စီးပွားရေးသမားနဲ့ ဝန်ထမ်း ကွာခြားချက်များ
စီးပွားရေးသမားနဲ့ ဝန်ထမ်း ကွာခြားချက်များ
သူတို့ရဲ့အောက်ပါကွာခြားချက်တွေကို သတိထားမိပါရဲ့လား။
ကွာခြားချက် (၁)
စီးပွားရေးသမားတွေဟာသူတို့ကိုယ်သူတို့ယုံကြည်စိတ်ချလို့စွန့်စားကြတယ်။
ဝန်ထမ်းတွေကတော့ကြောက်ရွံ့စိုးရိမ်မှုကြောင့်မစွန့်စားကြဘူး။
ကွာခြားချက် (၂)
စီးပွားရေးသမားတွေဟာအနာဂတ်ကိုရှုမြင်တတ်ကြတယ်။
ဝန်ထမ်းတွေဟာအတိတ်ကာလကနေ ရုန်းမထွက်နိုင်ကြဘူး။
ကွာခြားချက် (၃)
စီးပွားရေးသမားတွေဟာလင်းယုန်ငှက်တွေအမြင့်မှာပျံသန်းပြီးအစာရှာသလို အပေါ်စီးကနေအခွင့်အလမ်းကိုရှာနေကြတယ်။
ဝန်ထမ်းတွေဟာကြက်ကလေးတွေလို မြေကြီးမှာပဲအစာယက်ရှာဖွေနေကြတယ်။
ကွာခြားချက် (၄)
စီးပွားရေးသမားတွေကကြွယ်ဝချမ်းသာမှုကို ရှာနေကြတယ်။
ဝန်ထမ်းတွေကပိုက်ဆံရဖို့ရှာနေကြတယ်။
ကွာခြားချက် (၅)
စီးပွားရေးသမားကပြောတယ်။ “ခုလိုဖြစ်တာငါ့မှာတာဝန်ရှိတယ်”တဲ့။
ဝန်ထမ်းက ပြောတယ်။ “အဲ့ဒါ ကျနော့်အမှား မဟုတ်ဘူးနော်”တဲ့။
ကွာခြားချက် (၆)
စီးပွားရေးသမားတွေဟာကောင်းတာ တွေ့ရင်ချီးကျူးကြတယ်။သူတို့ မှားရင်လည်းပြင်ကြတယ်။
ဝန်ထမ်းတွေဟာသူများတော်ရင်မချီးကျူးဘူး။သူတို့မှားရင်ပြင်ဖို့ဝန်လေးတယ်။
ကွာခြားချက် (၇)
စီးပွားရေးသမားတွေဟာအများကြီးရဲ့ နည်းနည်းစီပဲသိကြတယ်။
ဝန်ထမ်းတွေဟာနည်းနည်းလေးရဲ့ အများကြီးကိုသိကြတယ်။သူတို့ကိုယ်သူတို့ expert, specialist လို့အပြောခံတာကို ဂုဏ်ယူနေကြတယ်။
ကွာခြားချက် (၈)
စီးပွားရေးသမားတွေဟာပြဿနာကိုအခွင့်အလမ်းလို့မြင်တတ်ကြတယ်။
ဝန်ထမ်းတွေဟာအခွင့်အလမ်းကိုပြဿနာလို့ပဲမြင်တတ်ကြတယ်။
ကွာခြားချက် (၉)
စီးပွားရေးသမားတွေဟာရှုံးနိမ့်မှုကနေ သင်ခန်းစာယူပြီးထပ်ကြိုးစားကြတယ်။
ဝန်ထမ်းတွေဟာရှုံးနိမ့်မှု ကြုံလာရင် စိတ်ဓါတ်ကျပြီးထပ်မကြိုးစားတော့ဘူး
ကွာခြားချက် (၁၀)
စီးပွားရေးသမားတွေဟာဖျော်ဖြေမှုတွေကိုခံစားဖို့ထက်သူတို့အရည်အချင်း တိုးတက်အောင်အမြဲလုပ်နေကြတယ်။
ဝန်ထမ်းတွေကတော့သူတို့အ ရည်အချင်းတိုးတက်ဖို့ထက် ဖျော်ဖြေမှုတွေနဲ့ပဲ အချိန်ကုန်နေကြတယ်။
“The 10 Secrets of Entrepreneurs” စာအုပ်လေးက ယူထားတာပါ။
ဗန်းမော်သိန်းဖေ
ကွာခြားချက် (၁)
ကွာခြားချက် (၂)
ကွာခြားချက် (၃)
ကွာခြားချက် (၄)
ကွာခြားချက် (၅)
ကွာခြားချက် (၆)
ကွာခြားချက် (၇)
ကွာခြားချက် (၈)
ကွာခြားချက် (၉)
ကွာခြားချက် (၁၀)
ဗန်းမော်သိန်းဖေ