အမှီအခိုကင်းပြီး ထက်မြက်တဲ့ မိန်းမတွေမှာသာ တွေ့နိုင်တဲ့ အရည်အချင်း (၆)မျိုး
(၅) အချိန်မဖြုန်းဘူး
Credit – MAY THAZINHTOO
Unicode
ကိုယ်တိုင်ရှာတဲ့ဝင်ငွေရှိတဲ့၊အလုပ်တွေကိုအောင်မြင်အောင်လုပ်နိုင်တဲ့အမျိုးသမီးတစ်ယောက်ကိုထက်မြက်တဲ့အမျိုးသမီးလို့ပြောလို့ရပြီလားမသိပေမယ့်အခုဖော်ပြတဲ့ အချက်တွေနဲ့သာပြည့်စုံနေရင်တော့တကယ်ကို လွတ်လပ်တဲ့၊အမှီအခိုကင်းပြီးထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်လို့သတ်မှတ်ရမှာပါ။
(၁) အချစ်ရေးနဲ့ပတ်သက်လို့ကိုယ့်ကိုယ်ကိုချုပ်နှောင်ထားတာမျိုးမရှိဘူး
တစ်ယောက်ယောက်ကိုချစ်မိသွားမှာကြောက်နေတာမျိုး၊ချစ်မိလို့ရှုံးမှာစိုးရိမ်နေတာမျိုး၊ အချစ်ကြောင့်အသည်းကွဲမှာကြောက်နေတာမျိုးမရှိဘူး။ရဲရဲဝံ့ဝံ့ချစ်တယ်၊အချစ်ကိုပြည့်ပြည့်ဝဝခံစားတယ်။ဒါ့အပြင်တစ်ယောက်ယောက်ကိုချစ်မိလို့ကိုယ့်ကိုယ်ကိုပျောက်ဆုံးပြီးသွားလည်းအချစ်၊စားလည်းအချစ်၊အချစ်ကိုရှေ့တန်းတင်လွန်းတာမျိုး၊ကိုယ့်ကိုယ်ကိုချုပ်နှောင်ထားတာမျိုးမလုပ်တတ်ဘူး။
(၂) အမှားကနေသင်ခန်းစာယူတတ်တယ်
လူတိုင်းမှားတတ်တာကြောင့်ကိုယ်လည်း အမှားမကင်းဘူးဆိုတာကိုနားလည်တယ်။ အမှားလုပ်မိလို့နောင်တမရတတ်ဘူး။ အမှားကနေသင်ခန်းစာယူပြီးကိုယ့်ကိုယ်ကိုပြုပြင်တယ်။အကောင်းဆုံးဖြစ်အောင်ကြိုးစားတယ်။
(၃) ဘာအကြောင်းနဲ့မှပြိုလဲမသွားဘူး
အခက်အခဲတွေကြုံလာတဲ့အခါ၊အရှုံးတွေနဲ့ကြုံလာတဲ့အခါ ပြန်ကြိုးစားဖို့အားယူနေတာပဲရှိတယ်၊တစ်ခါတည်းပြိုလဲသွားတယ်ဆိုတာမျိုးမရှိဘူး။
(၄) ကိုယ့်ကိုယ်ကိုမှာရင်းနှီးမြှုပ်နှံတယ်
ကိုယ့််ရဲ့ကျန်းမာရေး၊ပညာရေး၊အလုပ်အကိုင်၊စီးပွားရေးစတာတွေအတွက် ရင်းနှီးမြှုပ်နှံတယ်။ကိုယ့်ကိုယ်ကိုလှပအောင်နေတယ်၊ ပိုတော်လာအောင် ကြိုးစားတယ်၊ကိုယ့်ကိုယ်ကိုအတွက်ပဲရင်းနှီးမြှုပ်နှံတယ်။
(၅) အချိန်မဖြုန်းဘူး
ကိုယ့်အတွက်အကျိုးမရှိတဲ့အရာအတွက် အချိန်ကုန်မခံဘူး၊ကိုယ့်အပေါ်မကောင်းတဲ့သူအတွက်မခံစားဘူး၊အချိန်ကုန်ခံပြီးမခံစားဘူး၊ဆွဲထားတာမျိုးတွေမလုပ်ဘူး။
(၆) ကိုယ့်အခြေအနေကိုယ်ကျေနပ်မှုရှိတယ်
တစ်ယောက်တည်း single ပဲဖြစ်ဖြစ်၊ ချစ်သူရှိနေတာပဲဖြစ်ဖြစ်၊အိမ်ထောင်ရှိနေတာပဲဖြစ်ဖြစ်ဒီအခြေအနေအတွက်မကျေမနပ်ဖြစ်တာတွေမရှိဘူး။လက်ရှိရောက်နေတဲ့ ဘဝအတွက် ကျေနပ်တယ်၊ ပျော်ရွှင်တယ်၊ ဖြစ်လာတဲ့အခက်အခဲတွေ၊ ကြုံတွေ့ရတာတွေကိုညည်းညူနေတာမျိုးမရှိဘူး။
Credit – MAY THAZINHTOO
Be the first to comment
Leave a Reply
Your email address will not be published.
*