ပြည်မြို့မှာလက်မှတ်ထိုးပွဲအတွက်ရောက်ရှိစဉ် ရွှေဆံ‌တော်ဘုရားသို့သွားရောက်ဖူး‌မြော်ခဲ့တဲ့ ခီမောင်နှံ

ပြည်မြို့မှာလက်မှတ်ထိုးပွဲအတွက်ရောက်ရှိစဉ် ရွှေဆံ‌တော်ဘုရားသို့သွားရောက်ဖူး‌မြော်ခဲ့တဲ့ ခီမောင်နှံ

ပရိသတ်တွေ အားပေးကြမ်းနေတဲ့ Now and Everရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်ခဲ့ကြတဲ့ ခီမောင်နှံတို့ နှစ်ယောက်ကတော့ မြန်မာရုပ်ရှင်လောကကို အချိုးတကွေ့မှာ ပြောင်းလဲ ပေးခဲ့ကြတဲ့ သူတွေအဖြစ် ပရိသတ်တွေရဲ့ အမာခံအားပေးမှုများစွာကို ရရှိပိုင်ဆိုင်ထားတဲ့ စုံတွဲလေးဖြစ်ပါတယ်။

စမတ်ကျတဲ့ ပြီး တည်ငြိမ်တဲ့ ပုံစံနဲ့ သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းရှိတဲ့ မင်းသားဇာဏ်ခီနဲ့အတူ professional ဆန်တဲ့ ရိုက်ချက်တွေနဲ့ ဇာတ်ကားကောင်းတစ်ကားထွက်လာအောင် ရိုက်ကူးပုံဖော်နိုင်ခဲ့ ခီမောင်နှံတို့ နှစ်ဥိီးက အနုပညာမှာ ဘက်စုံအရည်အချင်းရှိတဲ့ သူတွေပါ။

ခီမောင်နှံရဲ့ ပထမဇာတ်ကားနှစ်ကားဟာလည်း ပရိသတ်တွေကြားမှာ ချီးကျူးစရာကောင်းလွန်းတဲ့ ဇာတ်ကားတွေဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲအားပေးမှုတွေကို ရရှိခဲ့တဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ ယခု ၂နှစ်ကျော်မှာ ထက်ပြီး ထွက်ရှိလာတဲ့ Now and Everရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေရဲ့ ရုံပြည့်ရုံလျှံအားပေးမှုတွေနဲ့ တကယ့်ကို အားရကျေနပ်စရာကောင်းပါတယ်။

အနုပညာပိုင်းမှာ တော်ရုံသာမက စိတ်ဓာတ်ပိုင်းမှာပါ အရမ်းကို ရင့်ကျက်တဲ့ ခီမောင်နှံတို့နှစ်ယောက်ရဲ့ ပြောပုံဆိုပုံလေးတွေကြောင့် ပရိသတ်တွေက ပိုပြီး လေးစားအားကျရတဲ့ စံပြစုံတွဲတစ်တွဲဖြစ်နေတာပါ။ အခုလည်း Now and Ever ရုပ်ရှင်ဇာတ်ကား လက်မှတ်ထိုးပွဲတွေအတွက် မြို့တိုင်းက ပရိသတ်တွေဆီကို သွားရောက်ခဲ့ရင်း ပြည်မြို့ကိုရောက်တုန်း ပြည်ဆံတော်ရှင်ဘုရားကြီးကို သွားရောက်ဖူးမျှော်ခဲ့ကြတဲ့ ခီမောင်နှံတို့ရဲ့ ကြည်နူးစရာပုံရိပ်လေးကို CeleGabar ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Source:Zenn kyi

Credit NORA:CeleGabar

Be the first to comment

Leave a Reply

Your email address will not be published.


*