မင်းသမီးချောလေး ဝတ်မှုံရွှေရည်နဲ့ အတူ ရိုက်ကူးရေးပြုလုပ်နေတဲ့ နာမည်ကြီးတရုတ်မင်းသား Timmy Xu

မင်းသမီးချောလေး ဝတ်မှုံရွှေရည်နဲ့ အတူ ရိုက်ကူးရေးပြုလုပ်နေတဲ့ နာမည်ကြီးတရုတ်မင်းသား Timmy Xu

မင်းသမီးချောလေး ဝတ်မှုံရွှေရည်က မြန်မာနိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းမင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကအကယ်ဒမီဆုကြီးနှစ်ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိထားပြီး ကိုရီးယား၊စင်္ကာပူစတဲ့နိုင်ငံကြီးတွေမှလည်း ရုပ်ရှင်ထူးချွန်ဆုတွေကိုရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဝတ်မှုံရွှေရည်ကပြည်တွင်းမှာသာမကပဲပြည်ပနိုင်ငံမှအနုပညာရှင်တွေနဲ့လည်း အနုပညာလုပ်ငန်းတွေအတူတူတွဲဖက်လုပ်ကိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။

လတ်တလောမှာလည်းဝတ်မှုံရွှေရည်ကနာမည်ကြီးတရုတ်မင်းသားဖြစ်တဲ့ Timmy Xu နဲ့ POSH Magazine – Myanmar ရဲ့ LIFESTYLE & TRAVEL Issue Coverကိုမန္တလေးမြို့မှာအတူတူ ရိုက်ကူးနေတာဖြစ်ပါတယ်။

တရုတ်မင်းသား Timmy Xu ဟာနာမည်ကျော် ” Addicted ” ဇာတ်လမ်းတွဲနဲ့ နိုင်ငံတကာမှာလူကြိုက်များအောင်မြင်ခဲ့သူဖြစ်ပြီး မြန်မာပရိသတ်တွေရဲ့ဝန်းရံအားပေးခြင်းခံရတဲ့မင်းသားတစ်လက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံကထိပ်တန်းမင်းသမီး ဝတ်မှုံရွှေရည်နဲ့တရုတ်နာမည်ကြီးမင်းသား Timmy Xu ကမန္တလေးမြို့ကအထင်ကရနေရာတွေဖြစ်တဲ့မန္တလေးတောင်ခြေ၊ ရွှေကျောင်းအစရှိတဲ့နေရာတွေမှာရိုက်ကူးရေးပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်နဲ့ Timmy Xu တို့ပါဝင်ရိုက်ကူးကြမယ့်အဆိုပါမဂ္ဂဇင်းကတော့ ဒီဇင်ဘာလနောက်ဆုံးအပတ်မှာထွက်ရှိလာမှာဖြစ်တယ်လို့ POSH Magazine – Myanmar ရဲ့ Facebook Page ကနေ ထုတ်ပြန်ကြေညာထားတာကိုတွေ့ရပါတယ်။

Rowena
Source: Wutt Hmone Shwe Yi’s fb POSH Magazine – Myanmar







Rowena

Be the first to comment

Leave a Reply

Your email address will not be published.


*