သမီးလိုခ်င္လို႔ကေလးဆက္တိုက္ယူရာမွ ၁၀ေယာက္ဆက္တိုက္ သား ေမြးၿပီး ၁၁ ဦးေျမာက္မွာသမီးေလးေမြးႏိုင္ခဲ့

သမီးလိုခ်င္လို႔ကေလးဆက္တိုက္ယူရာမွ ၁၀ေယာက္ဆက္တိုက္ သား ေမြးၿပီး ၁၁ ဦးေျမာက္မွာသမီးေလးေမြးႏိုင္ခဲ့

မိိခင္ေတြရဲ႕ ေလာဘဟာ ခ်စ္စရာ သိပ္ေကာင္းပါတယ္။ တစ္ခ်ဳိ႕ မိခင္ေတြရဲ႕ ေလာဘက ေငြေႀကး မဟုတ္ဘဲနဲ႔ ကေလးေလာဘ ျဖစ္လုိ႔ပါ။ အခ်ဳိ႕ အမ်ဳိးသမီးေတြက ကေလးေတြကုိ ဖ်က္ခ်ႀကတဲ့ အခ်ိန္မွာ အမ်ဳိးသမီး တစ္ဦး ကေတာ့ ကေလး (၁၁) ေယာက္ ယူခဲ့ပါတယ္။

အဂၤလန္ႏုိင္ငံက၊ အလက္စစ္ ဘရက္ (Alexis Brett) ကေတာ့ သမီးေလး မေမြးမခ်င္း ကေလးထပ္ယူမယ္လုိ႔ ေလာဘတတ္ခဲ့ၿပီး အခုေတာ့ ဆႏၵျပည့္၀ခဲ့ရပါၿပီ။Ladbible သတင္းက အလက္စစ္ဟာ သားေလးေတြခ်ည္းေမြးၿပီး သမီးေလး လုိခ်င္တဲ့အတြက္ေႀကာင့္ ကေလး ထပ္ယူခဲ့တာ (၁၀) ေယာက္ဆက္ သားေလးေတြသာ ျဖစ္ခဲ့ေပမဲ့လည္း (၁၁) ေယာက္ေျမာက္မွာ သမီးေလးကုိ ဖြားျမင္ခဲ့တယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။

သူက သမီးေလး ေမြးဖြားၿပီးေနာက္၊ ကေလးထပ္ယူေတာ့မွာ မဟုတ္ဘူးလုိ႔ ဆုိသြားခဲ့ၿပီး လက္ရွိမွာေတာ့ ကေလး (၁၁) ဦးနဲ႔ မိသားစု ႀကီးႀကီးတစ္ခုကို ပုိင္ဆုိင္သြားပါတယ္။အလက္စစ္ဟာ သမီးရဲ႕ နာမည္ကုိ ကာမရြန္ (Cameron) လုိ႔ နာမည္ေပးၿပီး သမီးေလး ေမြးလာမယ္လုိ႔ေတာင္ မထင္ထားေႀကာင္း၊ ေမြးလာလုိ႔ အလြန္ ေပ်ာ္ေႀကာင္း ေျပာခဲ့ပါတယ္။

သူမက “ကြ်န္မ အလြန္ ေပ်ာ္သြားတာပဲ။ သားေလး ေမြးတယ္လုိ႔ပဲ ႀကားရမယ္လုိ႔ ထင္ခဲ့တာ။ ဒါေပမဲ့ သမီးေလးပါလုိ႔ ႀကားရတဲ့ အခါ ကြ်န္မရဲ႕မ်က္ႏွာက ပန္းခ်ီကား တစ္ခ်ပ္လုိ႔ ျဖစ္ေနမွာပါ။ အံ့အားသင့္သြားခဲ့ေပမဲ့ အလြန္ ေပ်ာ္ပါတယ္”လုိ႔ ဆုိပါတယ္။

သမီးေလး ကာမရြန္ဟာ လက္ရွိအခ်ိန္မွာ ရက္သတၱပတ္အရြယ္သာ ရွိေသးၿပီး အသက္ (၂) ႏွစ္ကေန အသက္ (၁၇) ႏွစ္အရြယ္ႀကားမွာ ရွိတဲ့ သူ႔အစ္ကုိေတြက သူ႔ကုိ အလြန္ ခ်စ္ႀကပါတယ္။ မီးရထားေမာင္း၊ ဖခင္ျဖစ္တဲ့ သူ အသက္ (၄၃) ႏွစ္အရြယ္ ေဒးဗစ္က “ကြ်န္ေတာ့္ရဲ႕ သားေတြက သူတုိ႔ရဲ႕ ညီမေလး ႏုိးမွာ စုိးလုိ႔၊ တိတ္တိတ္ေန ႀကသလုိ၊ သမီးေလးကုိ အလြန္ ခ်စ္ခင္ႀကပါတယ္”လုိ႔ ladbible သတင္းမွာ ေျပာဆုိခဲ့ပါတယ္။

Credit Ko Khant ( D Nae Khit Media )

Unicode

သမီးလိုချင်လို့ကလေးဆက်တိုက်ယူရာမှ ၁၀ယောက်ဆက်တိုက် သား မွေးပြီး ၁၁ ဦးမြောက်မှာသမီးလေးမွေးနိုင်ခဲ့

မိခင်တွေရဲ့ လောဘဟာ ချစ်စရာ သိပ်ကောင်းပါတယ်။ တစ်ချို့ မိခင်တွေရဲ့ လောဘက ငွေကြေး မဟုတ်ဘဲနဲ့ ကလေးလောဘ ဖြစ်လို့ပါ။ အချို့ အမျိုးသမီးတွေက ကလေးတွေကို ဖျက်ချကြတဲ့ အချိန်မှာ အမျိုးသမီး တစ်ဦး ကတော့ ကလေး (၁၁) ယောက် ယူခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံက၊ အလက်စစ် ဘရက် (Alexis Brett) ကတော့ သမီးလေး မမွေးမချင်း ကလေးထပ်ယူမယ်လို့ လောဘတတ်ခဲ့ပြီး အခုတော့ ဆန္ဒပြည့်ဝခဲ့ရပါပြီ။Ladbible သတင်းက အလက်စစ်ဟာ သားလေးတွေချည်းမွေးပြီး သမီးလေး လိုချင်တဲ့အတွက်ကြောင့် ကလေး ထပ်ယူခဲ့တာ (၁၀) ယောက်ဆက် သားလေးတွေသာ ဖြစ်ခဲ့ပေမဲ့လည်း (၁၁) ယောက်မြောက်မှာ သမီးလေးကို ဖွားမြင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

သူက သမီးလေး မွေးဖွားပြီးနောက်၊ ကလေးထပ်ယူတော့မှာ မဟုတ်ဘူးလို့ ဆိုသွားခဲ့ပြီး လက်ရှိမှာတော့ ကလေး (၁၁) ဦးနဲ့ မိသားစု ကြီးကြီးတစ်ခုကို ပိုင်ဆိုင်သွားပါတယ်။အလက်စစ်ဟာ သမီးရဲ့ နာမည်ကို ကာမရွန် (Cameron) လို့ နာမည်ပေးပြီး သမီးလေး မွေးလာမယ်လို့တောင် မထင်ထားကြောင်း၊ မွေးလာလို့ အလွန် ပျော်ကြောင်း ပြောခဲ့ပါတယ်။

သူမက “ကျွန်မ အလွန် ပျော်သွားတာပဲ။ သားလေး မွေးတယ်လို့ပဲ ကြားရမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ သမီးလေးပါလို့ ကြားရတဲ့ အခါ ကျွန်မရဲ့မျက်နှာက ပန်းချီကား တစ်ချပ်လို့ ဖြစ်နေမှာပါ။ အံ့အားသင့်သွားခဲ့ပေမဲ့ အလွန် ပျော်ပါတယ်”လို့ ဆိုပါတယ်။

သမီးလေး ကာမရွန်ဟာ လက်ရှိအချိန်မှာ ရက်သတ္တပတ်အရွယ်သာ ရှိသေးပြီး အသက် (၂) နှစ်ကနေ အသက် (၁၇) နှစ်အရွယ်ကြားမှာ ရှိတဲ့ သူ့အစ်ကိုတွေက သူ့ကို အလွန် ချစ်ကြပါတယ်။ မီးရထားမောင်း၊ ဖခင်ဖြစ်တဲ့ သူ အသက် (၄၃) နှစ်အရွယ် ဒေးဗစ်က “ကျွန်တော့်ရဲ့ သားတွေက သူတို့ရဲ့ ညီမလေး နိုးမှာ စိုးလို့၊ တိတ်တိတ်နေ ကြသလို၊ သမီးလေးကို အလွန် ချစ်ခင်ကြပါတယ်”လို့ ladbible သတင်းမှာ ပြောဆိုခဲ့ပါတယ်။

Credit Ko Khant ( D Nae Khit Media )

Be the first to comment

Leave a Reply

Your email address will not be published.


*