ပိုမိုဆိုးရွားလာတဲ့ ကစ်ကစ်ရဲ့ကျန်းမာရေးအခြေအနေကိုပြောပြလာတဲ့ တေးရေးမင်းကို

ပိုမိုဆိုးရွားလာတဲ့ ကစ်ကစ်ရဲ့ကျန်းမာရေးအခြေအနေကိုပြောပြလာတဲ့ တေးရေးမင်းကို

ရရှိလာတဲ့ လူ့ဘဝကြီးမှာ ကံအကြောင်းတရားကြောင့် တစ်ယောက်တည်းဘဝကို ကြိုးစားဖြတ်သန်းနေရတဲ့ဟာသသရုပ်ဆောင်ကစ်ကစ်ကတော့ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးလုနီးပါး ဝေဒနာတွေကို ခံစားနေရတာပါ။

တလောကပဲ အခြေအနေ တည်ငြိမ်နေပြီလို့ ပရိသတ်တွေ ထင်ထားကြတဲ့ ကစ်ကစ်ရဲ့ကျန်းမာရေးကတော့ အခုလက်ရှိမှာ ပိုပိုဆိုးလာတယ်လို့ သိရပါတယ်။ အဆိုပါအကြောင်းအရာတွေကိုတော့ ကစ်ကစ်ကို ကူညီနေတဲ့ တေးရေး မင်းကိုက သူ့ရဲ့လူမှုကွန်ယက်မှာ ရင်ဖွင့်ပြီး ပရိသတ်တွေကို အကူအညီတောင်းပေးထားတာပါပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် အခုလက်ရှိ ကစ်ကစ်ခံစားနေရတဲ့ ရောဂါဝေဒနာတွေနဲ့ အခက်အခဲတွေအကြောင်းကို ပြောလာတဲ့ ကစ်ကစ်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

တေးရေး မင်းကိုကတော့ “အခြေနေပိုပိုဆိုးလာတဲ့ဟာသသရုပ်ဆောင်မကစ်ကစ် ရဲ့လက်ရှိ အခြေအနေ…ဝိုင်းဝန်းကုညီပေးကြပါဦး…ကျွန်တော်လည်းအပတ်စဉ်အခမဲ့ဆေးကုခရီးစဉ်လေးတွေထွက်နေရတာမို့မကစ်ကစ်ဆီမရောက်ဖြစ်ဘူး…တနေ့ကတော့ကျွန်တော်တို့အဖွ့ဲတွေဒေါက်တာအောင်ကိုမြင့်နဲ့အတူသွားကြည့်ပေးခဲ့ကြတယ်…

အပတ်စဉ်တပတ်ကိုနှစ်ကြိမ်ကျောက်ကပ်ဆေးနေရာမှတပတ်ကိုသုံးကြိမ်ကျောက်ကပ်ဆေးလာရတာနှစ်လနီးပါရှိပြီဖြစ်ပြီး..တနေ့ကိုအောက်စီဂျင်ငါးလုံးပေးနေရတာကသုံးလရှိနေပါပြီ…ညီမလေးခင်သဇင်က လစဉ်ကျောက် ကပ်ဆေးပေးမယ့်အလှူရှင်ရှာထားပေးပေမယ့်စားဝတ်နေရေးအတွက်ခက်ခဲလျက်ရှိနေပါတယ်.

မျက်စိတဖက်ကလည်းတဖြည်းဖြည်းကွယ်လာပြီဖြစ်လို့အစ်မကိုမျက်စိကုပေးမယ့်အလှူရှင်လေးရှာပေးပါမောင်လေးရယ်လို့ရင်ဖွင့်လာပါတယ်…ပြီးတော့ ရှမ်းပြည်ကဆေးကုအစွမ်းထက်တဲ့ ဆရာတော်တပါးဆီပို့ပေးဖို့တောင်းဆိုနေတာကိုလက်ရှိကျန်းမာရေးအခြေအနေအရ အမြဲလို လို အမောဖောက် လျက်ရှိနေတာမို့ လမ်းခရီးမှာတခုခုဖြစ်မှာစိုးလို့ပို့ပေးဖို့ ကိုမဝံ့မရဲြ ဖစ်မိပါတယ်…အရေးပေါ်အသည်းအသန်ဖြစ်ပြီဆိုကတည်းက ကျောက်ကပ်လဲပေးဖို့ထိ ကျွန်တော်စီစဉ်ထားခဲ့ပါတယ်…

ကျောက်ကပ်အလှူရှင်စာရင်းကျွန်တော်မှာများစွာရှိပြီးကျောက်ကပ်လဲမယ့်ကုန်ကျစရိတ်ကိုတာဝန်ယူပေးမယ့်သူဌေးတွေကလည်းရှိပါတယ်..ဒါပေမယ့်အခြေနေကပိုပိုဆိုးလာနေတာမို့အကောင်ထည်မဖော်ပေးနိုင်ခဲ့ပါဘူး…

ကျွန်တော့်ထံအားကိုးတကြီးရင်ဖွင့်တတ်တာမို့အခုလည်းရှမ်းပြည်ကဘုန်းကြီးဆီပို့ပေးဖို့တောင်းဆိုနေတာကိုပို့ပေးသင့်မပို့ပေးသင့်ဝိုင်းဝန်းအကြံပေးကြပါဦးခင်ဗျ…လူနာတယောက်ရဲ့ဆန္ဒကို လိုက်လျောပေးရမှာလားဆိုတာချီတုံချတုံဖြစ်မိပါတယ်…စားဝတ်နေရေးခက်ခဲနေတဲ့မကစ်ကစ်ကို လှူဒါန်းလိုပါက မကစ်ကစ် ဖုန်း 09799894140 ကိုဖုန်းဆက်ပြီးလှူဒါန်းနိုင်ပါတယ်ခင်ဗျ… ဒီနေ့ကျောက်ကပ်ဆေးဖို့အတွက်ငွေကြေးအခက်ခဲရှိနေတယ်လို့လည်းလှမ်းပြောပါတယ်…

ကျွန်တော်ကကျန်းမာရေးစောင့်ရှောက်မှုနဲ့ကယ်ဆယ်ရေးတွေမရောက်ခဲ့တဲ့ရေဘေးသင့်မွန်ပြည်နယ်အတ္ထရံမြစ်ဘေးကရွာလေးတွေမှာအခမဲ့ဆေးလိုက်ကုပေးနေတာမို့မကစ်ကစ်ကိုဝိုင်းဝန်ကူညီပေးကြပါဦးခင်ဗျ….တေးရေးမင်းကို ( ခ) မင်းခေတ်မင်း အနုပညာသစ်ပြတိုက်ဖောင်ဒေရှင်း 7.9.2019″ ဆိုပြီး ကစ်ကစ်ရဲ့ကျန်းမာရေးအတွက် ပရိသတ်တွေဆီက အကူအညီတောင်းခဲ့ တာပါ။

ချစ်ပရိသတ်တွေလည်း သရုပ်ဆောင် ကစ်ကစ်တစ်ယောက် သေသေချာချာကူညီပေးနိုင်တဲ့ အလှူရှင်နဲ့တွေ့ပြီး၊ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Myint Myat

Source;Minn Ko’s Facebook, Reference& Credit:momolay.com

Zawgyi





တေးရေး မင်းကိုကတော့ “အခြေနေပိုပိုဆိုးလာတဲ့ဟာသသရုပ်ဆောင်မကစ်ကစ် ရဲ့လက်ရှိ အခြေအနေ…ဝိုင်းဝန်းကုညီပေးကြပါဦး…ကျွန်တော်လည်းအပတ်စဉ်အခမဲ့ဆေးကုခရီးစဉ်လေးတွေထွက်နေရတာမို့မကစ်ကစ်ဆီမရောက်ဖြစ်ဘူး…တနေ့ကတော့ကျွန်တော်တို့အဖွဲ့တွေဒေါက်တာအောင်ကိုမြင့်နဲ့အတူသွားကြည့်ပေးခဲ့ကြတယ်…


မျက်စိတဖက်ကလည်းတဖြည်းဖြည်းကွယ်လာပြီဖြစ်လို့အစ်မကိုမျက်စိကုပေးမယ့်အလှူရှင်လေးရှာပေးပါမောင်လေးရယ်လို့ရင်ဖွင့်လာပါတယ်…ပြီးတော့ ရှမ်းပြည်ကဆေးကုအစွမ်းထက်တဲ့ ဆရာတော်တပါးဆီပို့ပေးဖို့တောင်းဆိုနေတာကိုလက်ရှိကျန်းမာရေးအခြေအနေအရ အမြဲလို လို အမောဖောက် လျက်ရှိနေတာမို့ လမ်းခရီးမှာတခုခုဖြစ်မှာစိုးလို့ပို့ပေးဖို့ ကိုမဝံ့မရြဲ ဖစ်မိပါတယ်…အရေးပေါ်အသည်းအသန်ဖြစ်ပြီဆိုကတည်းက ကျောက်ကပ်လဲပေးဖို့ထိ ကျွန်တော်စီစဉ်ထားခဲ့ပါတယ်…





Myint Myat


Be the first to comment

Leave a Reply

Your email address will not be published.


*