တရုတ်ကြီးပြောတဲ့ စီးပွားရှာသူတိုင်းသိသင့်တဲ့စီးပွားရေးမြေပုံ ၇ ခု

တရုတ်ကြီးပြောတဲ့ စီးပွားရှာသူတိုင်းသိသင့်တဲ့စီးပွားရေးမြေပုံ ၇ ခု

၁။ မင်းပိုင်တဲ့တောင်းထဲမှာကြက်ဥ ၁၀လုံး ရှိတယ်။တစ်နေ့ကို၉လုံးစားပြီး ၁လုံးချန်ထားလို့ ၁၀ရက်ကြာရင်ဘာဖြစ်မလဲ။ကြက်ဥ ၁၀လုံးရောက်နေပြီပေါ့။တစ်လုံးလျှော့စားလိုက်တဲ့အတွက်မင်းလည်းဘာမှမသိသာပါဘူး။အဲီတော့အလုပ်လုပ်မယ်ဆိုရင်ကိုယ့်ဝင်ငွေ ၁၀ပုံ ၁ပုံကိုအမြဲချန်ထားရမယ်ကွ။၉ပုံတောင်သုံးရတဲ့အတွက်ဒီလောက်ကြီးလည်း ချိုးခြုံစရာမလိုဘူးမလား။ ဒါငါပြောချင်တဲ့မြေပုံ ၁ ကွ။

၂။ နောက်တစ်ခုကမင်းရဲ့ဝင်ငွေထွက်ငွေတွေကိုသေသေချာချာသိထားဖို့လိုတယ်။မလိုအပ်ပဲနဲ့ ထွက်နေတဲ့လမ်းကြောင်းတွေရှိရင်အမြန်ပိတ်ပစ်ပေတော့။အဲလိုမှမလုပ်ရင်အိတ်ပေါက်နဲ့ ဖားကောက်သလိုဖြစ်နေလိမ့်မယ်ကွ။ဒါငါပြောချင်တဲ့ မြေပုံ ၂ ပဲ။

၃။ တတိယတစ်ခုကငွေကိုစုပေမယ့် သက်မဲ့လိုသဘောမထားရဘူး။နွားတွေ ကြက်တွေမွေးသလိုပေါ့။အကောင်တွေပွား ၊ဥတွေဥအကောင်ထပ်ပွားပေါ့ကွာ။ငွေကိုငွေချင်းထပ်ပွားနိုင်ဖို့အကျိုးရှိတဲ့နေရာတွေမှာထည့်ဝင်မြုပ်နှံကွ။အဲလိုမှမလုပ်ပဲငွေကိုသေတ္တာထဲထည့်သိမ်းထားမယ်ဆိုရင်ငွေတေဟာအကြောသေသွားလိမ့်မယ်။လေဖြတ်တဲ့လူလိုမင်းငွေတွေဟာအင်အားမရှိတော့ဘူးပေါ့။

ဥပမာကွာငါ့သားမွေးတုန်းကငါငွေလေးနည်းနည်းအတိုးချထားတယ်။ရတဲ့အတိုးတွေကိုမသုံးပဲအရင်းထဲထပ်မြုပ်တယ်။အဲဒီကနေအတိုးပြန်ဖြစ်ငါ့သား ၁၂နှစ်ရောက်လို့ကျောင်းပို့မယ်လုပ်တော့ငွေကိုပြန်ထုတ်လိုက်တာမနည်းပါဘူးကွာ။ဒါဟာမြေပုံ ၃ပေါ့။

၄။ နောက်တစ်ခုကအလုပ်လုပ်တဲ့အခါမှာလောင်းကစားမဆန်ရဘူးကွ။ မြတ်ချင်မြတ်မမြတ်ရင်သွားဟဆိုတဲ့သဘောမျိုးမလုပ်ရဘူး။သေချာတာလောက်ကိုယ်ကျွမ်းကျင်သလောက်နိုင်သလောက်ပဲလုပ်ရမယ်။ လောင်းကစားလုပ်လို့ကတော့ရလည်းခဏပဲမွဲစရာရှိရင်မြန်မြန်မွဲသွားလိမ့်မယ်။

တစ်ခါကမိုးကြိုးသွားတစ်ခုကိုငါ့လာရောင်းဖူးတယ်။အပြောကလည်းကောင်း လက်တွေ့စမ်းပြတော့လည်း လျှပ်စစ်မီးလည်းငြိမ်း၊ရေဒီယိုလည်းရပ်သွားတော့အစစ်လို့ယုံသွားတယ်။အစစ်ဆိုရင်ပြန်ရောင်းရင်သိန်း ၂၀လောက် ရမှာကို။ဒါနဲ့၁သိန်းနဲ့ဝယ်လာပြီးအိမ်ရောက်တော့လျှပ်စစ်ဓာတ်မီးမပြောနဲ့လက်နှိပ်ဓာတ်မီးတောင်မငြိမ်းဘူး။စနစ်တကျစီစဉ်ပြီးလိမ်သွားတာကွ။ တစ် သိန်းမို့ပေါ့၁၀သိန်းဆိုရင်ငါခွက်ဆွဲနေလောက်ပြီ။အဲဒီတော့ ပြောချင်တဲ့လေးအချက်ကကိုယ်မသိတဲ့မပိုင်တဲ့အလုပ်၊မကျွမ်းကျင်တဲ့အလုပ်မှာဘာရင်းနှီးမြုပ်နှံမှုမှမလုပ်ရဘူး။

၅။ နောက်တစ်ခုကလူတစ်ယောက်ဟာအိမ်ငှားနေတာမသင့်တော်ဘူး။အခြေအနေအရငှားနေရင်လည်းကိုယ်ပိုင်အိမ်ဖြစ်အောင်ကြိုးစားရမယ်။အိမ်ငှားစရိတ်ဟာကြာလာရင်အိမ်တစ်လုံးစာလောက်ရှိလာတယ်။စိတ်ရှုပ်ရတယ်။သေးတာကြီးတာမဓာနမဟုတ်ဘူး။ကိုယ်ပိုဖြစ်အောင်ကြိုးစားဖို့ပဲ။အဲဒီအပေါက်ကငွေအထွက်ဆုံးပဲ။အဲဒီတော့ကားပဲမောင်းမောင်း၊စက်လှေပဲထောင်ထောင်ကိုယ်ပိုင်ဖြစ်အောင်အရင်ဆုံးကြိုးစား။ဒါငါးခုမြောက်မြေပုံပဲ။

၆။ တို့မြန်မာစကားမှာမတ်တတ်စာပဲရှိတယ်၊တုံးလုံးစာမရှိဘူးဆိုတဲ့စကားရှိတယ်။စကားပဲရှိတာကွမလိုက်နာကြဘူး။ဒါကြောင့်မမျှော်မှန်းနိုင်တဲ့အနာဂါတ်အတွက်ပြင်ဆင်မှုတွေလုပ်ထားရမယ်။ရုတ်တရက်ကိုယ်သေသွားရင်ကျန်ရစ်သူမိသားစုကိုမထိခိုက်စေဖို့၊ရုတ်တရက်ထိခိုက်မိလို့ဒုက္ခိတဖြစ်သွားရင်ဆက်လက်အသက်ရှင်နိုင်ဖို့ကြိုတင်ပြင်ဆင်ထားရမယ်။ဒါခြောက်ခုမြောက်မြေပုံပဲ။

၇။ ၇ချက်မြောက်ကတော့ကြိုးစားမှုကို မလျှော့ဖို့ပဲ၊ကိုယ်နဲ့လုပ်ငန်းတူတွေရှိနေတယ်ကွ၊ကိုယ်ကရပ်ပေမဲ့ သူတို့က ကြိုးစားနေမှာ၊ကိုယ်လုပ်တဲ့အလုပ်မှာအစွမ်းထက်လေလေဝင်ငွေကောင်းလေလေပေါ့ကွာ၊မင်းသဘောပေါက်ဖို့ကကိုယ့်ဆီကိုအားပေးတဲ့ဖောက်သည်တို့အားပေးတဲ့ပရိသတ်တို့ဆိုတာစိတ်ချရတာမဟုတ်ဘူးကိုယ့်ထက်သာတဲ့လူ၊တော်တဲ့သူရှိရင်အဲဒီကို သွားကြမှာအဲဒါတော့မြဲမြဲမှတ်ထား။ငါပြောချင်တဲ့ ၇ခုမြောက်မြေပုံကဒါပဲမင်းသဘောပေါက်ဖို့ကတော့အလုပ်တစ်ခုမှာသဘာရင့်ဝါရင့်တာနဲ့ မကြီးပွားဘူးနော်တော်မကြီးပွားတာကုလို့ပျောက်တဲ့ဆရာဝန်ဆီကိုပဲလူနာကသွားမှာနော်သဘာရင့်ဝါရင့်တယ်ဆိုပြီးသွားမှာမဟုတ်ဘူးဒီအချက်ကိုမြဲမြဲသဘောပေါက်စမ်းပါဗျာ

ပြန်လည်မျှဝေပေးသည်။ပို့စ်မူရင်း ပိုင်ရှင်အား လေးစားစွာဖြင့် credit ပေးပါတယ်

တ႐ုတ္ႀကီးေျပာတဲ့ စီးပြားရွာသူတိုင္းသိသင့္တဲ့စီးပြားေရးေျမပုံ ၇ ခု

၁။ မင္းပိုင္တဲ့ေတာင္းထဲမွာၾကက္ဥ ၁၀လုံး ရွိတယ္။တစ္ေန႕ကို၉လုံးစားၿပီး ၁လုံးခ်န္ထားလို႔ ၁၀ရက္ၾကာရင္ဘာျဖစ္မလဲ။ၾကက္ဥ ၁၀လုံးေရာက္ေနၿပီေပါ့။ တစ္လုံးေလွ်ာ့စားလိုက္တဲ့အတြက္မင္းလည္းဘာမွမသိသာပါဘူး။အဲီေတာ့ အလုပ္လုပ္မယ္ဆိုရင္ကိုယ့္ဝင္ေငြ ၁၀ပုံ ၁ပုံကိုအၿမဲခ်န္ထားရမယ္ကြ။၉ပုံေတာင္သုံးရတဲ့အတြက္ဒီေလာက္ႀကီးလည္း ခ်ိဳးၿခဳံစရာမလိုဘူးမလား။ ဒါငါေျပာခ်င္တဲ့ ေျမပုံ ၁ ကြ။

၂။ ေနာက္တစ္ခုကမင္းရဲ႕ဝင္ေငြထြက္ေငြေတြကိုေသေသခ်ာခ်ာသိထားဖို႔လိုတယ္။မလိုအပ္ပဲနဲ႕ ထြက္ေနတဲ့လမ္းေၾကာင္းေတြရွိရင္အျမန္ပိတ္ပစ္ေပေတာ့။အဲလိုမွမလုပ္ရင္အိတ္ေပါက္နဲ႕ ဖားေကာက္သလိုျဖစ္ေနလိမ့္မယ္ကြ။ဒါငါေျပာခ်င္တဲ့ ေျမပုံ ၂ ပဲ။

၃။ တတိယတစ္ခုကေငြကိုစုေပမယ့္ သက္မဲ့လိုသေဘာမထားရဘူး။ႏြားေတြ ၾကက္ေတြေမြးသလိုေပါ့။အေကာင္ေတြပြား ၊ဥေတြဥအေကာင္ထပ္ပြားေပါ့ကြာ။ ေငြကိုေငြခ်င္းထပ္ပြားနိုင္ဖို႔အက်ိဳးရွိတဲ့ေနရာေတြမွာထည့္ဝင္ျမဳပ္ႏွံကြ။အဲလိုမွ မလုပ္ပဲေငြကိုေသတၱာထဲထည့္သိမ္းထားမယ္ဆိုရင္ေငြေတဟာအေၾကာေသသြားလိမ့္မယ္။ေလျဖတ္တဲ့လူလိုမင္းေငြေတြဟာအင္အားမရွိေတာ့ဘူးေပါ့။

ဥပမာကြာငါ့သားေမြးတုန္းကငါေငြေလးနည္းနည္းအတိုးခ်ထားတယ္။ရတဲ့အတိုးေတြကိုမသုံးပဲအရင္းထဲထပ္ျမဳပ္တယ္။အဲဒီကေနအတိုးျပန္ျဖစ္ငါ့သား ၁၂ႏွစ္ေရာက္လို႔ေက်ာင္းပို႔မယ္လုပ္ေတာ့ေငြကိုျပန္ထုတ္လိုက္တာမနည္းပါဘူးကြာ ။ဒါဟာေျမပုံ ၃ေပါ့။

၄။ ေနာက္တစ္ခုကအလုပ္လုပ္တဲ့အခါမွာေလာင္းကစားမဆန္ရဘူးကြ။ ျမတ္ခ်င္ျမတ္မျမတ္ရင္သြားဟဆိုတဲ့သေဘာမ်ိဳးမလုပ္ရဘူး။ေသခ်ာတာေလာက္ ကိုယ္ကြၽမ္းက်င္သေလာက္နိုင္သေလာက္ပဲလုပ္ရမယ္။ ေလာင္းကစားလုပ္လို႔ကေတာ့ရလည္းခဏပဲမြဲစရာရွိရင္ျမန္ျမန္မြဲသြားလိမ့္မယ္။

တစ္ခါကမိုးႀကိဳးသြားတစ္ခုကိုငါ့လာေရာင္းဖူးတယ္။အေျပာကလည္းေကာင္း လက္ေတြ႕စမ္းျပေတာ့လည္း လွ်ပ္စစ္မီးလည္းၿငိမ္း၊ေရဒီယိုလည္းရပ္သြားေတာ့ အစစ္လို႔ယုံသြားတယ္။အစစ္ဆိုရင္ျပန္ေရာင္းရင္သိန္း ၂၀ေလာက္ ရမွာကို။ ဒါနဲ႕ ၁သိန္းနဲ႕ဝယ္လာၿပီးအိမ္ေရာက္ေတာ့ လွ်ပ္စစ္ဓာတ္မီးမေျပာနဲ႕လက္ ႏွိပ္ဓာတ္မီးေတာင္မၿငိမ္းဘူး။စနစ္တက်စီစဥ္ၿပီးလိမ္သြားတာကြ။ တစ္ သိန္းမို႔ေပါ့ ၁၀သိန္းဆိုရင္ငါခြက္ဆြဲေနေလာက္ၿပီ။အဲဒီေတာ့ ေျပာခ်င္တဲ့ ေလးအခ်က္ကကိုယ္မသိတဲ့မပိုင္တဲ့အလုပ္၊
မကြၽမ္းက်င္တဲ့အလုပ္မွာဘာရင္းႏွီးျမဳပ္ႏွံမႈမွမလုပ္ရဘူး။

၅။ ေနာက္တစ္ခုကလူတစ္ေယာက္ဟာ အိမ္ငွားေနတာမသင့္ေတာ္ဘူး။ အ ေျခအေနအရငွားေနရင္လည္းကိုယ္ပိုင္အိမ္ျဖစ္ေအာင္ႀကိဳးစားရမယ္။အိမ္ငွားစရိတ္ဟာၾကာလာရင္အိမ္တစ္လုံးစာေလာက္ရွိလာတယ္။စိတ္ရႈပ္ရတယ္။ ေသးတာႀကီးတာမဓာနမဟုတ္ဘူး။ကိုယ္ပိုျဖစ္ေအာင္ႀကိဳးစားဖို႔ပဲ။အဲဒီအေပါက္ကေငြအထြက္ဆုံးပဲ။အဲဒီေတာ့ကားပဲေမာင္းေမာင္း ၊ စက္ေလွပဲေထာင္ေထာင္ကိုယ္ပိုင္ျဖစ္ေအာင္အရင္ဆုံးႀကိဳးစား။ဒါငါးခုေျမာက္ေျမပုံပဲ။

၆။ တို႔ျမန္မာစကားမွာမတ္တတ္စာပဲရွိတယ္၊တုံးလုံးစာမရွိဘူးဆိုတဲ့စကားရွိတယ္။စကားပဲရွိတာကြမလိုက္နာၾကဘူး။ဒါေၾကာင့္မေမွ်ာ္မွန္းနိုင္တဲ့ အနာဂါတ္အတြက္ျပင္ဆင္မႈေတြလုပ္ထားရမယ္။႐ုတ္တရက္ကိုယ္ေသသြားရင္ က်န္ရစ္သူမိသားစုကိုမထိခိုက္ေစဖို႔ ၊ ႐ုတ္တရက္ထိခိုက္မိလို႔ဒုကၡိတျဖစ္သြားရင္ဆက္လက္အသက္ရွင္နိုင္ဖို႔ႀကိဳတင္ျပင္ဆင္ထားရမယ္။ဒါေျခာက္ခုေျမာက္ေျမပုံပဲ။

၇။ ၇ခ်က္ေျမာက္ကေတာ့ႀကိဳးစားမႈကို မေလွ်ာ့ဖို႔ပဲ၊ကိုယ္နဲ႕လုပ္ငန္းတူေတြရွိေနတယ္ကြ၊ကိုယ္ကရပ္ေပမဲ့
သူတို႔ကႀကိဳးစားေနမွာ၊ကိုယ္လုပ္တဲ့အလုပ္မွာအစြမ္းထက္ေလေလဝင္ေငြေကာင္းေလေလေပါ့ကြာ၊မင္းသေဘာေပါက္ဖို႔ကကိုယ့္ဆီကိုအားေပးတဲ့ေဖာက္သည္တို႔အားေပးတဲ့ပရိသတ္တို႔ ဆိုတာစိတ္ခ်ရတာမဟုတ္ဘူးကိုယ့္ထက္သာတဲ့လူ၊ေတာ္တဲ့သူရွိရင္အဲဒီကို သြားၾကမွာအဲဒါေတာ့ၿမဲၿမဲမွတ္ထား။ ငါေျပာခ်င္တဲ့ ၇ခုေျမာက္ေျမပုံကဒါပဲ။ မင္းသေဘာေပါက္ဖို႔ကေတာ့အလုပ္တစ္ခုမွာသဘာရင့္ဝါရင့္တာနဲ႕ မႀကီးပြားဘူးေနာ္ေတာ္မႀကီးပြားတာကု လို႔ေပ်ာက္တဲ့ဆရာဝန္ဆီကိုပဲလူနာကသြားမွာေနာ္သဘာရင့္ဝါရင့္တယ္ဆိုၿပီးသြားမွာမဟုတ္ဘူးဒီအခ်က္ကို ၿမဲၿမဲသေဘာ ေပါက္စမ္းပါဗ်ာ

ျပန္လည္မွ်ေဝေပးသည္။ပို႔စ္မူရင္း ပိုင္ရွင္အား ေလးစားစြာျဖင့္ credit ေပးပါတယ္

Be the first to comment

Leave a Reply

Your email address will not be published.


*