ပေ့ချ်တစ်ခုကနေ ဇာတ်လမ်းကြောရိုးကိုရေးသာပြီးလူမှုကွန်ယက်ပေါ်မှာတင်ခဲ့တာကြောင့်စိတ်မကောင်းဖြစ်နေတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ

ပေ့ချ်တစ်ခုကနေ ဇာတ်လမ်းကြောရိုးကိုရေးသာပြီးလူမှုကွန်ယက်ပေါ်မှာတင်ခဲ့တာကြောင့်စိတ်မကောင်းဖြစ်နေတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ

ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ တတိယမြောက် ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးက စတင် ရိုက်ကူးခဲ့စဉ်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ ဒါရိုက်တာ ခရစ္စတီးနားခီဟာ “ဥပါယ်တံမျဉ်”၊ “မုဒြာခေါ်သံ” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့လည်း အောင်မြင်မှုရရှိခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေမှာ ပြသနိုင်တဲ့ထိကို အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။

“ထာဝရနှောင်ကြိုး” (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးက အခုဆိုရင် ရုံတင်ပြသတဲ့ ပထမအပတ်အတွင်းမှာတင် ဝက်ဝက်ကွဲအောင်မြင်နေပြီး ပရိသတ်တွေရဲ့ ကောင်းချီးပေးခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့် “ထာဝရနှောင်ကြိုး” (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသနေစဉ်မှာပဲ မီဒီယာတစ်ခုက ဇာတ်လမ်းကြောရိုးကို ရေးသားပြီး လူမှုစာမျက်နှာပေါ်မှာ မျှဝေခဲ့တာကြောင့် ဒါရိုက်တာ ခရစ္စတီးနားခီခမျာ တော်တော်လေး စိတ်မကောင်း ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီက “ဘာတွေဖြစ်နေကြတာလဲကွယ်…၂နှစ်နေမှ ရုပ်ရှင်တကားပဲ ထွက်လာတာပါ…ရုပ်ရှင်ထွက်တာ ၈ရက်ပဲရှိပါသေးတယ်…တစ်နေ့တစ်မျိုး မရိုးဘူး။” ဆိုပြီး ဝမ်းနည်းစွာနဲ့ ပြောခဲ့တာ ဖြစ်ပါတယ်။

ထိုပေ့ချ်မှ ချက်ချင်းဆိုသလို ပိုစ့်ကို ဖျက်သွားခဲ့ပေမယ့် ဒါရိုက်တာ ခရစ္စတီးနားခီနဲ့တကွ ပရိသတ်တွေက တော်တော်လေး စိတ်ဆိုးနေကြတာ ဖြစ်ပါတယ်။ မိုမိုလေး ချစ်ပရိသတ်တွေလည်း “ထာဝရနှောင်ကြိုး” (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးကို ရုပ်ရှင်ရုံမှာ သွားရောက်ကြည့်ရှုရင်း အားပေးကြပါဦးနော်။

Credit Rowena

Source: Christina Kyi’s fb

Zawgyi

ဒါ႐ိုက္တာ ခရစၥတီးနားခီရဲ႕ တတိယေျမာက္ ႐ုံတင္႐ုပ္႐ွင္ဇာတ္ကားႀကီးျဖစ္တဲ့ “ထာဝရေႏွာင္ႀကိဳး” ႐ုပ္႐ွင္ဇာတ္ကားႀကီးက စတင္ ႐ိုက္ကူးခဲ့စဥ္ကတည္းက ပရိသတ္ေတြရဲ႕ စိတ္ဝင္စားျခင္းကို ခံေနရတာ ျဖစ္ပါတယ္။ ဒါ႐ိုက္တာ ခရစၥတီးနားခီဟာ “ဥပါယ္တံမ်ဥ္”၊ “မုျဒာေခၚသံ” စတဲ့ ႐ုပ္႐ွင္ဇာတ္ကားႀကီးေတြနဲ႔လည္း ေအာင္ျမင္မႈရ႐ွိခဲ့ၿပီး အိမ္နီးခ်င္းႏိုင္ငံေတြမွာ ျပသႏိုင္တဲ့ထိကို ေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါတယ္။

“ထာဝရေႏွာင္ႀကိဳး” (Now & Ever) ႐ုပ္႐ွင္ဇာတ္ကားႀကီးက အခုဆိုရင္ ႐ုံတင္ျပသတဲ့ ပထမအပတ္အတြင္းမွာတင္ ဝက္ဝက္ကြဲေအာင္ျမင္ေနၿပီး ပရိသတ္ေတြရဲ႕ ေကာင္းခ်ီးေပးျခင္းကို ခံေနရတာ ျဖစ္ပါတယ္။

ဒါေပမယ့္ “ထာဝရေႏွာင္ႀကိဳး” (Now & Ever) ႐ုပ္႐ွင္ဇာတ္ကားႀကီး ႐ုံတင္ျပသေနစဥ္မွာပဲ မီဒီယာတစ္ခုက ဇာတ္လမ္းေၾကာ႐ိုးကို ေရးသားၿပီး လူမႈစာမ်က္ႏွာေပၚမွာ မွ်ေဝခဲ့တာေၾကာင့္ ဒါ႐ိုက္တာ ခရစၥတီးနားခီခမ်ာ ေတာ္ေတာ္ေလး စိတ္မေကာင္း ျဖစ္ေနတာပဲ ျဖစ္ပါတယ္။

ဒါ႐ိုက္တာ ခရစၥတီးနားခီက “ဘာေတြျဖစ္ေနၾကတာလဲကြယ္…၂ႏွစ္ေနမွ ႐ုပ္႐ွင္တကားပဲ ထြက္လာတာပါ…႐ုပ္႐ွင္ထြက္တာ ၈ရက္ပဲ႐ွိပါေသးတယ္…တစ္ေန႔တစ္မ်ိဳး မ႐ိုးဘူး။” ဆိုၿပီး ဝမ္းနည္းစြာနဲ႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

ထိုေပ့ခ်္မွ ခ်က္ခ်င္းဆိုသလို ပိုစ့္ကို ဖ်က္သြားခဲ့ေပမယ့္ ဒါ႐ိုက္တာ ခရစၥတီးနားခီနဲ႔တကြ ပရိသတ္ေတြက ေတာ္ေတာ္ေလး စိတ္ဆိုးေနၾကတာ ျဖစ္ပါတယ္။ မိုမိုေလး ခ်စ္ပရိသတ္ေတြလည္း “ထာဝရေႏွာင္ႀကိဳး” (Now & Ever) ႐ုပ္႐ွင္ဇာတ္ကားႀကီးကို ႐ုပ္႐ွင္႐ုံမွာ သြားေရာက္ၾကည့္႐ႈရင္း အားေပးၾကပါဦးေနာ္။

Credit Rowena

Source: Christina Kyi’s fb

Be the first to comment

Leave a Reply

Your email address will not be published.


*