ပုပ်သိုးနေတဲ့ အလောင်းကောင်အနံ့ရလို့ ရဲတိုင်လိုက်ချိန်မှ မထင်ထားတဲ့အရာ တွေ့ရှိရတဲ့အဖြစ်

ပုပ်သိုးနေတဲ့ အလောင်းကောင်အနံ့ရလို့ ရဲတိုင်လိုက်ချိန်မှ မထင်ထားတဲ့အရာ တွေ့ရှိရတဲ့အဖြစ်

ကိုယ်နေထိုင်နေတဲ့ တိုက်ခန်းဆီကိုအလုပ်ကနေပြန်လာခဲ့လို့ တစ်ခါးမှမရဖူးတဲ့အနံ့ဆိုးမျိုးရခဲ့မယ်ဆိုရင် စဉ်းစားကြည့်ပါ။ ၎င်းအနံ့ကလည်း တစ်ရက်ထက်တစ်ရက်ပိုမိုဆိုးရွားလာခဲ့ပြီး

သည်းမခံနိုင်လောက်အောင် ဘေးအခန်းကအနံ့ဖြစ်နေမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ်ရဲကို အကြောင်းကြားပြီးတိုင်တန်းမိမှာပါပဲလေ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက တိုက်ခန်းတစ်ခုမှာ

နေထိုင်သူတစ်ယောက်ဟာ ပုပ်သိုးနေတဲ့အလောင်းကောင်ကဲသို့ အနံ့မျိုးကို 3လွှာမှာရှိနေတဲ့တိုက်ခန်းဆီကနေရရှိနေခဲ့လို့ စုံစမ်းစစ်ဆေးဖို့အတွက် ရဲအရာရှိများကိုဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။

အဆိုပါအနံ့ကြောင့် ရဲအရာရှိတွေရော၊ အဆိုပါလူနေတိုက်တန်းကြီးမှာနေထိုင်နေကြသူ များကပါအနံ့အသက်ဒဏ်ခံနိုင်ဖို့အတွက် mask တပ်ထားကြကာ အဆိုပါအနံ့ထွက်နေသောတိုက်ခန်းအပြင်ဖက်မှာ

စုပြုံပြီးစောင့်ဆိုင်းနေခဲ့ကြပါတယ်။ ထို့နောက် တိုက်ခန်းတံခါးကိုဖျက်ပြီး အထဲသို့ဝင်ရောက်စစ်ဆေးခဲ့ပါတော့တယ်။အဆိုပါတိုက်ခန်းအနီးနေထိုင်နေသူတစ်ယောက်ကလည်းတိုက်ခန်းပိုင်ရှင်

ထွက်သွားတဲ့အချိန်နောက်ပိုင်းမှ အနံ့အသက်ဟာပိုမိုဆိုးရွားလာခဲ့ကြောင်းလည်းထပ်လောင်းပြောဆိုခဲ့ပါသေးတယ်။တိုက်ခန်းအတွင်းဝင်ရောက်စစ် ဆေးခဲ့ချိန်မှာတော့ ဘေစင်ထဲမှာပုပ်သိုးနေတဲ့ ဆလားဖီးယားငါး

ဆီကနေထွက်လာတဲ့အနံ့အသက်ဖြစ် ကြောင်းသိရှိခဲ့ကြပါတယ်။ တိုက်ခန်းပိုင်ရှင်က အဆိုပါငါးကို ချက်ပြုတ်ဖို့အတွက်စီစဉ်ထားခဲ့ပုံရပြီး နောက်တော့မေ့လျော့သွားခဲ့ကာ ရေခဲသေတ္တာထဲ ထည့်ခဲ့ရမယ့်အစား

ဘေစင်ထဲမှာမေ့ပြီးထားခဲ့ကာ ထွက်သွားခဲ့ပုံရကြောင်း ခန့်မှန်းခဲ့ကြပါတယ်။ ပေါ့လျော့လွန်းတဲ့ အဆိုပါတိုက်ခန်းပိုင်ရှင်ကြောင့် တိုက်ခန်းအိမ်ရာတစ်ခုလုံး ငါးပုပ်သိုးနံ့ရနေခဲ့ပြီး စိုးရိမ်ထိတ်လန့်မှုကိုဖြစ်စေခဲ့ပါတယ်။သို့ပေမဲ့လည်း အဆုံးသတ်မှာ တစ်စုံတစ်ယောက်သေဆုံးနေခဲ့တာမျိုးမဟုတ်ခဲ့တဲ့အတွက် အကုန်လုံးတော့ စိတ်သက်သာရာရရှိခဲ့ကြပါတယ်။

Credit

ပုပ္သိုးေနတဲ့ အေလာင္းေကာင္အနံ႕ရလို႔ ရဲတိုင္လိုက္ခ်ိန္မွ မထင္ထားတဲ့အရာ ေတြ႕ရွိရတဲ့အျဖစ္

ကိုယ္ေနထိုင္ေနတဲ့ တိုက္ခန္းဆီကိုအလုပ္ကေနျပန္လာခဲ့လို႔ တစ္ခါးမွမရဖူးတဲ့အနံ႕ဆိုးမ်ိဳးရခဲ့မယ္ဆိုရင္ စဥ္းစားၾကည့္ပါ။ ၎အနံ႕ကလည္း တစ္ရက္ထက္တစ္ရက္ပိုမိုဆိုး႐ြားလာခဲ့ၿပီး

သည္းမခံနိုင္ေလာက္ေအာင္ ေဘးအခန္းကအနံ႕ျဖစ္ေနမယ္ဆိုရင္ ဘယ္လိုပဲျဖစ္ျဖစ္ရဲကို အေၾကာင္းၾကားၿပီးတိုင္တန္းမိမွာပါပဲေလ။ ဒီတစ္ေခါက္မွာလည္း ထိုင္းနိုင္ငံက တိုက္ခန္းတစ္ခုမွာ

ေနထိုင္သူတစ္ေယာက္ဟာ ပုပ္သိုးေနတဲ့အေလာင္းေကာင္ကဲသို႔ အနံ႕မ်ိဳးကို 3လႊာမွာရွိေနတဲ့တိုက္ခန္းဆီကေနရရွိေနခဲ့လို႔ စုံစမ္းစစ္ေဆးဖို႔အတြက္ ရဲအရာရွိမ်ားကိုဆက္သြယ္အေၾကာင္းၾကားခဲ့ပါတယ္။

အဆိုပါအနံ႕ေၾကာင့္ ရဲအရာရွိေတြေရာ၊ အဆိုပါလူေနတိုက္တန္းႀကီးမွာေနထိုင္ေနၾကသူ မ်ားကပါအနံ႕အသက္ဒဏ္ခံနိုင္ဖို႔အတြက္ mask တပ္ထားၾကကာ အဆိုပါအနံ႕ထြက္ေနေသာတိုက္ခန္းအျပင္ဖက္မွာ

စုၿပဳံၿပီးေစာင့္ဆိုင္းေနခဲ့ၾကပါတယ္။ ထို႔ေနာက္ တိုက္ခန္းတံခါးကိုဖ်က္ၿပီး အထဲသို႔ဝင္ေရာက္စစ္ေဆးခဲ့ပါေတာ့တယ္။အဆိုပါတိုက္ခန္းအနီးေနထိုင္ေနသူတစ္ေယာက္ကလည္းတိုက္ခန္းပိုင္ရွင္

ထြက္သြားတဲ့အခ်ိန္ေနာက္ပိုင္းမွ အနံ႕အသက္ဟာပိုမိုဆိုး႐ြားလာခဲ့ေၾကာင္းလည္းထပ္ေလာင္းေျပာဆိုခဲ့ပါေသးတယ္။တိုက္ခန္းအတြင္းဝင္ေရာက္စစ္ ေဆးခဲ့ခ်ိန္မွာေတာ့ ေဘစင္ထဲမွာပုပ္သိုးေနတဲ့ ဆလားဖီးယားငါး

ဆီကေနထြက္လာတဲ့အနံ႕အသက္ျဖစ္ ေၾကာင္းသိရွိခဲ့ၾကပါတယ္။ တိုက္ခန္းပိုင္ရွင္က အဆိုပါငါးကို ခ်က္ျပဳတ္ဖို႔အတြက္စီစဥ္ထားခဲ့ပုံရၿပီး ေနာက္ေတာ့ေမ့ေလ်ာ့သြားခဲ့ကာ ေရခဲေသတၱာထဲ ထည့္ခဲ့ရမယ့္အစား

ေဘစင္ထဲမွာေမ့ၿပီးထားခဲ့ကာ ထြက္သြားခဲ့ပုံရေၾကာင္း ခန႔္မွန္းခဲ့ၾကပါတယ္။ ေပါ့ေလ်ာ့လြန္းတဲ့ အဆိုပါတိုက္ခန္းပိုင္ရွင္ေၾကာင့္ တိုက္ခန္းအိမ္ရာတစ္ခုလုံး ငါးပုပ္သိုးနံ႕ရေနခဲ့ၿပီး စိုးရိမ္ထိတ္လန႔္မႈကိုျဖစ္ေစခဲ့ပါတယ္။သို႔ေပမဲ့လည္း အဆုံးသတ္မွာ တစ္စုံတစ္ေယာက္ေသဆုံးေနခဲ့တာမ်ိဳးမဟုတ္ခဲ့တဲ့အတြက္ အကုန္လုံးေတာ့ စိတ္သက္သာရာရရွိခဲ့ၾကပါတယ္။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*