လူတွေကို ကြောက်လွန်းလို့ လူသူမရှိတဲ့နေရာမှာ လာပြီး၊ မြတ်ဗုဒ္ဓဟောကြားတဲ့ ဓမ္မနဲ့အညီနေတာပါ ဆိုတဲ့ ရုရှားလူမျိုးဆရာတော် အရှင်တိလောက

လူတွေကို ကြောက်လွန်းလို့ လူသူမရှိတဲ့နေရာမှာ လာပြီး၊ မြတ်ဗုဒ္ဓဟောကြားတဲ့ ဓမ္မနဲ့အညီနေတာပါ ဆိုတဲ့ ရုရှားလူမျိုးဆရာတော် အရှင်တိလောက

“ဒီလိုလူသူမရှိတဲ့နေရာမှာ တစ်ပါးတည်း တောရပ်ဆောက်တည်နေတော့ လူဆိုးတွေ သရဲတွေကို မကြောက်ဘူးလား” တဲ့

ဦးဇင်းကဒီလိုဖြေလိုက်ပါတယ် “လူတွေကို ကြောက်လွန်းလို့ လူသူမရှိတဲ့နေရာမှာ လာပြီး၊ မြတ်ဗုဒ္ဓဟောကြားတဲ့ ဓမ္မနဲ့အညီနေတာပါ။

လူသူရှိတဲ့ မြို့ပေါ် ရပ်ပေါ်မှာဆိုရင် သူခိုးကိုကြောက်ရ၊ ဓားမြကိုကြောက်ရ၊ အရက်သမား ဘိန်းသမား ဆေးသမားတွေကိုကြောက်ရ၊ မနာလိုတဲ့လူတွေကိုကြောက်ရ၊ ဒေါသကြီးတဲ့လူတွေကိုကြောက်ရ

အို ကြောက်စရာတွေအများကြီးပေါ့၊ ဒီမှာက ဘယ်သူ့ကိုမှလည်း ကြောက်စရာမလိုဘူးလေ ဘယ်သူခိုးကိုမှလည်း ကြောက်စရာမလိုပါဘူး၊ ဘယ်သူ့မှလည်း မလာကြပါဘူး။

သရဲ တစ္ဆေဆိုတာကလည်း မေတ္တာကောင်းကောင်းပို့လိုက်ရင် သူငယ်ချင်းတောင် ဖြစ်နိုင်တာပဲလေ၊ သူခိုးဓားပြတွေ လာတိုက်ရင်လည်း ဦးဇင်းမှာ ဘာမှပိုင်ဆိုင်တာမှမရှိတာ

ဒီသပိတ်တွေ သင်္ကန်းနွမ်းတွေကို လိုချင်ရင်တော့ ဦးဇင်းပြန်စွန့်မှာပါ ” ဟူ၍ ပြုံးပြုံးလေးနဲ့ ဖြေပေးပါသော ဆရာတော် အရှင်တိလောက

ရုရှားလူမျိုးဆရာတော် တစ်ပါးဖြစ်ပါတယ်။ လက်ရှိ ရုရှားနိုင်ငံ ဒုံမတောအုပ်ထဲမှာ တစ်ပါးတည်း တောရပ်ဆောက်၍ သီတင်းသုံးနေခဲ့တာ ၁၂ နှစ်ရှိပါပြီတဲ့။

“ဆွမ်းအတွက် စားရေးသောက်ရေးတွေ ဘယ်လိုဖန်တီးလဲ? လူသူမရှိတဲ့နေရာမှာ အဆင်ကော ပြေပါ့မလား” စသည့် မေးခွန်းတွေတို့၏ အဖြေကို နောက်ဆက်ပါမည်။

Credit

လူေတြကို ေၾကာက္လြန္းလို႔ လူသူမရွိတဲ့ေနရာမွာ လာၿပီး၊ ျမတ္ဗုဒၶေဟာၾကားတဲ့ ဓမၼနဲ႕အညီေနတာပါ ဆိုတဲ့ ႐ုရွားလူမ်ိဳးဆရာေတာ္ အရွင္တိေလာက

“ဒီလိုလူသူမရွိတဲ့ေနရာမွာ တစ္ပါးတည္း ေတာရပ္ေဆာက္တည္ေနေတာ့ လူဆိုးေတြ သရဲေတြကို မေၾကာက္ဘူးလား” တဲ့

ဦးဇင္းကဒီလိုေျဖလိုက္ပါတယ္ “လူေတြကို ေၾကာက္လြန္းလို႔ လူသူမရွိတဲ့ေနရာမွာ လာၿပီး၊ ျမတ္ဗုဒၶေဟာၾကားတဲ့ ဓမၼနဲ႕အညီေနတာပါ။

လူသူရွိတဲ့ ၿမိဳ႕ေပၚ ရပ္ေပၚမွာဆိုရင္ သူခိုးကိုေၾကာက္ရ၊ ဓားျမကိုေၾကာက္ရ၊ အရက္သမား ဘိန္းသမား ေဆးသမားေတြကိုေၾကာက္ရ၊ မနာလိုတဲ့လူေတြကိုေၾကာက္ရ၊ ေဒါသႀကီးတဲ့လူေတြကိုေၾကာက္ရ

အို ေၾကာက္စရာေတြအမ်ားႀကီးေပါ့၊ ဒီမွာက ဘယ္သူ႕ကိုမွလည္း ေၾကာက္စရာမလိုဘူးေလ ဘယ္သူခိုးကိုမွလည္း ေၾကာက္စရာမလိုပါဘူး၊ ဘယ္သူ႕မွလည္း မလာၾကပါဘူး။

သရဲ တေစၦဆိုတာကလည္း ေမတၱာေကာင္းေကာင္းပို႔လိုက္ရင္ သူငယ္ခ်င္းေတာင္ ျဖစ္နိုင္တာပဲေလ၊ သူခိုးဓားျပေတြ လာတိုက္ရင္လည္း ဦးဇင္းမွာ ဘာမွပိုင္ဆိုင္တာမွမရွိတာ

ဒီသပိတ္ေတြ သကၤန္းႏြမ္းေတြကို လိုခ်င္ရင္ေတာ့ ဦးဇင္းျပန္စြန့္မွာပါ ” ဟူ၍ ၿပဳံးၿပဳံးေလးနဲ႕ ေျဖေပးပါေသာ ဆရာေတာ္ အရွင္တိေလာက

႐ုရွားလူမ်ိဳးဆရာေတာ္ တစ္ပါးျဖစ္ပါတယ္။ လက္ရွိ ႐ုရွားနိုင္ငံ ဒုံမေတာအုပ္ထဲမွာ တစ္ပါးတည္း ေတာရပ္ေဆာက္၍ သီတင္းသုံးေနခဲ့တာ ၁၂ ႏွစ္ရွိပါၿပီတဲ့။

“ဆြမ္းအတြက္ စားေရးေသာက္ေရးေတြ ဘယ္လိုဖန္တီးလဲ? လူသူမရွိတဲ့ေနရာမွာ အဆင္ေကာ ေျပပါ့မလား” စသည့္ ေမးခြန္းေတြတို႔၏ အေျဖကို ေနာက္ဆက္ပါမည္။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*