမ္ ေထာင္ျပဳၿပီးေနာက္မွာေတာ့အႏုပညာအလုပ္ေတြကိုရပ္နားခဲ့တာျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာေတာ့လိမၼာေရးျခားရွိၿပီး သိ တတ္တဲ့သားေလးသိဒၶိစစ္ကိုပိုင္ဆိုင္ထားတာျဖစ္ပါတယ္။မယ္လိုဒီကေတာ့ စာေရးတာဝါသနာပါတဲ့အတြက္စာတိုေလးေတြေရးၿပီးသူ႕ရဲ႕ေဖ့ဘြတ္ခ္စာ မ်က္ႏွာမွာ မွ်ေဝေလ့ရွိသူတစ္ေယာက္ပါ။

ဝိုင္းစုခိုင္သိန္းကေတာ့ခံစားခ်က္အျပည့္ပါတဲ့သီခ်င္းေအးေအးေလးေတြကိုသီဆိုေလ့ရွိသူတစ္ေယာက္ျဖစ္ၿပီးသီခ်င္းတိုင္းကိုပရိသတ္ရဲ႕ပါးစပ္ဖ်ားမွာစြဲေအာင္သီဆိုနိုင္သူတစ္ေယာက္ပါ။ မၾကာေသးခင္က “ႏြားေက်ာင္းသူ” သီ ခ်င္းအယ္လ္ဘမ္ကိုထြက္ရွိခဲ့ၿပီး ပရိ သတ္ေတြရဲ႕ႏွစ္ၿခိဳက္အားေပးမႈကိုရရွိခဲ့တာျဖစ္ပါတယ္။မယ္လိုဒီကေတာ့ ဒီအေခြေလးထဲက“ငါေၾကာင့္မို႔”ဆိုတဲ့သီခ်င္းေလးကိုအရမ္းႀကိဳက္ေနတာျဖစ္ၿပီးသီခ်င္းအေပၚမွာခံစားသက္ဝင္မႈအားႀကီးလြန္းသြားတာေၾကာင့္ လြတ္ ေျမာက္ခ်င္ေနၿပီလို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

“ဝိုင္းစုေရ..အစ္မကိုလြတ္ေျမာက္ခြင့္ေပးပါေတာ့..ဒီသီခ်င္းကို စိတ္ထဲကေနဆိုေနတာရပ္မရဘူး..ေန႕ဆို..ညဆို..အိပ္ယာထဲမွာဆိုတေရးနိုးျပန္အိပ္မရ စိတ္ထဲကေနဆို…ကားေမာင္းရင္းဆို…ေရခ်ိဳးရင္းဆို…ကယ္ၾကပါဦး…ဒီည Good Night Song ေလးအျဖစ္တင္ေပးလိုက္ပါတယ္တစ္ ေယာက္ေယာက္ လႊဲယူလိုက္ၾကပါလားဟင္’’ လို႔ေရးသားခဲ့တာျဖစ္ပါတယ္။ ဝိုင္းစုခိုင္သိန္းရဲ႕သီခ်င္းေလးကလည္းမယ္လိုဒီအရမ္းႀကိဳက္ရေလာက္ေအာင္ေကာင္းလြန္းတာေၾကာင့္ပရိသတ္ႀကီးလည္းခံစားနားဆင္နိုင္ဖို႔ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – Melody Myo

Rainbow- Cele Gabar