






Source;nay chi oo

Crd;momolay

Unicode

“ပိုက်ဆံ ရတိုင်းအလုပ် လုပ်ရအောင် သူက ပိုက်ဆံ လိုနေတဲ့သူမဟုတ်ဘူး”လို့ ပေါက်ကွဲ လိုက်တဲ့ နေခြည်ဦး

ချောမောလှပပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားတတဲ့ Beauty Blogger နေခြည်ဦး ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမရဲ့ ချစ်စရာအမူအယာလေးတွေနဲ့ စကားပြောရင် ဆွဲဆောင်မှုရှိရှိ ပြောတတ်တာကြောင့် သူမကို ချစ်တဲ့
ပရိသတ်အခိုင်အမာရရှိထားသူလေးပဲဖြစ်ပါတယ်။ နေခြည်ဦးက ခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီး ၇ ကား ကို ရိုက်ကူး ထားတဲ့ သရုပ်ဆောင် မင်းသမီးလေးဆိုလည်း မမှားပါဘူး ။ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် သရုပ်ဆောင် နေခြည်ဦး ပေါက်ကွဲပြီး ပြောထားတဲ့ အကြောင်းဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ဦးက မြန်မာနိုင်ငံရဲ့ Hot အဖြစ်ဆုံးမင်းသမီးတွေထဲက တစ်ဦး ဆိုလည်းမမှားပါဘူး ။ သူမက အရမ်းခေတ်ဆန်တဲ့ဖက်ရှင်တွေနဲ့ နာမည်ကြီး သူလေးပါ။

နေခြည်ဦးက 7th Sense Creation မှ ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကား နှစ်ကား ဖြစ်တဲ့ ဧည့်သည်၊ အခမ်းနားဆုံးမေတ္တာ တို့ကို ရိုက်ကူးထားပြီးပြီ ပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး နေခြည်ဦးက 7th Sense Creation နဲ့ ပူးပေါင်းပြီး အနုပညာလှုပ်ရှားမှု များစွာလုပ်သွားဖို့ ရှိကြောင်းသိရပါတယ်။လက်ရှိမှာ အိပ်မက်တွေမိုးထားတဲ့ အိမ်ရုပ်သံဇာတ်လမ်းတွဲကို မိုရီဆာကီဝင်းတို့နဲ့အတူရိုက်ကူးနေတာဖြစ်သလို သရုပ်ဆောင် ဒေါင်းနဲ့လည်း ရိုက်ကူးရေး လုပ်နေတာပါ။

ဒီတစ်ခါမှာတော့ နေခြည်ဦး က ” ပိုက်ဆံရမှ ကြော်ငြာရအောင်ပိုက်ဆံလိုနေတာလဲ မဟုတ်။ပိုက်ဆံပေးတိုင်း ကြော်ငြာပေးရအောင်လဲ Billboardလဲ မဟုတ် ။Personal branding ကို ကြိုးကြိုးစားစားလုပ်နေတဲ့လူငယ်လေးတစ်ယောက်ပါကွာအရာရာကို ငွေနဲ့ တန်ဖိုးမဖြတ်စေချင်ဘူး” ဆိုပြီး ပြောထားပါတယ်။

နေခြည်ဦး ပေါက်ကွဲပြီး ပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source;nay chi oo

Crd;momolay

Be the first to comment

Leave a Reply

Your email address will not be published.


*