ပရိတ်သတ်များစောင့်မျှော်နေတဲ့ “ထာဝရနှောင်ကြိုး” (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer ထွက်ရှိလာပြီ(ရုပ်သံ)

ပရိတ်သတ်များစောင့်မျှော်နေတဲ့ “ထာဝရနှောင်ကြိုး” (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer ထွက်ရှိလာပြီ

ဒါရို်က်တာ ခရစ်စတီးနားခီရဲ့တတိယမြောက် ရုံတင်ဇာတ်ကားကြီးဖြစ်တဲ့ “ထာဝရနှောင်ကြိုး” (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးက မရိုက်ကူးခင်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ရရှိထားတာ ဖြစ်ပါတယ်။ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးက Romance ဇာတ်ကားတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ကားတစ်ကားပါပဲ။

ဒီနေ့မှာတော့ ပရိသတ်ကြီးအားလုံး စောင့်မျှော်နေကြတဲ့ “ထာဝရနှောင်ကြိုး” (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer ထွက်ရှိလို့လာပြီ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီး Trailer ကို မျှဝေပေးလိုက်ပါတယ်နော်။

“ထာဝရနှောင်ကြိုး” Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ခရစ်စတီးနားခီက ရိုက်ကူးပုံဖော်ထားပြီး ဇာဏ်ခီနဲ့ ပိုင်ဖြိုးသုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

“ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကတော့ Trailer နဲ့တင် ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားထားနိုင်တာ ဖြစ်ပါတယ်။ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာလ (၃၁) ရက်နေ့မှာ ရုံတင်ပြသမှာမို့ ဆက်ဆက်အားပေးကြဖို့ မမေ့နဲ့နော်။

Credit Rowena

Source: Now & Ever

Be the first to comment

Leave a Reply

Your email address will not be published.


*