credit – momolay
Unicode
Myanmar Idol Season 4 ပြိုင်ပွဲ မှာ အနုပညာ ကိုဦးစားပေးပြီး Vote ပေးကြဖို့ပြောလိုက်တဲ့ ဦးအောင်ကိုလတ်
မြန်မာနိုင်ငံရဲ့ ပရိသတ်ကြားမှာအလွန်ကို အောင်မြင်နေတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Myanmar Idol ပြိုင်ပွဲကြီးဟာဆိုရင် လက်ရှိမှာ Season 4 အထိတောင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။အဆိုပါအစီအစဉ်တစ်လျှောက်မှာပရိသတ်တွေရဲ့ဝေဖန်သံတွေ အားပေးသံတွေကို တစ်ခဲနက်ကြားနေရပြီး
လက်ရှိ Season အထိတောင် ကြိုးစားပြီးလျှောက်လှမ်းနိုင်ခဲ့ တာဖြစ်ပါတယ်။ယခု စက်တင်ဘာလ (၆)ရက်နေ့ကနေစတင်ကျင်းပနေပြီဖြစ်တဲ့ Myanmar Idol (Season 4)မှာတော့ မြန်မာပြည်သိန်းတန်အစား ဦးအောင်ကိုလတ်က ဒိုင်တစ်ယောက်အဖြစ်ပါဝင် ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။
ဒါကြောင့် သူပါဝင် ဆုံးဖြတ်ပေးရမယ့် ပြိုင်ပွဲရဲ့ အကြောင်းတွေကို “ ၆ရက်နေ့ကစပြီး ကြည့်ကြည့်လိုက်ပါ ။ နည်းနည်းတော့ကြမ်းတယ်။ဘာလို့လဲဆိုတော့ ဇကာကြီးကပိုပြီး စစ်စစ်သွားတယ် ဘာလို့လဲ ဆိုတော့ ကောင်းချင်တာကိုးအကောင်းဆုံးတစ်ယောက်ထွက်ချင်တာကိုးမိန်းကလေးတွေလဲ အရမ်းကောင်းတယ် ။အရမ်းကိုမိုက်တယ်တစ်ချို့ဟာတွေဆိုရင်သူတို့ ဆိုတာကို ကြည့်ပြီး ကိုယ်တွေတောင်မျက်ရည်ကြတယ်။ပြိုင်ဖူးတဲ့သူတွေကတော့ ပါတယ်တစ်ချို့ပြိုင်ပွဲတွေမှာပြိုင်ဖူးတယ် ဘယ်လောက်ပြိုင်ဖူးပြိုင်ဖူး နောက်ဆုံးက ပွိုင့် ဘဲ ။တစ်ချို့ကလဲ တော်တယ် ……တော်တယ် …..တော်တယ် တစ်ချက်မှားသွားရင် သွားရော အပြင်မှာ တစ်ကယ့်အဆိုေ တာ်ကြီး တွေ လဲ မှားတက်တာဘဲလေ ပြိုင်ပွဲဆိုတော့ အဲ့မှာသွားရော”
“ ဝေဖန်ချင်တာလဲ ဝေဖန် Vote ချင်လဲ Vote မvote ချင်လဲနေ ပေါ့ဒိုင်တစ်ယောက်အနေနဲ့မျှော်လင့်တာကတော့ အကောင်းဆုံးသားသမီးတစ်ယောက်ကိုမွေးထုတ်ပေးဖို့လိုတာပါ။ကျွန်တော်တို့မြန်မာနိုင်ငံရဲ့တကယ့်ကိုဘက်စုံတော်တဲ့ vocalistတစ်ယောက်ကို ရွေးထုတ်ပေးဖို့ပါဘဲ။မြန်မာအိုင်ဒေါက ရွေးနိုင်မယ်လို့ထင်ပါတယ်။voting System ကတော့ ကြင်နာမှုတွေ၊ခင်တွယ်မှုတွေ၊သံယောဇဉ်တွယ်တာ တွေ၊သနားတာတွေပေါ့နော်ဂရုဏာရသတွေပါတယ်။အာ့ကိုလဲ သဘောကြပါတယ်။ပေးကြပါဒါပေမယ့်အနုပညာကိုလဲ ဦးစားပေးပါလို့ ပြောချင်ပါတယ်” လို့ ဆိုပြီး ပြောပြခဲ့ပါတယ်။
ကိုအောင်ကိုလတ် ဆိုကာဟာ ပရိုဂျူဆာ၊ ဒါရိုက်တာ၊ အယ်ဒီတာ၊ lead guitarist၊ ဂီတမှူး၊ သီချင်းဖန်တီးသူ/ရေးစပ် သီဆိုသူ စတဲ့ ဂုဏ်ပုဒ်တွေနဲ့လူသိများကျော်ကြားလှတဲ့ အနုပညာရှင်တစ်ယောက်ပါ။သူကအနုပညာနယ်ပယ်အစုံမှာ ထူးချွန်သလို သူ့ရဲ့သီချင်းတွေလဲ များစွာအောင်မြင်မှုတွေ ရရှိခဲ့သူတစ်ယောက်ပါ။သူ့လိုလူတစ်ယောက်က ဒိုင်အဖြစ်နဲ့ ပါဝင်မှာ ဖြစ်တဲ့ Myanmar Idol (Season 4) ပြိုင်ပွဲကြီးကတော့ အရမ်းကို စိတ်ဝင်စားစရာကောင်းနေပါတယ်။
ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
credit – momolay
Be the first to comment
Leave a Reply
Your email address will not be published.
*