ရုံတင်နေဆဲ”ထာဝရနှောင်ကြိုး”၏ဇာတ်လမ်းဇာတ်ကွက်များကို ရေးသားခဲ့သောမီဒီယာနှင့်ပတ်သတ်ပြီးCentral Base Productionမှထုတ်ပြန်ကြေညာချက်

ရုံတင်နေဆဲ”ထာဝရနှောင်ကြိုး”၏ဇာတ်လမ်းဇာတ်ကွက်များကို ရေးသားခဲ့သောမီဒီယာနှင့်ပတ်သတ်ပြီးCentral Base Productionမှထုတ်ပြန်ကြေညာချက်

“ထာဝရနှောင်ကြိုး”ရုပ်ရှင်ကားဟာဆိုရင်ပြီးခဲ့တဲ့အောက်တိုဘာလ ၃၁ရက်နေ့မှစတင်ပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံများမှာစတင်ပြသခဲ့ပါတယ်။ဒီဇာတ်ကားကိုတော့ ပရိတ်သတ် အချစ်တော်ဒါရိုက်တာခရစ္စတီနားခီက ရိုက်ကူးထားပြီး သရုပ်ဆောင် ဇဏ်ခီ၊ပိုင်ဖြိုးသု၊ဂျူးဂျူးကေ၊ခင်သဇင်နှင့်မင်းညိုတို့ အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားပြီး ပရိတ်သတ်များရဲ့ အထူးအားပေးမှုကိုရရှိထားပါတယ်။ဒုတိယတစ်ပတ်လည်းဆက်လက်ရုံတင်ပြခွင့်ရထားပါတယ်။

သို့သော်ပြီးခဲ့တဲ့နှစ်ရက်ခန့်မှာတော့ သတင်းမီဒီယာတစ်ခုမှ ဖေ့စ်ဘွတ်ပေ့ပေါ်တွင် ၎င်းရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်းဇာတ်ကွက်အပြည့်စုံကို ဖော်ပြီးနောက် သတင်းဂျာနယ်ပါထုတ်ဝေခဲ့ပါတယ်။ဒါကြောင့် ပရိတ်သတ်များရဲ့ဝေဖန်မှုကိုခံခဲ့ရပြီး သတင်းပေ့မှဖျက်သွားခဲ့‌ပေမယ့် ဂျာနယ်အဖြစ်ဆက်လက်ထုတ်ဝေခဲ့ပါတယ်။ထိုသို့တင်ခဲ့တာနှင့်ပတ်သတ်ပြီး Central Base ရုပ်ရှင်ထုတ်လုပ်ရေးကနေ ကန့်ကွက်‌ကြောင်းနှင့့်ပြင်းထန်စွာရှုံ့ချကြောင်းထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်ချက်အပြည့်စုံမှာ-

ပြင်းထန်စွာကန့်ကွက်ရှုံ့ချပါကြောင်း

နိုဝင်ဘာ ၈ ၂၀၁၉

၁။ Now&Ever ထာဝရနှောင်ကြိုးရုပ်ရှင် ဇာတ်ကားကြီးကို အောက်တိုဘာ ၃၁ ၂၀၁၉ မှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံကြီးများတွင်စတင်ပြသခဲ့ပါသည်

၂။ အောက်တိုဘာလ ၂၁ ၂၀၁၉ တွင် ပြုလုပ်ကျင်းပခဲ့သော World premiere ပွဲတွင်လည်း ဤရုပ်ရှင်ဇာတ်ကားအား ပေါ်လွင်အောင် ရေးသားဖော်ပြခြင်းအား မပြုလုပ်ကြပါရန် သတင်းမီဒီယာများရှေ့မှောက်တွင် မေတ္တာရပ်ခံထားပြီးဖြစ်ပါသည် ။

၃။ နိုဝင်ဘာ ၇ ၂၀၁၉ ရက်စွဲဖြင့် News Watch Weekly ၊ စောင့်ကြည့်သတင်းဂျာနယ်မှ “စိတ်ကူးယဉ် အချစ်ဇာတ်လမ်းတစ်ပုဒ် – ချစ်မောင် (အဝကျွန်း) အမည်ဖြင့် ဇာတ်လမ်းဇာတ်ကွက်တစ်ခုမကျန် ဖော်ပြရေးသားပြီး News Watch Weekly Facebook page တွင် post တင်ခဲ့ရာ Central base productions မှ မေတ္တာရပ်ခံ တားမြစ်သည့် အတွက် ပြန်လည် ဖြုတ်ချပေးခဲ့ပါသည်။

Photo credit:Central Base Productions

၄။ သို့သော် Central base productions မှ ထပ်မံ မေတ္တာရပ်ခံ တားမြစ်သည့်ကြားမှ နိုဝင်ဘာ ၈ ၂၀၁၉ ရက်စွဲဖြင့် News Watch Weekly ၊ စောင့်ကြည့်သတင်းဂျာနယ်တွင် ရေးသားဖော်ပြ ထုတ်ဝေခဲ့ပါသည်။

၅။ ဤရုပ်ရှင်ကားသည် ငွေကြေးအမြောက်အမြား ရင်းနှီးမြုပ်နှံထားခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ ရုံတင်နေစဉ်ကာလအတွင်း ဇာတ်လမ်းတစ်ခုလုံးအား သတင်းမီဒီယာ ဂျာနယ်တိုက်တစ်ခုအနေဖြင့် ရေးသားဖော်ပြခြင်းသည် ဤရုပ်ရှင်ကား၏ ရုံဝင်ငွေသာမက ကြိုးစားပါဝင်လုပ်ဆောင်ထားကြသောအနုပညာရှင် အတတ်ပညာရှင် နှင့် ရင်းနှီးမြုပ်နှံသူများကိုပါ ထိခိုက်နစ်နာစေပါသည်။

၆။ ထို့အပြင် News Watch Weekly ၊ စောင့်ကြည့်သတင်းဂျာနယ်မှ “စိတ်ကူးယဉ် အချစ်ဇာတ်လမ်းတစ်ပုဒ် – ချစ်မောင် (အဝကျွန်း) သတင်းမီဒီယာများ၏စောင့်စည်းအပ်သောကျင့်ဝတ်များပျက်ကွက်ကြောင်းရှာဖွေတွေ့ရှိရသဖြင့် Central base productions မှပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်းသိစေအပ်သည်။

ပရိတ်သတ်ကြီးကလည်း၊ကြေညာချက်နှင့်ပတ်သတ်ပြီး ပြောချင်တာများရှိရင်လည်းမှတ်ချက်ပေးခဲ့ကြပါနော်

Photo credit : Central Base Productions

Be the first to comment

Leave a Reply

Your email address will not be published.


*